လီဗာပူးအသင်း ရလဒ်မကောင်းမှုတွေကို ရင်ဆိုင်နေရပြီး ခံစစ်နဲ့ တိုက်စစ်မှာ အပြောင်းအလဲတွေ မလုပ်သေးတာအတွက် ဝေဖန်မှုတွေကို ဆက်တိုက် ရင်ဆိုင်နေရတယ်။

ကလော့ပ်ကတော့ တိုက်စစ်အတွက် အကောင်းမြင်နေဆဲဖြစ်သလို ဝေဖန်မှုတွေ ရနေတာနဲ့ ခံစစ်ကို ပြောင်းလဲဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ခံစစ်အတွက် လူသစ်မခေါ်တာ လူငယ် ခံစစ်မှူးတွေအစား ဟန်ဒါဆန်၊ ဖာဘင်ညို ကွင်းလယ်အတွဲကို ခံစစ်မှာ ထည့်သုံးနေတာအတွက် ဝေဖန်မှုတွေ ရနေခြင်းဖြစ်တယ်။

ဟန်ဒို၊ ဖာဘင်ညို ခံစစ်အတွဲနဲ့ ပက်သက်ပြီး ကလော့ပ်က ” အကယ်လို့ ကစားသမားတစ်ယောက်ကို ခံစစ်ထက် ကွင်းလယ်မှာပဲ ကစားခိုင်းတာက ပိုကောင်းမယ်လို့ ကျနော်ထင်ရင် ကျနော် ဆုံးဖြတ်ပါမယ်။ ပိုကောင်းလာဖို့အတွက်ကိုပဲ စဉ်းစားပြီး လုပ်ဆောင်နေတာပါ။ ” လို့ ဆိုထားတယ်။

အသင်းအတွက် ကောင်းမယ်ထင်တဲ့ ဆုံးဖြတ်ချက်အတွက် သူနောက်မဆုတ်ပေးနိုင်ကြောင်းနဲ့ ဒါကို ခေါင်းမာမှုလို မဆိုနိုင်ကြောင်းကို ကလော့ပ်က

“ တခါတလေ မင်းက ခေါင်းမာတာမျိုး မဟုတ်ပဲ ကြံ့ကြံ့ခံဖို့ လိုအပ်တယ်။ ဒါကို လုပ်ကိုလုပ်ရမယ် ဆိုတာမျိုးပေါ့။ ယူနိုက်တက်နဲ့ပွဲမှာ အကောင်းမြင်စရာတွေ အမျာကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို လျစ်လျူရှုလို့မရသလို ဘေးဖယ်ထားမှာလဲ မဟုတ်သလို ကျနော်ကလည်း သူတို့ကို ဘေးဖယ်ထားမှာ မဟုတ်ပါဘူး။ ” လို့ ပြောပါတယ်။

ဒေါ့မွန်မန်နေဂျာဘဝ နောက်ဆုံးရာသီမှာ ဒုတိယရာသီဝက်အတွင်း ရလဒ်တွေ ဆက်တိုက် ကောင်းမွန်အောင် ပြန်လုပ်နိုင်သလို လီဗာပူးကိုလည်း ဦးဆောင်ပေးဖို့ မျှော်လင့်ခံနေရပေမယ့် ကလော့ပ်ကတော့ အဲ့လို နှိုင်းယှဉ်မှုတွေကို မလိုကြောင်းနဲ့ သူဘဝတစ်လျှောက် ရခဲ့တဲ့ စိန်ခေါ်မှု အတွေ့အကြုံတွေကနေ ဘာလုပ်ရမယ်ဆိုတာကို လီဗာပူးမှာ လုပ်နေပါတယ်လို့ ဆိုပါသေးတယ်။

” ဒေါ့မွန်က အချိန်တွေနဲ့ အခုချိန်ကို နှိုင်းယှဉ်လို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘဝမှာ အရာအားလုံးကို အများကြီး ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဒါကို လုပ်နေတယ်။

ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ လူတိုင်းကို ကျွန်တော် ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့တွေ တတ်နိုင်သလောက် အောင်မြင်မှုရချင်တယ်။ ပြီးခဲ့တဲ့ အပတ်တွေထက် ပိုပြီးအောင်မြင်ချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာ သိတယ်။

ဒီနေ့ညပွဲမှာ စတင်ပြီး ပြန်လာဖို့ ကြိုးစားမှာပါ။ ဒါက စိန်ခေါ်မှုတစ်ခုပဲ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့အတွက် အဆင်သင့်ဖြစ်နေမယ်လို့ တကယ်ကို ယုံကြည်ပါတယ်” လို့ ကလော့ပ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ကလော့ပ်အတွက် ဘန်လေနဲ့ အဝေးကွင်းပွဲမှာ မာတစ် ပါဝင်နိုင်ဖို့ မျှော်လင့်ရသလို ၎င်းဟာ နောက်ဆုံး ၄ ပွဲအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးအသင္း ရလဒ္မေကာင္းမႈေတြကို ရင္ဆိုင္ေနရျပီး ခံစစ္နဲ႔ တိုက္စစ္မွာ အေျပာင္းအလဲေတြ မလုပ္ေသးတာအတြက္ ေဝဖန္မႈေတြကို ဆက္တိုက္ ရင္ဆိုင္ေနရတယ္။

ကေလာ့ပ္ကေတာ့ တိုက္စစ္အတြက္ အေကာင္းျမင္ေနဆဲျဖစ္သလို ေဝဖန္မႈေတြ ရေနတာနဲ႔ ခံစစ္ကို ေျပာင္းလဲဖို႔ စဥ္းစားမွာ မဟုတ္ပါဘူး။ ခံစစ္အတြက္ လူသစ္မေခၚတာ လူငယ္ ခံစစ္မွဴးေတြအစား ဟန္ဒါဆန္၊ ဖာဘင္ညိဳ ကြင္းလယ္အတြဲကို ခံစစ္မွာ ထည့္သံုးေနတာအတြက္ ေဝဖန္မႈေတြ ရေနျခင္းျဖစ္တယ္။

ဟန္ဒို၊ ဖာဘင္ညိဳ ခံစစ္အတြဲနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” အကယ္လို႔ ကစားသမားတစ္ေယာက္ကို ခံစစ္ထက္ ကြင္းလယ္မွာပဲ ကစားခိုင္းတာက ပိုေကာင္းမယ္လို႔ က်ေနာ္ထင္ရင္ က်ေနာ္ ဆံုးျဖတ္ပါမယ္။ ပိုေကာင္းလာဖို႔အတြက္ကိုပဲ စဥ္းစားျပီး လုပ္ေဆာင္ေနတာပါ။ ” လို႔ ဆိုထားတယ္။

အသင္းအတြက္ ေကာင္းမယ္ထင္တဲ့ ဆံုးျဖတ္ခ်က္အတြက္ သူေနာက္မဆုတ္ေပးႏုိင္ေၾကာင္းနဲ႔ ဒါကို ေခါင္းမာမႈလို မဆိုႏုိင္ေၾကာင္းကို ကေလာ့ပ္က

“ တခါတေလ မင္းက ေခါင္းမာတာမ်ိဳး မဟုတ္ပဲ ႀကံ့ႀကံ့ခံဖို႔ လိုအပ္တယ္။ ဒါကို လုပ္ကိုလုပ္ရမယ္ ဆိုတာမ်ိဳးေပါ့။ ယူႏိုက္တက္နဲ႔ပြဲမွာ အေကာင္းျမင္စရာေတြ အမ်ာႀကီး ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို လ်စ္လ်ဴရႈလို႔မရသလို ေဘးဖယ္ထားမွာလဲ မဟုတ္သလို က်ေနာ္ကလည္း သူတို႔ကို ေဘးဖယ္ထားမွာ မဟုတ္ပါဘူး။ ” လို႔ ေျပာပါတယ္။

ေဒါ့မြန္မန္ေနဂ်ာဘဝ ေနာက္ဆံုးရာသီမွာ ဒုတိယရာသီဝက္အတြင္း ရလဒ္ေတြ ဆက္တိုက္ ေကာင္းမြန္ေအာင္ ျပန္လုပ္ႏုိင္သလို လီဗာပူးကိုလည္း ဦးေဆာင္ေပးဖို႔ ေမွ်ာ္လင့္ခံေနရေပမယ့္ ကေလာ့ပ္ကေတာ့ အဲ့လို ႏိႈင္းယွဥ္မႈေတြကို မလိုေၾကာင္းနဲ႔ သူဘဝတစ္ေလွ်ာက္ ရခဲ့တဲ့ စိန္ေခၚမႈ အေတြ႔အၾကံဳေတြကေန ဘာလုပ္ရမယ္ဆိုတာကို လီဗာပူးမွာ လုပ္ေနပါတယ္လို႔ ဆိုပါေသးတယ္။

” ေဒါ့မြန္က အခ်ိန္ေတြနဲ႔ အခုခ်ိန္ကို ႏႈိင္းယွဥ္လို႔ မရပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္ဘဝမွာ အရာအားလုံးကို အမ်ားႀကီး ရင္ဆိုင္ တိုက္ခိုက္ခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ ဒါကို လုပ္ေနတယ္။

ကြၽန္ေတာ္တို႔နဲ႔အတူ ရွိေနတဲ့ လူတိုင္းကို ကြၽန္ေတာ္ ကတိေပးႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ေတြ တတ္ႏိုင္သေလာက္ ေအာင္ျမင္မႈရခ်င္တယ္။ ၿပီးခဲ့တဲ့ အပတ္ေတြထက္ ပိုၿပီးေအာင္ျမင္ခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တယ္ဆိုတာ သိတယ္။

ဒီေန႔ညပြဲမွာ စတင္ၿပီး ျပန္လာဖို႔ ႀကိဳးစားမွာပါ။ ဒါက စိန္ေခၚမႈတစ္ခုပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲ့အတြက္ အဆင္သင့္ျဖစ္ေနမယ္လို႔ တကယ္ကို ယုံၾကည္ပါတယ္” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ကေလာ့ပ္အတြက္ ဘန္ေလနဲ႔ အေဝးကြင္းပြဲမွာ မာတစ္ ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ရသလို ၎ဟာ ေနာက္ဆုံး ၄ ပြဲအတြင္း ပထမဆုံးအႀကိမ္ ပြဲထြက္ပါဝင္လာႏိုင္ဖြယ္ ရွိပါတယ္။