လီဗာပူးအသင်းရဲ့ ဝါရင့် ကစားသမားကြီး မီလ်နာက ဘန်လေကို ၁-၀ ဖြင့် အရေးနိမ့်အပြီးမှာ အသင်းသားတွေနဲ့ အသင်းပရိသတ်တွေကို စုစုစည်းစည်း ပြန်ကြိုးစားကြဖို့ ရည်ရွယ်တဲ့ တိုက်တွန်းမှုကို ပြုလုပ်သွားပါတယ်။

လက်ရှိ ချန်ပီယံ လီဗာပူးအသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေ ဆက်တိုက် ရနေမှုနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးနဲ့ ၆ မှတ်ထိ ပြတ်သွားခဲ့ပါပြီ။ အသင်းရဲ့ အန်ဖီးကွင်းမှာ ၆၈ ပွဲဆက် ရံှူးပွဲမရှိ စံချိန်ကလည်း မထင်မှတ်ထားတဲ့ ပုံစံဖြင့် ချိုးဖျက်ခံလိုက်ရကာ လီဗာပူးအသိုင်းအဝိုင်းက အတော်လေး တုန်လှုပ်နေခဲ့တာဖြစ်တယ်။

အသက် ၃၅ နှစ်အရွယ် ကစားသမားကြီးက ပရိသတ်တွေကို ယာဂင်အပေါ် ထောက်ခံ အားပေးကြဖို့ ရည်ရွယ်ချက်ဖြင့် တွစ်တာမှာ ယာဂင်ကလော့ပ် ပုံနဲ့အတူ အောက်ပါ တိုက်တွန်းစာတွေကို ရေးသားသွားခဲ့တယ်။

မီလ်နာက’ အခုချိန်မှာ You’ll Never Walk Alone ဆိုတာက အရင်တုန်းကထက် ပိုပြီး လိုအပ်လာခဲ့ပြီဖြစ်ပါတယ်။ ကျနော်တို့ အသင်းသားတွေဘက်က စိတ်မကောင်းဖြစ်ရတဲ့ ခံစားချက်တွေကလွဲရင် အခြား ဘယ်လို ခံစားချက်မှကို မရှိတော့ပါဘူး။ ဆင်ခြေတွေကလည်း အကူအညီဖြစ်မှာ မဟုတ်ပါဘူး။

အားလုံးက ကျနေ်ာတို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျနေ်ာတို့ နည်းလမ်းတွေအတိုင်း ပြန်လည်တုန့်ပြန်နိုင်ဖို့ဆိုတာက ကျနေ်ာတို့ အပေါ်မှာပဲ မူတည်တယ်။ ကစားသမားတွေ၊ ပရိသတ်တွေ အားလုံး အတူတကွ ပြန်လည် ပေါင်းစည်းမိကြမယ်ဆိုရင် ကျနေ်ာတို့ရဲ့ အတောင့်တင်းဆုံး ပုံစံတွေ ပြန်ရလာပါမယ် ‘ လို့ ဆိုခဲ့တယ်။

အဆိုပါ အမှာစကားတွေကို မီလ်နာက #UnityIsStrength #YNWA အစရှိတဲ့ ရည်ညွှန်းချက်တွေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်း အလိုအပ်ဆုံး အချိန်တွေမှာ အမြဲ ရှိပေးခဲ့ကြတဲ့ ပရိသတ်တွေက အန်ဖီးကွင်းမှာ ရှိမနေနိုင်ပေမယ့် ရုန်းကန်နေရတဲ့ အသင်းအပေါ် အကောင်းမြင်တဲ့ အားပေးမှုတွေဖြင့် အင်အားတွေ ပေးကြမယ်လို့ ယုံကြည်နေမိပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဝါရင့္ ကစားသမားၾကီး မီလ္နာက ဘန္ေလကို ၁-၀ ျဖင့္ အေရးနိမ့္အျပီးမွာ အသင္းသားေတြနဲ႔ အသင္းပရိသတ္ေတြကို စုစုစည္းစည္း ျပန္ၾကိဳးစားၾကဖို႔ ရည္ရြယ္တဲ့ တိုက္တြန္းမႈကို ျပဳလုပ္သြားပါတယ္။

လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းဟာ ဆိုးရြားတဲ့ ရလဒ္ေတြ ဆက္တိုက္ ရေနမႈနဲ႔အတူ အမွတ္ေပးဇယား ထိပ္ဆံုးနဲ႔ ၆ မွတ္ထိ ျပတ္သြားခဲ့ပါျပီ။ အသင္းရဲ႕ အန္ဖီးကြင္းမွာ ၆၈ ပြဲဆက္ ရံွဴးပြဲမရွိ စံခ်ိန္ကလည္း မထင္မွတ္ထားတဲ့ ပံုစံျဖင့္ ခ်ိဳးဖ်က္ခံလိုက္ရကာ လီဗာပူးအသိုင္းအဝိုင္းက အေတာ္ေလး တုန္လႈပ္ေနခဲ့တာျဖစ္တယ္။

အသက္ ၃၅ ႏွစ္အရြယ္ ကစားသမားၾကီးက ပရိသတ္ေတြကို ယာဂင္အေပၚ ေထာက္ခံ အားေပးၾကဖို႔ ရည္ရြယ္ခ်က္ျဖင့္ တြစ္တာမွာ ယာဂင္ကေလာ့ပ္ ပံုနဲ႔အတူ ေအာက္ပါ တိုက္တြန္းစာေတြကို ေရးသားသြားခဲ့တယ္။

မီလ္နာက’ အခုခ်ိန္မွာ You’ll Never Walk Alone ဆိုတာက အရင္တုန္းကထက္ ပိုျပီး လိုအပ္လာခဲ့ျပီျဖစ္ပါတယ္။ က်ေနာ္တို႔ အသင္းသားေတြဘက္က စိတ္မေကာင္းျဖစ္ရတဲ့ ခံစားခ်က္ေတြကလြဲရင္ အျခား ဘယ္လို ခံစားခ်က္မွကို မရွိေတာ့ပါဘူး။ ဆင္ေျခေတြကလည္း အကူအညီျဖစ္မွာ မဟုတ္ပါဘူး။

အားလံုးက က်ေန္ာတို႔အေပၚမွာပဲ မူတည္ပါတယ္။ က်ေန္ာတို႔ နည္းလမ္းေတြအတိုင္း ျပန္လည္တုန္႔ျပန္ႏုိင္ဖို႔ဆိုတာက က်ေန္ာတို႔ အေပၚမွာပဲ မူတည္တယ္။ ကစားသမားေတြ၊ ပရိသတ္ေတြ အားလံုး အတူတကြ ျပန္လည္ ေပါင္းစည္းမိၾကမယ္ဆိုရင္ က်ေန္ာတို႔ရဲ႕ အေတာင့္တင္းဆံုး ပံုစံေတြ ျပန္ရလာပါမယ္ ‘ လို႔ ဆိုခဲ့တယ္။

အဆုိပါ အမွာစကားေတြကို မီလ္နာက #UnityIsStrength #YNWA အစရွိတဲ့ ရည္ညႊန္းခ်က္ေတြျဖင့္ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးအသင္း အလိုအပ္ဆံုး အခ်ိန္ေတြမွာ အျမဲ ရွိေပးခဲ့ၾကတဲ့ ပရိသတ္ေတြက အန္ဖီးကြင္းမွာ ရွိမေနႏုိင္ေပမယ့္ ရုန္းကန္ေနရတဲ့ အသင္းအေပၚ အေကာင္းျမင္တဲ့ အားေပးမႈေတြျဖင့္ အင္အားေတြ ေပးၾကမယ္လို႔ ယံုၾကည္ေနမိပါတယ္။