လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ခံစစ်မှူး ဗန်ဒိုက်ရဲ့ အခြေအနေက အတော်လေး အလားအလာ ကောင်းနေပါတယ်လို့ ဝန်ခံပေမယ့် ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာကို ထုတ်ပြောဖို့ ငြင်းဆန်လိုက်ပါတယ်။

ကျောနံပါတ် ၄ ကစားသမားဟာ ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒူဘိုင်းမှာ လေ့ကျင့်နေတာပါ။ လီဗာပူးအသင်းက တစ်ရက်ကို နှစ်ကြိမ် ဗန်ဒိုက်နဲ့ ဆက်သွယ်ပြီး ဒဏ်ရာရဲ့ တိုးတက်မှုကို လေ့လာစမ်းစစ်နေပါတယ်။

ဒီရာသီမှာ ဗန်ဒိုက် ပြန်ကစားနိုင်မလားအပေါ် ကလော့ပ်က “ ဘာဖြစ်လာနိုင်တယ်ဆိုတာ ကျနော် မသိသလို၊ ဘာက မဖြစ်နိုင်ဘူးလဲဆိုတာလည်း မသိပါဘူး။ သူ ပြန်ကစားနိုင်ဖို့အပေါ် ဆုံးဖြတ်ပေးရမယ့်သူက ကျနော် မဟုတ်ဘူးဆိုတာတော့ ရာနှုန်းပြည့် သေချာပါတယ်။

ဗန်ဒိုက်ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ ဒီမနက်ကပဲ စကားပြောထားပါတယ်။ သူနဲ့ ဖုန်းပြောဖြစ်ပြီး သူ့ကြည့်ရတာ ခံစားချက် ကောင်းနေပုံရတယ်။ ဒီတော့ ဒါက သိပ်ကောင်းတဲ့ အလားအလာဖြစ်ပါတယ်။ ဒါပေမယ့် သူဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာ ကျနော် မသိပါဘူး။

သူ့အနေနဲ့ အဆင့်တွေ အများကြီး သွားရဦးမှာဖြစ်သလို ကျော်ဖြတ်ရဦးမယ်ဆိုတာ သေချာပါတယ်။ အဲ့တာက ရှင်းပါတယ်။ ဒီဒဏ်ရာမျိုး ကျနော် ကိုယ်တိုင်လည်း ရဖူးပါတယ်။

သူဘယ်လောက်ကြာ အနားယူရမယ်၊ ပြန်လည် ထူထောင်ရေးကို ဘယ်လောက်ကြာ ဆက်လုပ်ရမယ်ဆိုတာတွေက ကျနေ်ာတို့ ဂရုစိုက်နေတယ်။ သူ့ကိုကြည့်ရတာ အတော်လေး အလားအလာ ကောင်းပါတယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာ ဒါအားလုံးပါပဲ ” လို့ ဖွင့်ဟသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခံစစ္မွဴး ဗန္ဒိုက္ရဲ႕ အေျခအေနက အေတာ္ေလး အလားအလာ ေကာင္းေနပါတယ္လို႔ ဝန္ခံေပမယ့္ ဘယ္အခ်ိန္ ျပန္ကစားႏုိင္မယ္ဆိုတာကို ထုတ္ေျပာဖို႔ ျငင္းဆန္လိုက္ပါတယ္။

ေက်ာနံပါတ္ ၄ ကစားသမားဟာ ဒူးဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနဆဲျဖစ္ျပီး ဒူဘိုင္းမွာ ေလ့က်င့္ေနတာပါ။ လီဗာပူးအသင္းက တစ္ရက္ကို ႏွစ္ၾကိမ္ ဗန္ဒိုက္နဲ႔ ဆက္သြယ္ျပီး ဒဏ္ရာရဲ႕ တိုးတက္မႈကို ေလ့လာစမ္းစစ္ေနပါတယ္။

ဒီရာသီမွာ ဗန္ဒိုက္ ျပန္ကစားႏုိင္မလားအေပၚ ကေလာ့ပ္က “ ဘာျဖစ္လာႏုိင္တယ္ဆိုတာ က်ေနာ္ မသိသလို၊ ဘာက မျဖစ္ႏုိင္ဘူးလဲဆိုတာလည္း မသိပါဘူး။ သူ ျပန္ကစားႏုိင္ဖို႔အေပၚ ဆံုးျဖတ္ေပးရမယ့္သူက က်ေနာ္ မဟုတ္ဘူးဆိုတာေတာ့ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။

ဗန္ဒိုက္ၾကည့္ရတာ အေျခအေန ေကာင္းပါတယ္။ ဒီမနက္ကပဲ စကားေျပာထားပါတယ္။ သူနဲ႔ ဖုန္းေျပာျဖစ္ျပီး သူ႔ၾကည့္ရတာ ခံစားခ်က္ ေကာင္းေနပံုရတယ္။ ဒီေတာ့ ဒါက သိပ္ေကာင္းတဲ့ အလားအလာျဖစ္ပါတယ္။ ဒါေပမယ့္ သူဘယ္အခ်ိန္ ျပန္ကစားႏိုင္မယ္ဆိုတာ က်ေနာ္ မသိပါဘူး။

သူ႔အေနနဲ႔ အဆင့္ေတြ အမ်ားၾကီး သြားရဦးမွာျဖစ္သလို ေက်ာ္ျဖတ္ရဦးမယ္ဆိုတာ ေသခ်ာပါတယ္။ အဲ့တာက ရွင္းပါတယ္။ ဒီဒဏ္ရာမ်ိဳး က်ေနာ္ ကိုယ္တိုင္လည္း ရဖူးပါတယ္။

သူဘယ္ေလာက္ၾကာ အနားယူရမယ္၊ ျပန္လည္ ထူေထာင္ေရးကို ဘယ္ေလာက္ၾကာ ဆက္လုပ္ရမယ္ဆိုတာေတြက က်ေန္ာတို႔ ဂရုစိုက္ေနတယ္။ သူ႔ကိုၾကည့္ရတာ အေတာ္ေလး အလားအလာ ေကာင္းပါတယ္။ ဒါေပမယ့္ က်ေနာ္ ေျပာႏုိင္တာ ဒါအားလံုးပါပဲ ” လို႔ ဖြင့္ဟသြားတာ ျဖစ္ပါတယ္။