သီတင်းပတ်အကုန်မှာတော့ လီဗာပူးဟာ အက်ဖ်အေဖလားပွဲအဖြစ် ယူနိုက်တက်ရဲ့ အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လီဗာပူးဟာ ရလဒ်တွေ ကျဆင်းနေတာကြောင့် ဖိအားတွေ ပိုင်ဆိုင်လာနေတာပါ။ ပြိုင်ဘက်ဟောင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဒီပွဲကို အနိုင်ရမယ်ဆိုရင် အသင်းရဲ့ စိတ်ဓါတ်ပိုင်းကို မြင့်တင်ပေးလာနိုင်လို့ အာရုံစိုက် ယှဉ်ပြိုင်မှုမျိုး မြင်လာရမယ်လို့ ယုံကြည်ပါတယ်။
ယာဂင်ကလော့ပ် လက်ထက်မှာ လီဗာပူးက အက်ဖ်အေဖလား ပဉ္စမအဆင့်ထက် ကျော်လွန်ဖူးခြင်း မရှိပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံနေတဲ့ ယူနိုက်တက်ကို စတုတ္ထအဆင့်မှာ ထားခဲ့နိုင်ဖို့တော့ လုပ်နိုင်ဦးမယ်လို့ အိုဝင်က မြင်ပါတယ်။
” တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်အဖြစ် ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ပြန်ပါပြီ။ ဒီတစ်ကြိမ်ကတော့ အိုထရတ်ဖိုဒ့်ကွင်းမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကို ရောက်နိုင်ဖို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီအချက်နဲ့အတူပဲ လူစာရင်းနဲ့ နည်းစနစ်ပိုင်းမှာ အပြောင်းအလဲ ရှိလာတာကို မြင်ရမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာတုန်းက နှစ်သင်းက နည်းစနစ်ပိုင်း အားပြိုင်ခဲ့ကြပေမယ့် မိနစ် ၉၀ ယှဉ်ပြိုင်အပြီးမှာ ထွက်ပေါ်တဲ့ ရလဒ်အတွက် ယူနိုက်တက်က ပိုပြီး ပျော်ရွှင်ခဲ့ကြပါလိမ့်မယ်။
အခုကတော့ ဖလားပွဲပါ။ ဒါက ခြားနားပါလိမ့်မယ်။ ယူနိုက်တက်က အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အန်ဖီးကွင်းမှာ လီဗာပူးကို ကစားခွင့်ပေးခဲ့ရသလို အခြေအနေတွေကို လွယ်လွယ် ခွင့်ပြုသွားတော့မှာ မဟုတ်ပါဘူး။ ယူနိုက်တက်က စစ်စစ်မှန်မှန် ကစားမယ်ဆိုရင် လီဗာပူးအတွက် ကောင်တာကစားဖို့ လမ်းပွင့်သွားနိုင်ပါတယ်။
ဒီအချက်ကြောင့်ပဲ လီဗာပူးက ကျဉ်းမြောင်းတဲ့ ဂိုးကွာခြားမှုဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်သွားမယ်လို့ ကျနော် ထင်ပါတယ် ” လို့ မိုက်ကယ်အိုဝင်က သုံးသပ်သွားတာဖြစ်တယ်။
ယူနိုက်တက်နဲ့ လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၁ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။
ZAWGYI
သီတင္းပတ္အကုန္မွာေတာ့ လီဗာပူးဟာ အက္ဖ္ေအဖလားပြဲအျဖစ္ ယူႏုိက္တက္ရဲ႕ အိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။
လီဗာပူးဟာ ရလဒ္ေတြ က်ဆင္းေနတာေၾကာင့္ ဖိအားေတြ ပိုင္ဆိုင္လာေနတာပါ။ ျပိဳင္ဘက္ေဟာင္းနဲ႔ ယွဥ္ျပိဳင္ရမယ့္ ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ အသင္းရဲ႕ စိတ္ဓါတ္ပိုင္းကို ျမင့္တင္ေပးလာႏုိင္လုိ႔ အာရံုစိုက္ ယွဥ္ျပိဳင္မႈမ်ိဳး ျမင္လာရမယ္လို႔ ယံုၾကည္ပါတယ္။
ယာဂင္ကေလာ့ပ္ လက္ထက္မွာ လီဗာပူးက အက္ဖ္ေအဖလား ပဥၥမအဆင့္ထက္ ေက်ာ္လြန္ဖူးျခင္း မရွိေပမယ့္ ဒီတစ္ၾကိမ္ ေတြ႔ဆံုေနတဲ့ ယူႏုိက္တက္ကို စတုတၳအဆင့္မွာ ထားခဲ့ႏုိင္ဖို႔ေတာ့ လုပ္ႏုိင္ဦးမယ္လို႔ အိုဝင္က ျမင္ပါတယ္။
” တစ္ပတ္အတြင္း ႏွစ္ၾကိမ္ေျမာက္အျဖစ္ ျပိဳင္ဘက္ေဟာင္းေတြျဖစ္တဲ့ ယူႏုိက္တက္နဲ႔ လီဗာပူးတို႔ ထိပ္တိုက္ ေတြ႔ျပန္ပါျပီ။ ဒီတစ္ၾကိမ္ကေတာ့ အိုထရတ္ဖိုဒ့္ကြင္းမွာျဖစ္ျပီး ကြာတားဖိုင္နယ္ကို ေရာက္ႏုိင္ဖို႔ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။
ဒီအခ်က္နဲ႔အတူပဲ လူစာရင္းနဲ႔ နည္းစနစ္ပိုင္းမွာ အေျပာင္းအလဲ ရွိလာတာကို ျမင္ရမယ္လို႔ ထင္ပါတယ္။ ျပီးခဲ့တဲ့ ပြဲမွာတုန္းက ႏွစ္သင္းက နည္းစနစ္ပိုင္း အားျပိဳင္ခ့ဲၾကေပမယ့္ မိနစ္ ၉၀ ယွဥ္ျပိဳင္အျပီးမွာ ထြက္ေပၚတဲ့ ရလဒ္အတြက္ ယူႏုိက္တက္က ပိုျပီး ေပ်ာ္ရႊင္ခဲ့ၾကပါလိမ့္မယ္။
အခုကေတာ့ ဖလားပြဲပါ။ ဒါက ျခားနားပါလိမ့္မယ္။ ယူႏုိက္တက္က အိမ္ကြင္းမွာ ကစားရမွာျဖစ္လို႔ အန္ဖီးကြင္းမွာ လီဗာပူးကို ကစားခြင့္ေပးခဲ့ရသလို အေျခအေနေတြကို လြယ္လြယ္ ခြင့္ျပဳသြားေတာ့မွာ မဟုတ္ပါဘူး။ ယူႏုိက္တက္က စစ္စစ္မွန္မွန္ ကစားမယ္ဆိုရင္ လီဗာပူးအတြက္ ေကာင္တာကစားဖို႔ လမ္းပြင့္သြားႏုိင္ပါတယ္။
ဒီအခ်က္ေၾကာင့္ပဲ လီဗာပူးက က်ဥ္းေျမာင္းတဲ့ ဂိုးကြာျခားမႈျဖင့္ အႏုိင္ရျပီး ေနာက္တစ္ဆင့္ကို တက္သြားမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ မိုက္ကယ္အိုဝင္က သံုးသပ္သြားတာျဖစ္တယ္။
ယူႏုိက္တက္နဲ႔ လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၁ ျဖင့္ အႏိုင္ရမယ္လို႔ ျဖစ္ပါတယ္။