လီဗာပူး ခံစစ်မှူးဟောင်း ဒီဂျန် လိုဗရန်က သူ မာဆေးဆိုဒ်ကလပ်မှာ ရှိစဉ် နည်းပြ ယာဂင်ကလော့ပ်က အသင်း လူငယ် ကစားသမား တစ်ဦးကို ဘယ်လို ဆုံးမ တုန့်ပြန်ခဲ့သလဲ ဆိုတာ ပြန်လည် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

” ကျနော် ခင်ဗျားကို ပုံပြင်တို တစ်ပုဒ်ပြောပြမယ်။ ၂၀၁၇ တုန်းကပေါ့ဗျာ။ လီဗာပူးရဲ့ ရာသီကြို ထရိန်နင် ပထမဆုံးရက်မှာ ၁၈ နှစ်သား လူငယ် ကစားသမား တစ်ယောက်နဲ့ ကြုံရပုံ။ ကျနော် သူ့နာမည်ကို မပြောပြပါဘူး။ သူက အသင်း ထရိန်နင်ကို မာစီဒီးကား စီးပြီး ရောက်လာတယ်၊ လက်မှာက ရွှေရောင် ရိုးလက်စ်နာရီနဲ့။ အဲ့ချိန် ကလော့ပ်က အဲ့ကစားသမားလေးနဲ့ နှစ်ယောက်တည်း ဒီလို စကားပြောတယ်။ ”

” မင်း ဘာကားစီးလာတာလဲ ဒီကို? ” – ” မာစီဒီးနဲ့ပါ။

” မင်းလက်က ဘာလဲ ? ” – ” ရိုးလက်စ်နာရီပါ။

” လီဗာပူး အသင်းကြီး အတွက် မင်း ဘယ်နှပွဲ ကစားပြီးပြီလဲ ? ” – ” မကစားဖူးသေးဘူး။”

” ဟုတ်ပြီ နောက်ရက် မင်းလာရင် နာရီ မဝတ်ခဲ့နဲ့၊ ရိုးရိုး ကားနဲ့ပဲ လာ။ ”

လိုဗရန် ပြောပြခဲ့တဲ့ အဲဒီ အဖြစ်အပျက်က ယာဂင်ကလော့ပ် ဟာ ကစားသမားတွေကို ရိုးရိုးကုပ်ကုပ်နဲ့ အလုပ်ကိုပဲ အာရုံစိုက် အားထုတ်စေကြောင်း သိသာစေခဲ့ပါတယ်။

အဲဒီလို ရိုးရှင်းတဲ့ နေထိုင်မှုနဲ့ စိတ်ဓာတ်တွေကပဲ လီဗာပူးအသင်းကို ဘောလုံးပဲ အာရုံရှိတဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဆာဒီယို မာနေး၊ ဂျော်ဒန် ဟန်ဒါဆန်တို့တွေ တောက်ပ လာစေခဲ့တယ် ဆိုရမှာပါ။

Zawgyi – လီဗာပူး ခံစစ္မွဴးေဟာင္း ဒီဂ်န္ လိုဗရန္က သူ မာေဆးဆိုဒ္ကလပ္မွာ ရွိစဥ္ နည္းျပ ယာဂင္ကေလာ့ပ္က အသင္း လူငယ္ ကစားသမား တစ္ဦးကို ဘယ္လို ဆံုးမ တုန္႔ျပန္ခဲ့သလဲ ဆိုတာ ျပန္လည္ ဖြင့္ဟ ေျပာျပသြားခဲ့ပါတယ္။

” က်ေနာ္ ခင္ဗ်ားကို ပံုျပင္တို တစ္ပုဒ္ေျပာျပမယ္။ ၂၀၁၇ တုန္းကေပါ့ဗ်ာ။ လီဗာပူးရဲ႕ ရာသီၾကိဳ ထရိန္နင္ ပထမဆံုးရက္မွာ ၁၈ နွစ္သား လူငယ္ ကစားသမား တစ္ေယာက္နဲ႕ ၾကံဳရပံု။ က်ေနာ္ သူ႔နာမည္ကို မေျပာျပပါဘူး။ သူက အသင္း ထရိန္နင္ကို မာစီဒီးကား စီးျပီး ေရာက္လာတယ္၊ လက္မွာက ေရႊေရာင္ ရိုးလက္စ္နာရီနဲ႕။ အဲ့ခ်ိန္ ကေလာ့ပ္က အဲ့ကစားသမားေလးနဲ႕ နွစ္ေယာက္တည္း ဒီလို စကားေျပာတယ္။ ”

” မင္း ဘာကားစီးလာတာလဲ ဒီကို? ” – ” မာစီဒီးနဲ႕ပါ။

” မင္းလက္က ဘာလဲ ? ” – ” ရိုးလက္စ္နာရီပါ။

” လီဗာပူး အသင္းၾကီး အတြက္ မင္း ဘယ္နွပြဲ ကစားျပီးျပီလဲ ? ” – ” မကစားဖူးေသးဘူး။”

” ဟုတ္ျပီ ေနာက္ရက္ မင္းလာရင္ နာရီ မ၀တ္ခဲ့နဲ႕၊ ရိုးရိုး ကားနဲ႕ပဲ လာ။ ”

လိုဗရန္ ေျပာျပခဲ့တဲ့ အဲဒီ အျဖစ္အပ်က္က ယာဂင္ကေလာ့ပ္ ဟာ ကစားသမားေတြကို ရိုးရိုးကုပ္ကုပ္နဲ႕ အလုပ္ကိုပဲ အာရံုစိုက္ အားထုတ္ေစေၾကာင္း သိသာေစခဲ့ပါတယ္။

အဲဒီလို ရိုးရွင္းတဲ့ ေနထိုင္မႈနဲ႕ စိတ္ဓာတ္ေတြကပဲ လီဗာပူးအသင္းကို ေဘာလံုးပဲ အာရံုရွိတဲ့ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ ဆာဒီယို မာေနး၊ ေဂ်ာ္ဒန္ ဟန္ဒါဆန္တုိ႔ေတြ ေတာက္ပ လာေစခဲ့တယ္ ဆိုရမွာပါ။