မန်နေဂျာယာဂင်ကလော့ပ်က အန်ဖီးမှာ ဘန်လေကို အရေးနိမ့်တာအတွက် အတော်လေး နာကျင်နေရကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးမှာ ၆၈ ပွဲမြောက် ရံှူးပွဲမရှိ စံချိန်က ၆၉ ပွဲမြောက် အရောက်မှာ ကျိုးပျက်ခဲ့ရပါပြီ။ စီနီယာကစားသမား အများအပြား ပုံမှန်ခြေစွမ်းအောက် ရောက်ခြင်းက ကလပ်ကို ထိခိုက်မှုတွေ ပေးလာခဲ့ပြီး ဒီအခြေအနေမှာ ဆုဖလားအကြောင်းလည်း မစဉ်းစားနိုင်တော့ဘူးလို့ ကလော့ပ်က ဆိုသွားခဲ့ပါတယ်။

ကလော့ပ်က ” မျက်နှာကို လက်သီးနဲ့ ပစ်ထိုးခံလိုက်ရသလို ခံစားနေရတယ်ဗျာ။ အားလုံးအတွက် တာဝန်ရှိသူက ကျနော်ပါ။ ကျနေ်ာတို့ ဘောလုံး အများကြီး ကိုင်ခွင့်ရတယ်၊ အခွင့်အရေး ဖန်တီးမှုတေါ လုပ်နိုင်တယ်၊ အဆုံးသတ်တွေတော့ မလုပ်နိုင်ခဲ့ဘူး။ ပွဲက ဆက်ကစားနေခဲ့ပြီး သူတို့ ပင်နယ်တီရသွားတယ်။ အယ်လီဆန်က ပြောတယ် သူ ထိတောင်မထိလိုက်ရပါဘူးတဲ့ ဒါပေမယ့် ပြန်လှည့်လို့လည်း မရတော့ပါဘူး။

မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ ဧရိယာထဲကို ဖြတ်တင်ဘော ၃ ကြိမ် ဝင်ခဲ့တယ်။ အဲ့မှာ ရှိနေဖို့လည်း ကစားသမားကို ရှာခဲ့ပေမယ့် မရှိနေခဲ့ဘူး။ ကောင်လေးတွေကို နေရာမှန်မှာ ရှိနေဖို့ စီစဉ်ပေးရမှာက ကျနော် အလုပ်ပါ။

ရှင်းပြရခက်အောင်ကို လက်ခံရ ခက်ခဲပါတယ်။ ကောင်လေးတွေက ကြိုးစားပါတယ်။ ဒါပေမယ့်လို့ သူတို့ ကြိုးစားသလို ဖြစ်မလာခဲ့ဘူး။ အကယ်လို့ တစ်ခုခုက အလုပ်မဖြစ်ရင် ပိုပြီး ကြိုးစား လုပ်ဆောင်ရမှာပါ။ ဒီလိုပွဲမျိုးကို အရေးနိမ့်ရင် လက်ခံရခက်ခဲပေမယ့် ကျနေ်ာတို့ အရေးနိမ့်ခဲ့ပါတယ်။

ဒါက အပြစ်တင်နေတာ မဟုတ်ပါဘူး။ ကျနေ်ာတို့ အတူတကွ ပူးပေါင်းပြီး အဖြေရှာရမှာပါ ရှာလည်း ရှာမှာပါ။ ဘောလုံးမှာက အချိန် သိပ်မရပါဘူး။ ကျနေ်ာတို့ အများကြီး ကြိုးစားပြီး အချို့ အချိန်တွေမှာ မှန်ကန်နေပေမယ့် တစ်ခါတလေမှာ မမှန်ပါဘူး။ ခံစစ်တံတိုင်းကို ဖြိုဖို့က ခံစားချက် မှန်နေဖို့လည်း လိုပါတယ်။ ဒီအခြေအနေမှာ ဆုဖလား ပြိုင်ဆိုင်မှုအကြောင်း ကျနေ်ာတို့ မတွေးနိုင်တေ့ာပါဘူး ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အန္ဖီးမွာ ဘန္ေလကို အေရးနိမ့္တာအတြက္ အေတာ္ေလး နာက်င္ေနရေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးရဲ႕ အိမ္ကြင္း အန္ဖီးမွာ ၆၈ ပြဲေျမာက္ ရံွဴးပြဲမရွိ စံခ်ိန္က ၆၉ ပြဲေျမာက္ အေရာက္မွာ က်ိဳးပ်က္ခဲ့ရပါျပီ။ စီနီယာကစားသမား အမ်ားအျပား ပံုမွန္ေျခစြမ္းေအာက္ ေရာက္ျခင္းက ကလပ္ကို ထိခိုက္မႈေတြ ေပးလာခဲ့ျပီး ဒီအေျခအေနမွာ ဆုဖလားအေၾကာင္းလည္း မစဥ္းစားႏုိင္ေတာ့ဘူးလို႔ ကေလာ့ပ္က ဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္က ” မ်က္ႏွာကို လက္သီးနဲ႔ ပစ္ထိုးခံလုိက္ရသလို ခံစားေနရတယ္ဗ်ာ။ အားလံုးအတြက္ တာဝန္ရွိသူက က်ေနာ္ပါ။ က်ေန္ာတို႔ ေဘာလံုး အမ်ားၾကီး ကိုင္ခြင့္ရတယ္၊ အခြင့္အေရး ဖန္တီးမႈေတါ လုပ္ႏုိင္တယ္၊ အဆံုးသတ္ေတြေတာ့ မလုပ္ႏုိင္ခ့ဲဘူး။ ပြဲက ဆက္ကစားေနခဲ့ျပီး သူတို႔ ပင္နယ္တီရသြားတယ္။ အယ္လီဆန္က ေျပာတယ္ သူ ထိေတာင္မထိလိုက္ရပါဘူးတဲ့ ဒါေပမယ့္ ျပန္လွည့္လို႔လည္း မရေတာ့ပါဘူး။

မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္။ ဧရိယာထဲကို ျဖတ္တင္ေဘာ ၃ ၾကိမ္ ဝင္ခဲ့တယ္။ အဲ့မွာ ရွိေနဖို႔လည္း ကစားသမားကို ရွာခဲ့ေပမယ့္ မရွိေနခဲ့ဘူး။ ေကာင္ေလးေတြကို ေနရာမွန္မွာ ရွိေနဖို႔ စီစဥ္ေပးရမွာက က်ေနာ္ အလုပ္ပါ။

ရွင္းျပရခက္ေအာင္ကို လက္ခံရ ခက္ခဲပါတယ္။ ေကာင္ေလးေတြက ၾကိဳးစားပါတယ္။ ဒါေပမယ့္လို႔ သူတို႔ ၾကိဳးစားသလို ျဖစ္မလာခဲ့ဘူး။ အကယ္လို႔ တစ္ခုခုက အလုပ္မျဖစ္ရင္ ပိုျပီး ၾကိဳးစား လုပ္ေဆာင္ရမွာပါ။ ဒီလိုပြဲမ်ိဳးကို အေရးနိမ့္ရင္ လက္ခံရခက္ခဲေပမယ့္ က်ေန္ာတို႔ အေရးနိမ့္ခဲ့ပါတယ္။

ဒါက အျပစ္တင္ေနတာ မဟုတ္ပါဘူး။ က်ေန္ာတို႔ အတူတကြ ပူးေပါင္းျပီး အေျဖရွာရမွာပါ ရွာလည္း ရွာမွာပါ။ ေဘာလံုးမွာက အခ်ိန္ သိပ္မရပါဘူး။ က်ေန္ာတို႔ အမ်ားၾကီး ၾကိဳးစားျပီး အခ်ိဳ႔ အခ်ိန္ေတြမွာ မွန္ကန္ေနေပမယ့္ တစ္ခါတေလမွာ မမွန္ပါဘူး။ ခံစစ္တံတိုင္းကို ျဖိဳဖို႔က ခံစားခ်က္ မွန္ေနဖို႔လည္း လိုပါတယ္။ ဒီအေျခအေနမွာ ဆုဖလား ျပိဳင္ဆိုင္မႈအေၾကာင္း က်ေန္ာတို႔ မေတြးႏုိင္ေတ့ာပါဘူး ” လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။