ဘရာဇီး ဂန္တဝင်ကြီး ရီဗယ်ဒိုက ကွင်းလယ်လူ သီယာဂိုအပေါ် ဝေဖန်မှုတွေအား သဘောမတူဘဲ ကစားသမားဟာ လီဗာပူးအသင်း အမှတ်ပေးဖလား ကာကွယ်ရေးအတွက် ကူညီပေးနိုင်မယ့်သူ တစ်ဦးဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

စပိန်လက်ရွေးစင်ဟာ ပြန်ကစားလာနိုင်တာ မကြာသေးကာ အသင်းအတွက် တိုက်ရိုက်ကျတဲ့ ဖန်တီးမှုတွေ မလုပ်နိုင်သေးသလို၊ ကိုယ်တိုင်လည်း ဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမယ့်လို့ ကစားသမားအပေါ် ချီးကျူးမှုကော၊ ဝေဖန်မှုတွေပါ နှစ်ခုလုံးကတော့ ကျရောက်နေခဲ့ပါပြီ။

ရီဗယ်ဒိုကတော့ သီယာဂိုအပေါ် ဝေဖန်မှုတွေ ရှိနေတာကို သဘောမကျဘဲ ကွင်းလယ်လူရဲ့ ထူးချွန်တဲ့ ဘောလုံးပေးနိုင်စွမ်းနဲ့ အမြင်ကောင်းတွေက ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် သက်ရောက်မှု ကြီးမားပါလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ရီဗယ်ဒိုက ” ကျနော်က သီယာဂိုရဲ့ အရည်အချင်းတွေကို အားပေးနေတဲ့ ပရိသတ် တစ်ယောက်ပါ။ ပြီးခဲ့တဲ့ ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူပြန်ကောင်းလာခဲ့တယ်။ လီဗာပူးကွင်းလယ်လူက ဘောလုံးနဲ့အတူ တည်ငြိမ်သလို ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်ပြီး ထူးချွန်တဲ့ ပေးမှုတွေအတွက် အမြင်လည်း ရှိသူဖြစ်တယ်။

ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးအသင်း ပုံစံကောင်းတွေ ပြန်ရလာဖို့အတွက် သူက အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ်။ နောက်ပြီး ပရီးမီးယားလိဂ်ဖလား ဆက်လက် ထိန်းသိမ်းနိုင်ရေးမှာလည်း လီဗာပူးကို ကူညီနိုင်မယ့်သူ ဖြစ်ပါတယ်။

သူက သူ့ဘာသာ အကောင်းဆုံး ကစားနိုင်တာတင် မဟုတ်ဘဲ အသင်းဖော်တွေ ပိုကောင်းကောင်း ကစားနိုင်ဖို့လည်း သူ့ရဲ့ ပေးမှုတွေဖြင့် ကူညီနိုင်သူပါ။ ဒါကြောင့်ပဲ သူပြန်ကစားလာနိုင်တာက လာမယ့် လတွေမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို ကြီးမားတဲ့ လွှမ်းမိုးမှု ဖြစ်လာစေမယ်လို့ ကျနော် မြင်မိတာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘရာဇီး ဂႏၱဝင္ၾကီး ရီဗယ္ဒိုက ကြင္းလယ္လူ သီယာဂိုအေပၚ ေဝဖန္မႈေတြအား သေဘာမတူဘဲ ကစားသမားဟာ လီဗာပူးအသင္း အမွတ္ေပးဖလား ကာကြယ္ေရးအတြက္ ကူညီေပးႏုိင္မယ့္သူ တစ္ဦးျဖစ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

စပိန္လက္ေရြးစင္ဟာ ျပန္ကစားလာႏုိင္တာ မၾကာေသးကာ အသင္းအတြက္ တိုက္ရိုက္က်တဲ့ ဖန္တီးမႈေတြ မလုပ္ႏုိင္ေသးသလို၊ ကိုယ္တိုင္လည္း ဂိုးမသြင္းႏုိင္ေသးပါဘူး။ ဒါေပမယ့္လို႔ ကစားသမားအေပၚ ခ်ီးက်ဴးမႈေကာ၊ ေဝဖန္မႈေတြပါ ႏွစ္ခုလံုးကေတာ့ က်ေရာက္ေနခ့ဲပါျပီ။

ရီဗယ္ဒိုကေတာ့ သီယာဂိုအေပၚ ေဝဖန္မႈေတြ ရွိေနတာကို သေဘာမက်ဘဲ ကြင္းလယ္လူရဲ႕ ထူးခၽြန္တဲ့ ေဘာလံုးေပးႏုိင္စြမ္းနဲ႔ အျမင္ေကာင္းေတြက ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ သက္ေရာက္မႈ ၾကီးမားပါလိမ့္မယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

ရီဗယ္ဒိုက ” က်ေနာ္က သီယာဂိုရဲ႕ အရည္အခ်င္းေတြကို အားေပးေနတဲ့ ပရိသတ္ တစ္ေယာက္ပါ။ ျပီးခ့ဲတဲ့ ယူႏုိက္တက္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ သူျပန္ေကာင္းလာခဲ့တယ္။ လီဗာပူးကြင္းလယ္လူက ေဘာလံုးနဲ႔အတူ တည္ျငိမ္သလို ေကာင္းမြန္တဲ့ လႈပ္ရွားမႈေတြ လုပ္ႏုိင္ျပီး ထူးခၽြန္တဲ့ ေပးမႈေတြအတြက္ အျမင္လည္း ရွိသူျဖစ္တယ္။

ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ ရလဒ္ဆိုးေတြ ပိုင္ဆုိင္ထားတဲ့ လီဗာပူးအသင္း ပံုစံေကာင္းေတြ ျပန္ရလာဖို႔အတြက္ သူက အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္လာႏုိင္တယ္။ ေနာက္ျပီး ပရီးမီးယားလိဂ္ဖလား ဆက္လက္ ထိန္းသိမ္းႏိုင္ေရးမွာလည္း လီဗာပူးကို ကူညီႏုိင္မယ့္သူ ျဖစ္ပါတယ္။

သူက သူ႔ဘာသာ အေကာင္းဆံုး ကစားႏုိင္တာတင္ မဟုတ္ဘဲ အသင္းေဖာ္ေတြ ပိုေကာင္းေကာင္း ကစားႏုိင္ဖို႔လည္း သူ႔ရဲ႕ ေပးမႈေတြျဖင့္ ကူညီႏုိင္သူပါ။ ဒါေၾကာင့္ပဲ သူျပန္ကစားလာႏုိင္တာက လာမယ့္ လေတြမွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကို ၾကီးမားတဲ့ လႊမ္းမိုးမႈ ျဖစ္လာေစမယ္လို႔ က်ေနာ္ ျမင္မိတာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။