ဒီရာသီမှာ လူမှုကွန်ယက်ကနေ များစွာသော အပုပ်ချစကားတွေကို လက်ခံရတဲ့ နီကိုးဟာ ဒီလို အခြေအနေကနေ ရုန်းထွက်ဖို့ အတွေ့အကြုံကောင်းတွေ ရလာခဲ့ပြီလို့ ဝန်ခံပါတယ်။

နီကိုးဟာ သူ့အပေါ် ဆိုးဆိုးရွားရွား ဝေဖန်တဲ့ မှတ်ချက်စကားတွေကြောင့် တွစ်တာအကောင့်ကိုတောင် ပိတ်သိမ်းခဲ့သေးသူပါ။ လီဗာပူးစီနီယာတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဟန်ဒိုတို့ရဲ့ အားပေးစကားနဲ့ လမ်းညွှန်ပေးမှုတွေက သူ့ကို ပိုရင့်ကျက်သူဖြစ်လာဖို့ အကူအညီ ဖြစ်စေခဲ့တယ်။

နီကိုးကပဲ “ ၁၉ နှစ်သား ကောင်လေးတစ်ယောက်က ဒီလို မတ်ဆေ့တွေ ပို့ခံသင့်တယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်မှာ အတွေ့အကြုံ မရှိခဲ့ပါဘူး။ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းမှာ ကစားရတာက အမြဲတမ်း ခက်ခဲပါတယ်။ ကျနော်က ငယ်ရွယ်သေးသလို သင်ယူနေပြီး အမှားတွေလည်း လုပ်မိနိုင်ပါတယ်။

ကျနော်အတွက် ဗန်ဒိုက်နဲ့ ဟန်ဒိုလို အတွေ့အကြုံရှိ အသင်းဖော်ကြီးတွေ ရှိခဲ့တယ်။ သူတို့က ကမ္ဘာအကောင်းဆုံး ကစားသမားတွေတောင် ဆိုးရွားတဲ့ မှတ်ချက်တွေ ပေးခြင်းကို ခံရတယ်လို့ ကျနော်ကို ပြောပြခဲ့တယ်။

ဝေဖန်မှုတွေက ကျနော်အပေါ် သက်ရောက်မှုတွေ မရှိတော့ပါဘူး။ သူတို့ အဲ့လို လုပ်ခဲ့မယ်ဆိုရင်လည်း ကျနော်ကို ပိုကောင်းတဲ့ ကစားသမားအဖြစ် ပိုတောင့်တင်းလာဖို့ပဲ အကူအညီ ဖြစ်စေပါတယ် ” လို့ ထုတ်ပြောခဲ့တယ်။

ဘရိုက်တန်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းကို ပင်နယ်တီရစေမယ့် အခွင့်အရေးကို ခပ်လွယ်လွယ် ပေးခဲ့မိတာက နီကိုးရဲ့ အမှားတွေထဲက တစ်ခုဖြစ်တယ်။ အဲ့နောက်ပိုင်း ကစားခွင့်ရချိန်တွေမှာ သူက ပိုကျစ်လစ်တဲ့ ကစားဟန်တွေကို ပြသလာနိုင်ခဲ့တယ်။

နီကိုးကပဲ “ ဘောလုံးသမားအဖြစ် ဆိုးရွားတဲ့ ကစားပွဲကို ကစားခဲ့တာထက် ပိုဆိုးတာ မရှိတော့ပါဘူး။ အရေးကြီးတာက အဲ့အနေအထားကနေ သင်ယူနိုင်ဖို့ပါပဲ။ ကိုယ်လုပ်မိတဲ့ အမှားတွေကနေ မှန်ကန်မှုတွေကို ပြန်လုပ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

နီကိုးဟာ ထရန့် ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် ပွဲကစားခွင့် ပျောက်ဆုံးနေသူပါ။ အသက် ၁၉ နှစ်အရွယ် ဝေလ်းခံစစ်သမားဟာ ဖိအားတွေ ဝင်ပြီး စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ထရန့်နေရာ အစားဝင်ဖို့ အခွင့်အရေးတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ လူမႈကြန္ယက္ကေန မ်ားစြာေသာ အပုပ္ခ်စကားေတြကို လက္ခံရတဲ့ နီကိုးဟာ ဒီလို အေျခအေနကေန ရုန္းထြက္ဖို႔ အေတြ႔အၾကံဳေကာင္းေတြ ရလာခဲ့ျပီလို႔ ဝန္ခံပါတယ္။

နီကိုးဟာ သူ႔အေပၚ ဆိုးဆိုးရြားရြား ေဝဖန္တဲ့ မွတ္ခ်က္စကားေတြေၾကာင့္ တြစ္တာအေကာင့္ကိုေတာင္ ပိတ္သိမ္းခဲ့ေသးသူပါ။ လီဗာပူးစီနီယာေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဟန္ဒိုတို႔ရဲ႕ အားေပးစကားနဲ႔ လမ္းညႊန္ေပးမႈေတြက သူ႔ကို ပိုရင့္က်က္သူျဖစ္လာဖို႔ အကူအညီ ျဖစ္ေစခဲ့တယ္။

နီကိုးကပဲ “ ၁၉ ႏွစ္သား ေကာင္ေလးတစ္ေယာက္က ဒီလို မတ္ေဆ့ေတြ ပို႔ခံသင့္တယ္လို႔ က်ေနာ္ မထင္ပါဘူး။ က်ေနာ္မွာ အေတြ႔အၾကံဳ မရွိခဲ့ပါဘူး။ ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းမွာ ကစားရတာက အျမဲတမ္း ခက္ခဲပါတယ္။ က်ေနာ္က ငယ္ရြယ္ေသးသလို သင္ယူေနျပီး အမွားေတြလည္း လုပ္မိႏုိင္ပါတယ္။

က်ေနာ္အတြက္ ဗန္ဒိုက္နဲ႔ ဟန္ဒိုလို အေတြ႔အၾကံဳရွိ အသင္းေဖာ္ၾကီးေတြ ရွိခဲ့တယ္။ သူတို႔က ကမၻာအေကာင္းဆံုး ကစားသမားေတြေတာင္ ဆိုးရြားတဲ့ မွတ္ခ်က္ေတြ ေပးျခင္းကို ခံရတယ္လို႔ က်ေနာ္ကို ေျပာျပခဲ့တယ္။

ေဝဖန္မႈေတြက က်ေနာ္အေပၚ သက္ေရာက္မႈေတြ မရွိေတာ့ပါဘူး။ သူတို႔ အဲ့လို လုပ္ခဲ့မယ္ဆိုရင္လည္း က်ေနာ္ကို ပိုေကာင္းတဲ့ ကစားသမားအျဖစ္ ပိုေတာင့္တင္းလာဖို႔ပဲ အကူအညီ ျဖစ္ေစပါတယ္ ” လို႔ ထုတ္ေျပာခဲ့တယ္။

ဘရိုက္တန္နဲ႔ပြဲမွာ ျပိဳင္ဘက္အသင္းကို ပင္နယ္တီရေစမယ့္ အခြင့္အေရးကို ခပ္လြယ္လြယ္ ေပးခဲ့မိတာက နီကိုးရဲ႕ အမွားေတြထဲက တစ္ခုျဖစ္တယ္။ အဲ့ေနာက္ပိုင္း ကစားခြင့္ရခ်ိန္ေတြမွာ သူက ပိုက်စ္လစ္တဲ့ ကစားဟန္ေတြကို ျပသလာႏိုင္ခဲ့တယ္။

နီကိုးကပဲ “ ေဘာလံုးသမားအျဖစ္ ဆိုးရြားတဲ့ ကစားပြဲကို ကစားခဲ့တာထက္ ပိုဆိုးတာ မရွိေတာ့ပါဘူး။ အေရးၾကီးတာက အဲ့အေနအထားကေန သင္ယူႏုိင္ဖို႔ပါပဲ။ ကိုယ္လုပ္မိတဲ့ အမွားေတြကေန မွန္ကန္မႈေတြကို ျပန္လုပ္ႏုိင္ဖို႔ ၾကိဳးစားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

နီကိုးဟာ ထရန္႔ ဒဏ္ရာက ျပန္သက္သာလာတဲ့ေနာက္ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနသူပါ။ အသက္ ၁၉ ႏွစ္အရြယ္ ေဝလ္းခံစစ္သမားဟာ ဖိအားေတြ ဝင္ျပီး စြမ္းေဆာင္ရည္ က်ဆင္းေနတဲ့ ထရန္႔ေနရာ အစားဝင္ဖို႔ အခြင့္အေရးေတြ ရွိလာႏုိင္တာ ျဖစ္ပါတယ္။