ပြီးခဲ့တဲ့နွေက လီဗာပူးအသင်းကနေ ထွက်ခွာသွားတဲ့ အသက် ၃၁ နှစ် အရွယ် ဗဟိုခံစစ်မှူး လိုဗရန်က အသင်းသစ် ဇင်းနစ်မှာ အခြေကျနေပြီ ဖြစ်ပြီး ကလပ်အသင်းဟောင်းကို သတိရပေမယ့် လီဗာပူးက သူ့ကို ပိုလွမ်းနေတာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ခရိုအေးရှား လက်ရွေးစင် ခံစစ်မှူး ဟာ လီဗာပူးနဲ့ ၆ နှစ်တာ ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၈၅ ပွဲကစားသွားတဲ့ လိုဗရန်က ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေလည်း အသင်းနဲ့ အတူ ဆွတ်ခူးသွားခဲ့ပါတယ်။

လိုဗရန်က အသင်းသစ် ဇင်းနစ်မှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာနေချိန်မှာ လီဗာပူး ကတော့ ဗဟိုခံစစ်သမားတွေ အကုန် ဒဏ်ရာများနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ ဗန်ဒိုက်ကလည်း ကာလရှည် ဒဏ်ရာ ရထားသလို ဂိုမက်ဇ်ကလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရှိနေပါတယ်။ မာတစ်ကလည်း ဒီအပတ်မှသာ ပြန်ကစားနိုင်ဖွယ် ရှိနေတာပါ။

လတ်တလော ပွဲများမှာ စီနီယာ ဗဟိုခံစစ်သမားတွေ အကုန် မရှိတော့တာကြောင့် လီဗာပူးဟာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို ဗဟိုခံစစ် နေရာ ဝင် ကစားစေပြီး ရေတို ဖြေရှင်းနေရပါတယ်။ လိုဗရန်ကတော့ အသင်းပြောင်းခဲ့တဲ့ အပေါ် နောင်တ ရခြင်း မရှိဘဲ လက်ရှိနေရာမှာ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

” ကျနော် အသင်းပြောင်းတာ နောင်တ မရပါဘူး။ နွေတုန်းက ကျနော့် ဆုံးဖြတ်ချက်က လုံး၀ ခိုင်မာခဲ့တယ်။ အဲဒီအတွက် ပြန်ကြည့် မနေပါဘူး။ ပြီးခဲ့တဲ့ ရာသီက မကစားရတော့ ကျေနာ် စိတ်ပျက်ခဲ့တယ်။ အခုကတော့ လုံး၀ ခြားနားသွားပါပြီ။

လီဗာပူးကတော့ ကျေနာ် လွမ်းတာထက် ကျနော့်ကို ပိုလွမ်းနေမှာပါ။ ယာဂင်ကလော့ပ် ဒါကို သိတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က စကားပြောဖြစ်ကြတယ်။ ခုတလောပဲ သူက ငါတို့တော့ မင်းကို လွမ်းနေကြပြီ ဆိုပြီး စာပို့ထားသေးတယ်။ ” လို့ လိုဗရန်က ဆိုပါတယ်။

လိုဗရန်က လီဗာပူးအသင်းမှာ ကလော့ပ်နဲ့ ရှိစဉ် အလုပ်နဲ့ ပတ်သတ်ပြီး ထားရမယ့် စိတ်ထားနဲ့ ကျင့်ဝတ်တွေ သင်ယူ နားလည်ခဲ့ကြောင်းလည်း ဖွင့်ဟပြီး နည်းပြရဲ့ တောင်းဆိုမှုတွေ အတိုင်း အလုပ် ကြိုးစား လုပ်တတ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi – ျပီးခဲ့တဲ့ေႏြက လီဗာပူးအသင္းကေန ထြက္ခြာသြားတဲ့ အသက္ ၃၁ နွစ္ အရြယ္ ဗဟိုခံစစ္မွဴး လိုဗရန္က အသင္းသစ္ ဇင္းနစ္မွာ အေျခက်ေနျပီ ျဖစ္ျပီး ကလပ္အသင္းေဟာင္းကို သတိရေပမယ့္ လီဗာပူးက သူ႔ကို ပိုလြမ္းေနတာ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာဆိုလာခဲ့ပါတယ္။

ခရိုေအးရွား လက္ေရြးစင္ ခံစစ္မွဴး ဟာ လီဗာပူးနဲ႕ ၆ နွစ္တာ ကစားခဲ့သူ ျဖစ္ျပီး ျပီးခဲ့တဲ့နွစ္ ၾသဂုတ္လက အသင္းကေန ထြက္ခြာသြားခဲ့တာပါ။ လီဗာပူးအတြက္ ျပိဳင္ပြဲစံု ၁၈၅ ပြဲကစားသြားတဲ့ လိုဗရန္က ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြလည္း အသင္းနဲ႕ အတူ ဆြတ္ခူးသြားခဲ့ပါတယ္။

လိုဗရန္က အသင္းသစ္ ဇင္းနစ္မွာ အဓိက ကစားသမား တစ္ဦး ျဖစ္လာေနခ်ိန္မွာ လီဗာပူး ကေတာ့ ဗဟိုခံစစ္သမားေတြ အကုန္ ဒဏ္ရာမ်ားနဲ႕ ရုန္းကန္ေနခဲ့ရပါတယ္။ ဗန္ဒိုက္ကလည္း ကာလရွည္ ဒဏ္ရာ ရထားသလို ဂိုမက္ဇ္ကလည္း ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရွိေနပါတယ္။ မာတစ္ကလည္း ဒီအပတ္မွသာ ျပန္ကစားနုိင္ဖြယ္ ရွိေနတာပါ။

လတ္တေလာ ပြဲမ်ားမွာ စီနီယာ ဗဟိုခံစစ္သမားေတြ အကုန္ မရွိေတာ့တာေၾကာင့္ လီဗာပူးဟာ ဖာဘင္ညိဳနဲ႕ ဟန္ဒါဆန္ကို ဗဟိုခံစစ္ ေနရာ ၀င္ ကစားေစျပီး ေရတို ေျဖရွင္းေနရပါတယ္။ လိုဗရန္ကေတာ့ အသင္းေျပာင္းခဲ့တဲ့ အေပၚ ေနာင္တ ရျခင္း မရွိဘဲ လက္ရွိေနရာမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ဆိုပါတယ္။

” က်ေနာ္ အသင္းေျပာင္းတာ ေနာင္တ မရပါဘူး။ ေႏြတုန္းက က်ေနာ့္ ဆံုးျဖတ္ခ်က္က လံုး၀ ခိုင္မာခဲ့တယ္။ အဲဒီအတြက္ ျပန္ၾကည့္ မေနပါဘူး။ ျပီးခဲ့တဲ့ ရာသီက မကစားရေတာ့ ကေ်နာ္ စိတ္ပ်က္ခဲ့တယ္။ အခုကေတာ့ လံုး၀ ျခားနားသြားပါျပီ။

လီဗာပူးကေတာ့ ကေ်နာ္ လြမ္းတာထက္ က်ေနာ့္ကို ပိုလြမ္းေနမွာပါ။ ယာဂင္ကေလာ့ပ္ ဒါကို သိတယ္ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔က စကားေျပာျဖစ္ၾကတယ္။ ခုတေလာပဲ သူက ငါတို႔ေတာ့ မင္းကို လြမ္းေနၾကျပီ ဆိုျပီး စာပို႔ထားေသးတယ္။ ” လို႔ လိုဗရန္က ဆိုပါတယ္။

လိုဗရန္က လီဗာပူးအသင္းမွာ ကေလာ့ပ္နဲ႕ ရွိစဥ္ အလုပ္နဲ႕ ပတ္သတ္ျပီး ထားရမယ့္ စိတ္ထားနဲ႕ က်င့္၀တ္ေတြ သင္ယူ နားလည္ခဲ့ေၾကာင္းလည္း ဖြင့္ဟျပီး နည္းျပရဲ႕ ေတာင္းဆိုမႈေတြ အတိုင္း အလုပ္ ၾကိဳးစား လုပ္တတ္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။