လီဗာပူးအသင်းဟာ ၂၀၁၇ ခုနှစ် ဧပရယ်လတုန်းက ပဲလေစ့်ကို ၁-၂ ဖြင့် အရေးနိမ့်ပြီး ပထမဆုံးအကြိမ်အဖြစ် ဘန်လေကို ဝ-၁ ဖြင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းရဲ့ အိမ်ကွင်း ၈၆ ပွဲဆက်တိုက် အရေးမနိမ့်တဲ့ စံချိန်နောက် ဒုတိယနေရာမှာ အိမ်ကွင်း ၆၈ ပွဲ ရံှူးပွဲမရှိ စံချိန်နဲ့ပဲ ရပ်တန့်ခဲ့ပါပြီ။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက် အနိုင်မရတာကြောင့် ၂၀၀၀ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ် ၄ ပွဲဆက် ဂိုးမရမှု ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၅ ရက်က ပရီးမီးယားလိဂ် ပွဲအဖြစ် ဝက်စ်ဘရွန်းနဲ့ပွဲမှာ မာနေး သွင်းဂိုးရပြီးနောက်ပိုင်း အသင်းဟာ အမှတ်ပေးပွဲတွေမှာ ဂိုးပေါက်ကန်သွင်းမှု ၈၇ ကြိမ်ထိ လုပ်ခဲ့ပေမယ့် ဂိုးလုံးဝ မရခဲ့ပါဘူး။

မန်နေဂျာကလော့ပ် ကိုင်တွယ်တဲ့ အသင်းတစ်သင်း အမှတ်ပေးပွဲ ၄ ပွဲဆက် ဂိုးမရခဲ့တာက ၂၀၀၆ ခုနှစ်တုန်းက မိန့်အသင်းကို ကိုင်တွယ်စဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ထရန့်ဟာ ညာခမ်းကနေ ဖြတ်တင်ဘော ၂၁ ကြိမ် လုပ်ခဲ့ပြီး အသင်းဖော် ရှိနေတဲ့ ပြိုင်ဘက် ဧရိယာထဲကို ၁ ကြိမ်ပဲ ရောက်ခဲ့ပါတယ်။ သူဟာ open play ပုံစံကနေ အသင်းဖော်တွေကို ၁၈ ကြိမ် ဘောလုံးပေးပေမယ့် တစ်ကြိမ်မှ မရောက်ခဲ့ပါဘူး။

ဘန်လေအသင်းဟာ ဒီရာသီမှာ ပွဲချိန် ၈၀ နောက်ပိုင်း ဂိုးမသွင်းနိုင်သေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပေမယ့် ပွဲချိန် ၈၃ မှာ လီဗာပူးဘက်ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘန်လေနဲ့ပွဲမှာ မာနေးဟာ အခွင့်အရေး ဖန်တီးမှု ၉ ကြိမ်ထိ လုပ်ပေးခဲ့ပါတယ်။ ဒါဟာ ယာဂင်ကလော့ပ်လက်ထက် လီဗာပူးအသင်းမှာ တစ်ပွဲတည်း အခွင့်အရေး ဖန်တီးမှု အမြင့်ဆုံး လုပ်နိုင်မှုဖြစ်ပေမယ့် အသင်းဖော်တွေက ဂိုးရအောင် ကြိုးစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဘန်လေကစားသမား ဘမ်မီးဟာ လီဗာပူးကို ရင်ဆိုင်ကစားရာမှာ ဘောလုံး ရှင်းထုတ်မှု ၁၄ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီအတွင်း အဝေးကွင်း ယှဉ်ပြိုင်ရာမှာ အမြင့်ဆုံး ဘောလုံးရှင်းထုတ်နိုင်သူအဖြစ် မှတ်တမ်းဝင်စေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၇ ခုႏွစ္ ဧပရယ္လတုန္းက ပဲေလစ့္ကို ၁-၂ ျဖင့္ အေရးနိမ့္ျပီး ပထမဆံုးအၾကိမ္အျဖစ္ ဘန္ေလကို ၀-၁ ျဖင့္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးအသင္းရဲ႕ အိမ္ကြင္း ၈၆ ပြဲဆက္တိုက္ အေရးမနိမ့္တဲ့ စံခ်ိန္ေနာက္ ဒုတိယေနရာမွာ အိမ္ကြင္း ၆၈ ပြဲ ရံွဴးပြဲမရွိ စံခ်ိန္နဲ႔ပဲ ရပ္တန္႔ခဲ့ပါျပီ။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆံုး ၄ ပြဲဆက္ အႏုိင္မရတာေၾကာင့္ ၂၀၀၀ ခုႏွစ္ ေမလေနာက္ပိုင္း ပထမဆံုးအၾကိမ္ ၄ ပြဲဆက္ ဂိုးမရမႈ ျဖစ္လာခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂၅ ရက္က ပရီးမီးယားလိဂ္ ပြဲအျဖစ္ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ မာေနး သြင္းဂိုးရျပီးေနာက္ပိုင္း အသင္းဟာ အမွတ္ေပးပြဲေတြမွာ ဂိုးေပါက္ကန္သြင္းမႈ ၈၇ ၾကိမ္ထိ လုပ္ခဲ့ေပမယ့္ ဂိုးလံုးဝ မရခဲ့ပါဘူး။

မန္ေနဂ်ာကေလာ့ပ္ ကိုင္တြယ္တဲ့ အသင္းတစ္သင္း အမွတ္ေပးပြဲ ၄ ပြဲဆက္ ဂိုးမရခဲ့တာက ၂၀၀၆ ခုႏွစ္တုန္းက မိန္႔အသင္းကို ကိုင္တြယ္စဥ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ျဖစ္ပါတယ္။

ထရန္႔ဟာ ညာခမ္းကေန ျဖတ္တင္ေဘာ ၂၁ ၾကိမ္ လုပ္ခဲ့ျပီး အသင္းေဖာ္ ရွိေနတဲ့ ျပိဳင္ဘက္ ဧရိယာထဲကို ၁ ၾကိမ္ပဲ ေရာက္ခဲ့ပါတယ္။ သူဟာ open play ပံုစံကေန အသင္းေဖာ္ေတြကို ၁၈ ၾကိမ္ ေဘာလံုးေပးေပမယ့္ တစ္ၾကိမ္မွ မေရာက္ခဲ့ပါဘူး။

ဘန္ေလအသင္းဟာ ဒီရာသီမွာ ပြဲခ်ိန္ ၈၀ ေနာက္ပိုင္း ဂိုးမသြင္းႏုိင္ေသးတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ေပမယ့္ ပြဲခ်ိန္ ၈၃ မွာ လီဗာပူးဘက္ကို ဂိုးသြင္းႏုိင္ခဲ့ပါတယ္။

ဘန္ေလနဲ႔ပြဲမွာ မာေနးဟာ အခြင့္အေရး ဖန္တီးမႈ ၉ ၾကိမ္ထိ လုပ္ေပးခဲ့ပါတယ္။ ဒါဟာ ယာဂင္ကေလာ့ပ္လက္ထက္ လီဗာပူးအသင္းမွာ တစ္ပြဲတည္း အခြင့္အေရး ဖန္တီးမႈ အျမင့္ဆံုး လုပ္ႏုိင္မႈျဖစ္ေပမယ့္ အသင္းေဖာ္ေတြက ဂိုးရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဘန္ေလကစားသမား ဘမ္မီးဟာ လီဗာပူးကို ရင္ဆိုင္ကစားရာမွာ ေဘာလံုး ရွင္းထုတ္မႈ ၁၄ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။ ဒါဟာ ဒီရာသီအတြင္း အေဝးကြင္း ယွဥ္ျပိဳင္ရာမွာ အျမင့္ဆံုး ေဘာလံုးရွင္းထုတ္ႏုိင္သူအျဖစ္ မွတ္တမ္းဝင္ေစပါတယ္။