လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ညက အိမ်ကွင်း အန်းဖီးလ်မှာ ဘန်လေကို အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားတဲ့နောက် မယုံနိုင်အောင် ဖြစ်နေပြီး အသင်းက ကစားသမား ၅ ဦးကို စိုးရိမ်နေမိပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကာရေဂါ ရည်ညွှန်းခဲ့တာက ဆာလက်၊ ဖာမီနို၊ မာနေး၊ ရော်ဘတ်ဆန်နဲ့ ထရန့်တို့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ဘန်လေကို ရှုံးပြီးနောက် သူတို့ရဲ့ အိမ်ကွင်း ရှုံးပွဲ မရှိမှတ်တမ်းကို ၆၈ ပွဲမှာ အဆုံးသတ်ခဲ့ရပြီလည်းြ ဖစ်ပါတယ်။ လီဗာပူးက ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး အခွင့်အရေး ဖန်တီးမှုတွေ ရှိသော်လည်း ထုံးစံ အတိုင်း ဂိုး မသွင်းနိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ကာရေဂါကတော့ လီဗာပူးရဲ့ စိုးရိမ်ဖွယ် အနေအထားထဲမှာ စိတ်ပူရတဲ့ ကစားသမားတွေ အကြောင်း ပွဲအပြီး စကိုင်းစပေါ့ အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ဒီလောက် ခြေပျက် အခြေအနေဆိုးတဲ့ လီဗာပူးအသင်းကို နောက်ဆုံး မြင်ခဲ့ရတာက ဘယ်တုန်းကလဲတောင် ကျနော် မမှတ်မိတော့ဘူး။ တိုက်စစ် သုံးယောက်နဲ့ ခံစစ် အစွန် နှစ်ယောက်၊ အဲဒီ ၅ ယောက်က သူတို့ အကောင်းဆုံး ခြေစွမ်းနားကို နည်းနည်းပါးပါးတောင် မရောက်ဘူး ဖြစ်နေတယ်။

ဒါ က သူတို့ ဂိုးမသွင်းတာတင် ပြောနေတာ မဟုတ်ဘူး၊ ကစားတာကိုပါ ပြောနေတာပါ။ ဆာလက်ကို ခင်ဗျားတို့ တွေ့ကြတာပဲ။ ခံစစ်သမားတွေဆီ ချည်း ပြေးပြေးဝင်နေတာ သုံးလေးခါ ရှိတယ်။ လီဗာပူး ပရိသတ်တွေတော့ ဒေါသအကြီးကြီး ထွက်နေကြမှာ။ ဒီအသင်းက ပရီးမီးယားလိဂ် ဖလား ပြန်ယူပေးခဲ့တာပါ။ ဒါပေမယ့် အကောင်းဆုံး ဆိုတဲ့ လီဗာပူးအသင်းတွေက သူတို့ စွမ်းဆောင်ရည်တွေကို တစ်နှစ်ပြီး တစ်နှစ် ဆက် ထိန်းပြနိုင်တယ်။

ကလော့ပ်ကတော့ ကစားသမားတွေ ဘက်က ကာကွယ်ပြောဆိုနေတာပဲ။ ဒါပေမယ့် မြင်ရတာတော့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ် မထင်တော့ဘူး။ အခြေအနေက တကယ်ကို ခက်ခဲသွားပြီ။ သူတို့က သိပ် အခြေအနေ ဆိုးနေတယ်။ လီဗာပူး ဖြစ်သွားတာက ယုံတောင် မယုံနိုင်စရာပဲ။ ကစားသမားတွေ တော်တော် များများ တချိန်တည်း ခြေပျက်သွားတော့တာ။ ” လို့ ကာရေဂါက သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဂ်င္မီ ကာေရဂါကေတာ့ ညက အိမ္ကြင္း အန္းဖီးလ္မွာ ဘန္ေလကို အံ့အားသင့္ဖြယ္ ရွံဳးနိမ့္သြားတဲ့ေနာက္ မယံုနုိင္ေအာင္ ျဖစ္ေနျပီး အသင္းက ကစားသမား ၅ ဦးကို စိုးရိမ္ေနမိျပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ကာေရဂါ ရည္ညႊန္းခဲ့တာက ဆာလက္၊ ဖာမီနို၊ မာေနး၊ ေရာ္ဘတ္ဆန္နဲ႕ ထရန္႔တို႔ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးဟာ ဘန္ေလကို ရွံဳးျပီးေနာက္ သူတို႔ရဲ႕ အိမ္ကြင္း ရွံဳးပြဲ မရွိမွတ္တမ္းကို ၆၈ ပြဲမွာ အဆံုးသတ္ခဲ့ရျပီလည္းျ ဖစ္ပါတယ္။ လီဗာပူးက ေဘာလံုး ပိုင္ဆိုင္မႈ အသာစီးယူျပီး အခြင့္အေရး ဖန္တီးမႈေတြ ရွိေသာ္လည္း ထံုးစံ အတိုင္း ဂိုး မသြင္းနုိင္ဘဲ ျဖစ္ေနခဲ့တာပါ။

ကာေရဂါကေတာ့ လီဗာပူးရဲ႕ စိုးရိမ္ဖြယ္ အေနအထားထဲမွာ စိတ္ပူရတဲ့ ကစားသမားေတြ အေၾကာင္း ပြဲအျပီး စကိုင္းစေပါ့ အစီအစဥ္မွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” ဒီေလာက္ ေျခပ်က္ အေျခအေနဆိုးတဲ့ လီဗာပူးအသင္းကို ေနာက္္ဆံုး ျမင္ခဲ့ရတာက ဘယ္တုန္းကလဲေတာင္ က်ေနာ္ မမွတ္မိေတာ့ဘူး။ တိုက္စစ္ သံုးေယာက္နဲ႕ ခံစစ္ အစြန္ နွစ္ေယာက္၊ အဲဒီ ၅ ေယာက္က သူတို႔ အေကာငး္ဆံုး ေျခစြမ္းနားကို နည္းနည္းပါးပါးေတာင္ မေရာက္ဘူး ျဖစ္ေနတယ္။

ဒါ က သူတို႔ ဂိုးမသြင္းတာတင္ ေျပာေနတာ မဟုတ္ဘူး၊ ကစားတာကိုပါ ေျပာေနတာပါ။ ဆာလက္ကို ခင္ဗ်ားတို႔ ေတြ႔ၾကတာပဲ။ ခံစစ္သမားေတြဆီ ခ်ည္း ေျပးေျပး၀င္ေနတာ သံုးေလးခါ ရွိတယ္။ လီဗာပူး ပရိသတ္ေတြေတာ့ ေဒါသအၾကီးၾကီး ထြက္ေနၾကမွာ။ ဒီအသင္းက ပရီးမီးယားလိဂ္ ဖလား ျပန္ယူေပးခဲ့တာပါ။ ဒါေပမယ့္ အေကာင္းဆံုး ဆိုတဲ့ လီဗာပူးအသင္းေတြက သူတို႔ စြမ္းေဆာင္ရည္ေတြကို တစ္နွစ္ျပီး တစ္နွစ္ ဆက္ ထိန္းျပနိုင္တယ္။

ကေလာ့ပ္ကေတာ့ ကစားသမားေတြ ဘက္က ကာကြယ္ေျပာဆိုေနတာပဲ။ ဒါေပမယ့္ ျမင္ရတာေတာ့ ခ်န္ပီယံဘြဲ႕ကို ကာကြယ္နိုင္မယ္ မထင္ေတာ့ဘူး။ အေျခအေနက တကယ္ကို ခက္ခဲသြားျပီ။ သူတို႔က သိပ္ အေျခအေန ဆိုးေနတယ္။ လီဗာပူး ျဖစ္သြားတာက ယံုေတာင္ မယံုနိုင္စရာပဲ။ ကစားသမားေတြ ေတာ္ေတာ္ မ်ားမ်ား တခ်ိန္တည္း ေျခပ်က္သြားေတာ့တာ။ ” လို႔ ကာေရဂါက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။