လီဗာပူးတိုက်စစ်က ဂိုးပေါက် ပျောက်နေတာကြောင့် ကွင်းလယ်လူ သီယာဂိုက အသင်းရဲ့ ကစားဟန်နဲ့ အံမဝင်ဘူးလို့ ဝေဖန်နေကြတာက သိပ်ကို စောလွန်းပြီး လွန်ကျူးတဲ့ ဝေဖန်မှုပါလို့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျွန်အဲဒရစ်က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

လီဗာပူးကွင်းလယ်လူဟောင်း ဟားမန်း အပါအဝင် သုံးသပ်သူတွေက သီယာဂိုက ပိုင်ဆိုင်မှုပိုင်း ကစားရတာကို ပိုကြိုက်ပြီး ယာဂင်ကလော့ပ်ရဲ့ ကောင်တာ ကစားဟန်မှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဝေဖန်တာပါ။ အဲဒရစ်ကတော့ သီယာဂို ကစားတာကို ဆက်ပြီး စောင့်ကြည့်လိုက်ပါဦးလို့ ကာကွယ်ပြောဆိုခဲ့တယ်။

အဲဒရစ်က “ ယူနိုက်တက်ကို သရေကျအပြီးမှာ သီယာဂိုက ဝေဖန်မှုအချို့ကို လက်ခံရလာနေခဲ့တယ်။ အဲ့တာက အရမ်းကို ပြင်းထန်လွန်းတယ်လို့ ကျနော် မြင်ပါတယ်။

သီယာဂိုက လီဗာပူးရဲ့ ကစားဟန်မှာ အံဝင်ပါ့မလားဆိုတာကို လူတွေက မေးခွန်းထုတ်နေကြတယ်။ သီယာဂိုက ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပရီးမီးယားလိဂ်မှာ ၃ ပွဲပဲ ကစားရသေးတာဖြစ်ပါတယ်။ အဲ့အချိန်မှာ တိုက်စစ်သမား သုံးယောက်ကလည်း အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး။

တိုက်စစ်က ခြေစွမ်းပြမနေတာအတွက် သီယာဂိုကို အပြစ်ပုံချလို့ မရပါဘူး။ သူက နည်းစနစ်ပိုင်း လက်ဆောင်ရထားတဲ့ ကစားသမားပါ။ သူကစားတာကို ကြည့်နေရတာက သိပ်ကို နှစ်လိုဖွယ် ကောင်းပါတယ်။ သူ့ကို ရာသီကုန်မှ ဝေဖန်ပိုင်းခြားကြည့်ကြပါ ” လို့ တိုက်တွန်းခဲ့တယ်။

လီဗာပူး တိုက်စစ်သမားတွေက သွင်းဂိုးတွေမရ ဖြစ်လာနေပြီး ဒါဟာ အဆုံးသတ်ပိုင်းမှာ ကွင်းလယ်လူတွေက ပိုကောင်းတဲ့ ဖန်တီးမှုတွေ မလုပ်ပေးနိုင်တာကြောင့်လို့ ပြောနေသူတွေအဖို့ အဲဒရစ် ပြောသလို ရာသီကုန်ထိ စောင့်ကြည့်ပြီးရင် ဝေဖန်နိုင်ဦးမလားက အချိန်က စကားပြောမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္က ဂိုးေပါက္ ေပ်ာက္ေနတာေၾကာင့္ ကြင္းလယ္လူ သီယာဂိုက အသင္းရဲ႕ ကစားဟန္နဲ႔ အံမဝင္ဘူးလို႔ ေဝဖန္ေနၾကတာက သိပ္ကို ေစာလြန္းျပီး လြန္က်ဴးတဲ့ ေဝဖန္မႈပါလို႔ လီဗာပူးတိုက္စစ္သမားေဟာင္း ဂၽြန္အဲဒရစ္က တုန္႔ျပန္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးကြင္းလယ္လူေဟာင္း ဟားမန္း အပါအဝင္ သံုးသပ္သူေတြက သီယာဂိုက ပိုင္ဆိုင္မႈပိုင္း ကစားရတာကို ပိုၾကိဳက္ျပီး ယာဂင္ကေလာ့ပ္ရဲ႕ ေကာင္တာ ကစားဟန္မွာ လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ ေဝဖန္တာပါ။ အဲဒရစ္ကေတာ့ သီယာဂို ကစားတာကို ဆက္ျပီး ေစာင့္ၾကည့္လိုက္ပါဦးလို႔ ကာကြယ္ေျပာဆိုခဲ့တယ္။

အဲဒရစ္က “ ယူႏုိက္တက္ကို သေရက်အျပီးမွာ သီယာဂိုက ေဝဖန္မႈအခ်ိဳ႔ကို လက္ခံရလာေနခဲ့တယ္။ အဲ့တာက အရမ္းကို ျပင္းထန္လြန္းတယ္လို႔ က်ေနာ္ ျမင္ပါတယ္။

သီယာဂိုက လီဗာပူးရဲ႕ ကစားဟန္မွာ အံဝင္ပါ့မလားဆိုတာကို လူေတြက ေမးခြန္းထုတ္ေနၾကတယ္။ သီယာဂိုက ဒဏ္ရာက ျပန္သက္သာလာျပီးေနာက္ ပရီးမီးယားလိဂ္မွာ ၃ ပြဲပဲ ကစားရေသးတာျဖစ္ပါတယ္။ အဲ့အခ်ိန္မွာ တိုက္စစ္သမား သံုးေယာက္ကလည္း အေကာင္းဆံုး အေနအထားမွာ ရွိမေနပါဘူး။

တိုက္စစ္က ေျခစြမ္းျပမေနတာအတြက္ သီယာဂိုကို အျပစ္ပံုခ်လို႔ မရပါဘူး။ သူက နည္းစနစ္ပိုင္း လက္ေဆာင္ရထားတဲ့ ကစားသမားပါ။ သူကစားတာကို ၾကည့္ေနရတာက သိပ္ကို ႏွစ္လိုဖြယ္ ေကာင္းပါတယ္။ သူ႔ကို ရာသီကုန္မွ ေဝဖန္ပိုင္းျခားၾကည့္ၾကပါ ” လို႔ တိုက္တြန္းခဲ့တယ္။

လီဗာပူး တိုက္စစ္သမားေတြက သြင္းဂိုးေတြမရ ျဖစ္လာေနျပီး ဒါဟာ အဆံုးသတ္ပိုင္းမွာ ကြင္းလယ္လူေတြက ပိုေကာင္းတဲ့ ဖန္တီးမႈေတြ မလုပ္ေပးႏုိင္တာေၾကာင့္လို႔ ေျပာေနသူေတြအဖို႔ အဲဒရစ္ ေျပာသလို ရာသီကုန္ထိ ေစာင့္ၾကည့္ျပီးရင္ ေဝဖန္ႏုိင္ဦးမလားက အခ်ိန္က စကားေျပာမွာ ျဖစ္ပါတယ္။