ကလော့ပ်အနေနဲ့ သူ့စိတ်ကြိုက် ပွဲထွက် ၁၁ ယောက်စာရင်းကို ပြောင်းလဲဖို့ စဉ်းစားဖို့ လိုနေပြီလားဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေါမနစ် မတ်တီယိုက မှတ်ချက်ပေးမှု လုပ်လာပါတယ်။

လီဗာပူးဖြင့် ကစားသမားဘဝ စတင်ခဲ့တဲ့ ဒေါမနစ်ဟာ ကစားသမားဘဝမှာ ကွင်းလယ်နဲ့ ခံစစ်နေရာတွေက ကစားခဲ့သူပါ။ သူက ထရန့်ကို အနားပေးသင့်တယ် ဆိုတဲ့ မှတ်ချက်နဲ့ ထရန့်ဟာ ရုန်းကန်နေရတဲ့ဆိုတဲ့ ဝေဖန်ချက်တွေကိုတော့ ညာအစွန်လူရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ စကားပြောရုံလောက် ဆွေးနွေးတာမျိုး ဖြစ်သင့်ပေမယ့် လူစာရင်းကနေ ထုတ်ဖို့ထိ စဉ်းစားရမယ့် အနေအထား မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။

ဒေါမနစ်က “အာနိုးက လူစာရင်းကနေ ချန်လှပ်ခံထားရလောက်အောင် ဆိုးရွားနေခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ နီကို ဝီလီယံက လူငယ်ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး အခွင့်အရေးတချို့ ရခဲ့တယ်။ ပိုပြီးတော့လဲ ရလာဦးမှာပါ။ ဒါပေမယ့် အာနိုးက ကစားသမားကောင်း တစ်ယောက်ပါ။

အာနိုးရဲ့ ခံစစ်ပိုင်း ကာကွယ်မှုတွေနဲ့ ပက်သက်လို့ ဝေဖန်ထောက်ပြတယ် ဆိုတာက သူ့ရဲ့ နေရာယူ ကစားပုံအကြောင်း စကားစမြည်ပြောတာလောက်ပါပဲ။ သူက ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံး နောက်ခံလူတစ်ယောက်လို့ ထင်ပါတယ်။ သူအောင်မြင်ခဲ့တဲ့ အရာတွေနဲ့ သူရရှိခဲ့တဲ့ ဆုတွေကြောင့်ပေါ့။

ဒါပေမယ့် သူ့အတွက်တော့ ခံစစ်ကစားတဲ့နေရာမှာ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ မင်းက ညာနောက်ခံလူအနေနဲ့ ကစားမယ်ဆိုရင် ကောင်းကောင်းခုခံနိုင်ဖို့ လိုပါတယ်။ အစွန်နေရာက ဒီနေ့ခေတ်မှာ ထူးရှယ်နေရာတစ်ခုပဲ။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းကို တိုက်စစ်အားသန်ကြတယ်။ ဒါကြောင့် ခံစစ်ကိုလဲ မမေ့မလျော့ကာကွယ်ဖို့လိုတယ်။

သူက ကောင်းကောင်းခုခံနိုင်လားဆိုရင် အခုချိန်မှာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် တချိန်မှာ သူတိုးတက်လာမှာ သေချာတယ်။ တချို့ပွဲတွေမှာ ဆုံးဖြတ်ချက်ချတဲ့အပိုင်း လိုအပ်နေတာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

အာနိုးဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားခဲ့ပြီးတော့ ပရီးမီးယားလိဂ်မှာ ဖန်တီးမှု ၂ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၂ ကြိမ်ပဲ ပြုလုပ်ထားနိုင်တာပါ။ နောက်ဆုံး ဖန်တီးပေးခဲ့တာကတော့ ဒီဇင်ဘာ ၁၉ တုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၇-၀ နဲ့နိုင်ခဲ့တဲ့ ပွဲမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ကေလာ့ပ္အေနနဲ႔ သူ႔စိတ္ႀကိဳက္ ပြဲထြက္ ၁၁ ေယာက္စာရင္းကို ေျပာင္းလဲဖို႔ စဥ္းစားဖို႔ လိုေနၿပီလားဆိုတဲ့ ထင္ျမင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့လဲ ေဒါမနစ္ မတ္တီယိုက မွတ္ခ်က္ေပးမႈ လုပ္လာပါတယ္။

လီဗာပူးျဖင့္ ကစားသမားဘဝ စတင္ခဲ့တ့ဲ ေဒါမနစ္ဟာ ကစားသမားဘဝမွာ ကြင္းလယ္နဲ႔ ခံစစ္ေနရာေတြက ကစားခဲ့သူပါ။ သူက ထရန္႔ကို အနားေပးသင့္တယ္ ဆိုတဲ့ မွတ္ခ်က္နဲ႔ ထရန္႔ဟာ ရုန္းကန္ေနရတဲ့ဆိုတဲ့ ေဝဖန္ခ်က္ေတြကိုေတာ့ ညာအစြန္လူရဲ႕ ေျခစြမ္းနဲ႔ ပက္သက္လို႔ စကားေျပာရံုေလာက္ ေဆြးေႏြးတာမ်ိဳး ျဖစ္သင့္ေပမယ့္ လူစာရင္းကေန ထုတ္ဖို႔ထိ စဥ္းစားရမယ့္ အေနအထား မဟုတ္ဘူးလို႔ တုန္႔ျပန္ပါတယ္။

ေဒါမနစ္က “အာႏိုးက လူစာရင္းကေန ခ်န္လွပ္ခံထားရေလာက္ေအာင္ ဆိုး႐ြားေနခဲ့တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ နီကို ဝီလီယံက လူငယ္ကစားသမားေကာင္း တစ္ေယာက္ျဖစ္ၿပီး အခြင့္အေရးတခ်ိဳ႕ ရခဲ့တယ္။ ပိုၿပီးေတာ့လဲ ရလာဦးမွာပါ။ ဒါေပမယ့္ အာႏိုးက ကစားသမားေကာင္း တစ္ေယာက္ပါ။

အာႏိုးရဲ႕ ခံစစ္ပိုင္း ကာကြယ္မႈေတြနဲ႔ ပက္သက္လို႔ ေဝဖန္ေထာက္ျပတယ္ ဆိုတာက သူ႔ရဲ႕ ေနရာယူ ကစားပုံအေၾကာင္း စကားစျမည္ေျပာတာေလာက္ပါပဲ။ သူက ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံး ေနာက္ခံလူတစ္ေယာက္လို႔ ထင္ပါတယ္။ သူေအာင္ျမင္ခဲ့တဲ့ အရာေတြနဲ႔ သူရရွိခဲ့တဲ့ ဆုေတြေၾကာင့္ေပါ့။

ဒါေပမယ့္ သူ႔အတြက္ေတာ့ ခံစစ္ကစားတဲ့ေနရာမွာ တိုးတက္ဖို႔ လိုအပ္ေနေသးတယ္လို႔ ထင္ပါတယ္။ မင္းက ညာေနာက္ခံလူအေနနဲ႔ ကစားမယ္ဆိုရင္ ေကာင္းေကာင္းခုခံႏိုင္ဖို႔ လိုပါတယ္။ အစြန္ေနရာက ဒီေန႔ေခတ္မွာ ထူးရွယ္ေနရာတစ္ခုပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔က အရမ္းကို တိုက္စစ္အားသန္ၾကတယ္။ ဒါေၾကာင့္ ခံစစ္ကိုလဲ မေမ့မေလ်ာ့ကာကြယ္ဖို႔လိုတယ္။

သူက ေကာင္းေကာင္းခုခံႏိုင္လားဆိုရင္ အခုခ်ိန္မွာေတာ့ မဟုတ္ေသးဘူး။ ဒါေပမယ့္ တခ်ိန္မွာ သူတိုးတက္လာမွာ ေသခ်ာတယ္။ တခ်ိဳ႕ပြဲေတြမွာ ဆုံးျဖတ္ခ်က္ခ်တဲ့အပိုင္း လိုအပ္ေနတာပါ ” လို႔ ေျပာဆိုခဲ့ပါတယ္။

အာႏိုးဟာ ဒီရာသီ လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ ၂၁ ပြဲ ကစားခဲ့ၿပီးေတာ့ ပရီးမီးယားလိဂ္မွာ ဖန္တီးမႈ ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္မွာ ၂ ႀကိမ္ပဲ ျပဳလုပ္ထားႏိုင္တာပါ။ ေနာက္ဆုံး ဖန္တီးေပးခဲ့တာကေတာ့ ဒီဇင္ဘာ ၁၉ တုန္းက ခရစၥတယ္ပဲေလ့စ္ကို ၇-၀ နဲ႔ႏိုင္ခဲ့တဲ့ ပြဲမွာပဲ ျဖစ္ပါတယ္။