လီဗာပူးဂန္တဝင်ကြီး ဆာကင်နီ ဒဲလ်ဂလစ်က မကြာခင်မှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ချိန်ဘာလိန်၊ မီနာမီနိုတို့ ပွဲကစားခွင့်တွေ ရလာမယ်လို့ မျှော်လင့်နေပါတယ်။

မီနာမီနိုနဲ့ ချိန်ဘာလိန်အပြင် လူငယ်ကြယ်ပွင့် ကာတစ်ဂျုံးတို့ဟာ အရန်လူစာရင်းကနေ အသင်းလိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေဖို့ ပွဲကစားခွင့်တွေ ရဖို့ လိုအပ်နေတာပါ။ ပရီးမီးယားလိဂ်မှာ တောင့်တင်းတဲ့ လူစာရင်းကိုပဲ ထုတ်ရမယ့် အနေအထားကြောင့် အက်ဖ်အေပွဲအဖြစ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ချိန်မှာ သူတို့တွေ ပွဲကစားခွင့်ရဖို့ ကင်နီက မျှော်လင့်နေတာဖြစ်တယ်။

ရာသီကြိုမှာ အကောင်းဆုံး ပါဝင်နိုင်ခဲ့ပေမယ့် ပုံမှန် ပွဲကစားခွင့် မရသလို ခြေစွမ်း မတည်ငြိမ်တဲ့ မီနာမီနိုနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ပွဲထိတွေ့ခွင့်တွေ လိုအပ်နေတဲ့ ချိန်ဘာလိန်တို့ကို ကွင်းတွင်းမှာ မြင်တွေ့ရဖို့ ပရိသတ်တွေဘက်ကလည်း မျှော်လင့်နေပါတယ်။

ဆာကင်နီက “ လာမယ့် အိုထရတ်ဖိုဒ့်နဲ့ပွဲမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မြင်ဖို့က စိတ်ဝင်စားစရာပါပဲ။ ပွဲကစားဖို့လိုနေတဲ့ ကောင်လေးတွေ ပါဝင်ကစားလာတာ မြင်ရမယ်လို့ ထင်ပါတယ်။

မီလ်နာ၊ ချိန်ဘာလိန်၊ ကာတစ်ဂျုံးတို့လို ပွဲကစားခွင့်တွေ မရကြတဲ့ ကောင်လေးတွေ ပွဲထွက်ခွင့် ရသွားကြဖို့ လိုပါတယ်။ မီနာမီနိုလည်း ပွဲကစားခွင့် ရဖို့လိုတယ်။ ဒီတော့ တောင့်တင်းတဲ့ အသင်းနဲ့ ပွဲထွက်မှာဖြစ်ပါတယ်။ ဗဟိုခံစစ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာ မြင်ရဖို့ကတော့ စိတ်ဝင်စားစရာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် နိုင်ပွဲပျောက်နေတာဖြစ်ကာ ကြားရက်မှာ ဘန်လေနဲ့ ယှဉ်ပြိုင်ရပါမယ်။ အဆိုပါ ပွဲအပြီး သီတင်းပတ်အကုန်မှာ ယူနိုက်တက်နဲ့ အက်ဖ်အေပွဲ ကစားရမှာဖြစ်ကာ ရလဒ်ကောင်းတွေ ဆက်တိုက် ပြန်ရလာဖို့ အားလုံးက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဆာကင္နီ ဒဲလ္ဂလစ္က မၾကာခင္မွာ လီဗာပူးကစားသမားေတြျဖစ္တဲ့ ခ်ိန္ဘာလိန္၊ မီနာမီႏိုတို႔ ပြဲကစားခြင့္ေတြ ရလာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မီနာမီႏိုနဲ႔ ခ်ိန္ဘာလိန္အျပင္ လူငယ္ၾကယ္ပြင့္ ကာတစ္ဂ်ံဳးတို႔ဟာ အရန္လူစာရင္းကေန အသင္းလိုအပ္ခ်ိန္တိုင္း အဆင္သင့္ျဖစ္ေနဖို႔ ပြဲကစားခြင့္ေတြ ရဖို႔ လိုအပ္ေနတာပါ။ ပရီးမီးယားလိဂ္မွာ ေတာင့္တင္းတဲ့ လူစာရင္းကိုပဲ ထုတ္ရမယ့္ အေနအထားေၾကာင့္ အက္ဖ္ေအပြဲအျဖစ္ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ခ်ိန္မွာ သူတို႔ေတြ ပြဲကစားခြင့္ရဖို႔ ကင္နီက ေမွ်ာ္လင့္ေနတာျဖစ္တယ္။

ရာသီၾကိဳမွာ အေကာင္းဆံုး ပါဝင္ႏုိင္ခဲ့ေပမယ့္ ပံုမွန္ ပြဲကစားခြင့္ မရသလို ေျခစြမ္း မတည္ျငိမ္တဲ့ မီနာမီႏိုနဲ႔ ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ ပြဲထိေတြ႔ခြင့္ေတြ လိုအပ္ေနတဲ့ ခ်ိန္ဘာလိန္တို႔ကို ကြင္းတြင္းမွာ ျမင္ေတြ႔ရဖို႔ ပရိသတ္ေတြဘက္ကလည္း ေမွ်ာ္လင့္ေနပါတယ္။

ဆာကင္နီက “ လာမယ့္ အိုထရတ္ဖိုဒ့္နဲ႔ပြဲမွာ ဘာေတြျဖစ္လာမယ္ဆိုတာ ျမင္ဖို႔က စိတ္ဝင္စားစရာပါပဲ။ ပြဲကစားဖို႔လိုေနတဲ့ ေကာင္ေလးေတြ ပါဝင္ကစားလာတာ ျမင္ရမယ္လို႔ ထင္ပါတယ္။

မီလ္နာ၊ ခ်ိန္ဘာလိန္၊ ကာတစ္ဂ်ံဳးတို႔လို ပြဲကစားခြင့္ေတြ မရၾကတဲ့ ေကာင္ေလးေတြ ပြဲထြက္ခြင့္ ရသြားၾကဖို႔ လိုပါတယ္။ မီနာမီႏိုလည္း ပြဲကစားခြင့္ ရဖို႔လိုတယ္။ ဒီေတာ့ ေတာင့္တင္းတဲ့ အသင္းနဲ႔ ပြဲထြက္မွာျဖစ္ပါတယ္။ ဗဟိုခံစစ္ကိစၥ ဘယ္လိုလုပ္မယ္ဆိုတာ ျမင္ရဖို႔ကေတာ့ စိတ္ဝင္စားစရာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ေနတာျဖစ္ကာ ၾကားရက္မွာ ဘန္ေလနဲ႔ ယွဥ္ျပိဳင္ရပါမယ္။ အဆိုပါ ပြဲအျပီး သီတင္းပတ္အကုန္မွာ ယူႏုိက္တက္နဲ႔ အက္ဖ္ေအပြဲ ကစားရမွာျဖစ္ကာ ရလဒ္ေကာင္းေတြ ဆက္တိုက္ ျပန္ရလာဖို႔ အားလံုးက ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။