လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ လက်ရှိ လီဗာပူးရဲ့ တိုက်စစ်မှူး အီဂျစ်သား မိုဆာလက်ဟာ အသင်း အတွက် အားစိုက် အားထုတ်မှုမျိုး မလုပ်တော့ဘဲ အလွန်ကို တကိုယ်ကောင်း ဆန်နေပြီလို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဆာလက်ရဲ့ တကိုယ်ကောင်းဆန်မှုတွေက အလွန်အကျွံ ဖြစ်နေပြီး ကလော့ပ်အတွက် ပြသနာကြီးကို ဖြစ်နေပြီလို့ အိုဝင်က ယူနိုက်တက်နဲ့ သရေပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ဒီတလောမှာ တိုက်စစ်က ဂိုးရဖို့ အတော် ရုန်းကန်နေရပါတယ်။

၂၀၀၅ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် သုံးပွဲဆက် သွင်းဂိုးတွေ ပျောက်ဆုံးနေတာ ဖြစ်ပြီး အထူးသဖြင့် တိုက်စစ်သမားတွေက ပြိုင်ဘက် ဂိုးဧရိယာထဲမှာ အစွယ်မဲ့သလို ဖြစ်နေတာ ဖြစ်ပါတယ်။ ဆာလက်၊ ဆာဒီယိုမာနေးနဲ့ ဖာမီနို တို့ သုံးဦးလုံး ပုံမှန် ခြေစွမ်းအောက် ကျရောက်နေကြပြီး အိုဝင်ကတော့ ဆာလက်က တော်တော် ပြသနာကြီးနေပြီလို့ ယူဆနေတာပါ။

” တကိုယ်ကောင်းဆန်တာတွေက စိတ်ပျက်စရာကို ကောင်းလာနေပြီး ဒါကို ထပ် ထပ်ပြီး မြင်နေရပြန်တယ်။ မိုဆာလက်က ဘောလုံး မပေးပြန်ဘူး။ သူက အရင်ကလည်း ဘောလုံး သိပ်ကြီးပေးလေ့ ရှိတာ မဟုတ်ပါဘူး ဒါပေမယ့် အခုက တော်တော်ကို လွန်လာတာပါ။ ခုနောက်ပိုင်း ပွဲတွေမှာ ကျနော်ဆို ကြည့်နေရင်း ဘောလုံး ပေးလိုက်စမ်းပါ လို့ လိုက်လိုက်တွေးမိနေတယ်။ ” လို့ အိုဝင်က ပြောဆိုခဲ့တာပါ။

ဆာလက်ကို တကိုယ်ကောင်း ဆန်တယ် စွပ်စွဲပြောဆိုခံရတာက အခုမှာတော့ မဟုတ်ဘဲ လီဗာပူးမှာ ကစားတဲ့ ကာလတလျောက် ယခင်ကလည်း ပြောဆိုခံရဖူးပါတယ်။ ကလပ်အသင်းအတွက် ၁၇၇ ပွဲ ကစားပြီး အထင်ကြီးလောက်စရာ ၁၁၁ ဂိုး သွင်းထားတဲ့ ဆာလက်ဟာ တခါတလေမှာတော့ ပရိသတ်တွေနဲ့ ဘေးလူတွေ တမျိုးထင်တာ မကြာခဏ ခံရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့ မှတ်ချက်ပေးခဲ့တဲ့ ဒီဇင်ဘာလ ထဲက စလို့ တောက်လျောက် ခြေစွမ်းကျလာတဲ့ ဆာလက်ဟာ ဒီတလောမှာတော့ ပို အပြောဆိုခံနေရတာပါ။ ဆာလက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အဆုံးအဖြတ်က လီဗာပူး လက်ထဲမှာ ရှိတယ်လို့ လတ်တလော ထပ်မံ ပြောဆိုထားပါတယ်။

Zawgyi – လီဗာပူး တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကေတာ့ လက္ရွိ လီဗာပူးရဲ႕ တိုက္စစ္မႉး အီဂ်စ္သား မိုဆာလက္ဟာ အသင္း အတြက္ အားစိုက္ အားထုတ္မႈမ်ိဳး မလုပ္ေတာ့ဘဲ အလြန္ကို တကိုယ္ေကာင္း ဆန္ေနၿပီလို႔ စြပ္စြဲ ေျပာဆိုလိုက္ပါတယ္။

ဆာလက္ရဲ႕ တကိုယ္ေကာင္းဆန္မႈေတြက အလြန္အကြၽံ ျဖစ္ေနၿပီး ကေလာ့ပ္အတြက္ ျပသနာႀကီးကို ျဖစ္ေနၿပီလို႔ အိုဝင္က ယူႏိုက္တက္နဲ႔ သေရပြဲ အၿပီးမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးဟာ ဒီတေလာမွာ တိုက္စစ္က ဂိုးရဖို႔ အေတာ္ ႐ုန္းကန္ေနရပါတယ္။

၂၀၀၅ ေနာက္ပိုင္း ပထမဆုံး အႀကိမ္ အျဖစ္ သုံးပြဲဆက္ သြင္းဂိုးေတြ ေပ်ာက္ဆုံးေနတာ ျဖစ္ၿပီး အထူးသျဖင့္ တိုက္စစ္သမားေတြက ၿပိဳင္ဘက္ ဂိုးဧရိယာထဲမွာ အစြယ္မဲ့သလို ျဖစ္ေနတာ ျဖစ္ပါတယ္။ ဆာလက္၊ ဆာဒီယိုမာေနးနဲ႔ ဖာမီႏို တို႔ သုံးဦးလုံး ပုံမွန္ ေျခစြမ္းေအာက္ က်ေရာက္ေနၾကၿပီး အိုဝင္ကေတာ့ ဆာလက္က ေတာ္ေတာ္ ျပသနာႀကီးေနၿပီလို႔ ယူဆေနတာပါ။

” တကိုယ္ေကာင္းဆန္တာေတြက စိတ္ပ်က္စရာကို ေကာင္းလာေနၿပီး ဒါကို ထပ္ ထပ္ၿပီး ျမင္ေနရျပန္တယ္။ မိုဆာလက္က ေဘာလုံး မေပးျပန္ဘူး။ သူက အရင္ကလည္း ေဘာလုံး သိပ္ႀကီးေပးေလ့ ရွိတာ မဟုတ္ပါဘူး ဒါေပမယ့္ အခုက ေတာ္ေတာ္ကို လြန္လာတာပါ။ ခုေနာက္ပိုင္း ပြဲေတြမွာ က်ေနာ္ဆို ၾကည့္ေနရင္း ေဘာလုံး ေပးလိုက္စမ္းပါ လို႔ လိုက္လိုက္ေတြးမိေနတယ္။ ” လို႔ အိုဝင္က ေျပာဆိုခဲ့တာပါ။

ဆာလက္ကို တကိုယ္ေကာင္း ဆန္တယ္ စြပ္စြဲေျပာဆိုခံရတာက အခုမွာေတာ့ မဟုတ္ဘဲ လီဗာပူးမွာ ကစားတဲ့ ကာလတေလ်ာက္ ယခင္ကလည္း ေျပာဆိုခံရဖူးပါတယ္။ ကလပ္အသင္းအတြက္ ၁၇၇ ပြဲ ကစားၿပီး အထင္ႀကီးေလာက္စရာ ၁၁၁ ဂိုး သြင္းထားတဲ့ ဆာလက္ဟာ တခါတေလမွာေတာ့ ပရိသတ္ေတြနဲ႔ ေဘးလူေတြ တမ်ိဳးထင္တာ မၾကာခဏ ခံရပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ပတ္သတ္တဲ့ အေျပာင္းအေ႐ႊ႕ မွတ္ခ်က္ေပးခဲ့တဲ့ ဒီဇင္ဘာလ ထဲက စလို႔ ေတာက္ေလ်ာက္ ေျခစြမ္းက်လာတဲ့ ဆာလက္ဟာ ဒီတေလာမွာေတာ့ ပို အေျပာဆိုခံေနရတာပါ။ ဆာလက္ကေတာ့ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သတ္ၿပီး အဆုံးအျဖတ္က လီဗာပူး လက္ထဲမွာ ရွိတယ္လို႔ လတ္တေလာ ထပ္မံ ေျပာဆိုထားပါတယ္။