လီဗာပူးတိုက်စစ်က ဂိုးပေါက်ပျောက်နေတာနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က ဒီကိစ္စဟာ အသင်းသား အားလုံးနဲ့ သက်ဆိုင်တယ်လို့ အဖြေပေးပါတယ်။
အဓိက တိုက်စစ်သမား ၃ ယောက် လိုအပ်ချက် များနေတယ်လို့ မှတ်ချက်တွေ ရှိနေသော်လည်း မန်နေဂျာကတော့ အဆုံးသတ်ပိုင်းမှာ အကောင်းဆုံး မကစားနိုင်ဖြစ်နေကြောင်းကို ထောက်ပြခဲ့တယ်။ တိုက်စစ်သမားတွေကို အပြစ်ဖို့နေတာထက် အသင်းဖော်တွေ တည်ငြိမ်မှုမယ်ဆိုရင် သွင်းဂိုးအတွက် အဖြေရှာနိုင်မယ်လို့ ကလော့ပ်က မြင်ပါတယ်။
တိုက်စစ်ပိုင်း ပြဿနာနဲ့ ပက်သက်လို့ ကလော့ပ်က ” အဲ့တာက တသင်းလုံးနဲ့ ဆိုင်ပါတယ်။ သွင်းဂိုးတွေက ညာခြမ်းတွေ ဘယ်ခြမ်းကနေ အလိုလိုရောက်လာမှာ မဟုတ်ပါဘူး။ အဲ့အတွက် အလုပ်လုပ်ရမှာပါ။ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ဂိုးသွင်းလိုစိတ်ရှိမယ်။ ဆုံးဖြတ်ချက်တွေ မှန်မှန်လုပ်မယ်ဆိုရင် အခြေအနေက ပြောင်းလဲသွားပါလိမ့်မယ်။
ကျနေ်ာတို့ ဆန္ဒရှိတဲ့အတိုင်း မကစားနိုင်ဘူး ဖြစ်နေတာကို သိပါတယ်။ ဒါပေမယ့် အကြောင်းပြချက်က အရေးမကြီးပါဘူး။ ကျနေ်ာတို့ တိုက်ခိုက်မှာပါ။ ကျနေ်ာတို့ရဲ့ ရလဒ်၊ စွမ်းဆောင်ရည်တွေနဲ့ ပက်သက်လို့ လူတွေက မပျော်နိုင်ပါဘူး။ ကောင်းမွန်တဲ့ ကန်ချက်တစ်ချက်က ကျနေ်ာတို့ကို အနိုင်ရစေပါတယ်။ ကိုယ်ကစားတဲ့ ဘောလုံးကို အမြင့်ဆုံး အဆင့်မှာ ကစားနိုင်ရမယ်။ အဆုံးသတ်ပိုင်းမှာ ကျနော်တို့ မကောင်းဘူး ဖြစ်နေတယ် ” လို့ ဖြေပေးတယ်။
ခံစစ်မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုလို ကွင်းလယ်လူတွေကို တွဲထုတ်နေပြီး ဝီလီယမ်နဲ့ နက်ဖီးလစ်လို လူငယ်ခံစစ်သမားတွေကို နေရာမပေးခြင်းနဲ့ ပက်သက်လို့လည်း ကလော့ပ်က
” အကယ်လို့ ကစားသမားတစ်ယောက်ကို ခံစစ်ထက် ကွင်းလယ်မှာပဲ ကစားခိုင်းတာက ပိုကောင်းမယ်လို့ ကျနော်ထင်ရင် ကျနော် ဆုံးဖြတ်ပါမယ်။ ပိုကောင်းလာဖို့အတွက်ကိုပဲ စဉ်းစားပြီး လုပ်ဆောင်နေတာပါ။ ” လို့ ဖြေပေးခဲ့ပါတယ်။
ZAWGYI