ဒီရက်တွေမှာ ညာအစွန်လူ ထရန့်နဲ့ပက်သက်ပြီး အကြံပြုချက်တွေ အများကြီး ထွက်ပေါ်လာနေခဲ့တယ်။ အားလုံးက ၂၂ နှစ်သား ညာအစွန်လူဟာ ယုံကြည်မှု ကျဆင်းနေတယ်လို့ ထောက်ပြနေကြတာဖြစ်တယ်။
ဘန်လေကို အရေးနိမ့်တဲ့ပွဲမှာ အက်ရှလေ ဘန်းစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် လီဗာပူးအသင်း အရေးနိမ့်ခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ ညာအစွန်နေရာက ထရန့်ဟာ ခံစစ်အတွက် အကူအညီ မဖြစ်သလို တိုက်စစ်အတွက်လည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ပြုလုပ်နေခဲ့မိပါတယ်။
Statszone က ဖော်ပြမှုအရဆိုရင် ဘန်လေပွဲမှာ ထရန့်ဟာ ဖြတ်တင်ဘော ၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး အသင်းဖော်တွေထံ ရောက်အောင် ထိရောက်ခဲ့တာက ၁ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အဆိုပါ တစ်ကြိမ်တည်းသော အခွင့်အရေးက ထောင့်ကန်ဘောကနေ ပေးပို့နိုင်ခဲ့တာဖြစ်တယ်။
ပိုဆိုးတဲ့ အချက်က ထရန့်ဟာ ဘောလုံးဆုံးရံှူးမှု ၃၉ ကြိမ် ထိ ရှိခဲ့ပြီး ဒါက ဒီရာသီ ဘောလုံးဆုံးရံှူးမှု အများဆုံးအဖြစ် စံချိန်တင်အောင်ကို သူအမှားလုပ်ခဲ့တဲ့ နယူးကာဆယ်ပွဲမှာ (၃၁ ကြိမ်) ဘောလုံးဆုံးရံှူးခဲ့ပြီး ၃ ပတ်အကြာမှာဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်ရဲ့ အသက်သွေးကြောဟာ ညာခြမ်းကနေ လာတယ်ဆိုတာက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ မြင်ထားခဲ့ပြီးပါပြီ။ ထရန့်ရဲ့ ဖြတ်တင်ဘော၊ အခွင့်အရေး ဖန်တီးပေးမှုနဲ့ တိုက်စစ်လမ်းကြောင်း ရှာဖွေမှုတွေက လီဗာပူး နိုင်ပွဲတွေအတွက် သော့ချက်ဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဒီရာသီမှာ ကိုဗစ်ကူးစက်ခံရတာ၊ ဒဏ်ရာပြဿနာရှိခဲ့တာတွေက ထရန့်ရဲ့ ယုံကြည်မှုတွေကို ကျဆင်းစေခဲ့တယ်။ လူငယ်ကစားသမားလေးဟာ အာရုံစူးစိုက်မှုကို မထိန်းနိုင်ဘဲ အမှားတွေ ထပ်ခါထပ်ခါ လုပ်မိနေခြင်းဖြစ်တယ်။
သူ့ကို လူစာရင်းကနေ ထုတ်ထားဖို့ထိ တိုက်တွန်းမှု ရှိနေပေမယ့်လည်း မန်နေဂျာကလော့ပ်က အဆုံးသတ်ပိုင်း ကိစ္စတွေမှာ အသင်းသားတွေ အမှားတွေလုပ်နေတာ သူသိတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မန်နေဂျာအနေနဲ့ ထရန့်ရဲ့ ယုံကြည်မှုကို ပြန်တိုးတက်လာဖို့ လုပ်ဆောင်ပေးနိုင်ခြင်းဟာ လီဗာပူးကစားကွက် တိုးတက်လာဖို့ရာ အဓိက ကျလာမှာဖြစ်ပါတယ်။
ZAWGYI
ဒီရက္ေတြမွာ ညာအစြန္လူ ထရန္႔နဲ႔ပက္သက္ျပီး အၾကံျပဳခ်က္ေတြ အမ်ားၾကီး ထြက္ေပၚလာေနခဲ့တယ္။ အားလံုးက ၂၂ ႏွစ္သား ညာအစြန္လူဟာ ယံုၾကည္မႈ က်ဆင္းေနတယ္လို႔ ေထာက္ျပေနၾကတာျဖစ္တယ္။
ဘန္ေလကို အေရးနိမ့္တဲ့ပြဲမွာ အက္ရွေလ ဘန္းစ္ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးျဖင့္ လီဗာပူးအသင္း အေရးနိမ့္ခဲ့တာျဖစ္တယ္။ အဆိုပါပြဲမွာ ညာအစြန္ေနရာက ထရန္႔ဟာ ခံစစ္အတြက္ အကူအညီ မျဖစ္သလို တိုက္စစ္အတြက္လည္း မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြကိုပဲ ျပဳလုပ္ေနခဲ့မိပါတယ္။
Statszone က ေဖာ္ျပမႈအရဆိုရင္ ဘန္ေလပြဲမွာ ထရန္႔ဟာ ျဖတ္တင္ေဘာ ၂၂ ၾကိမ္ ျပဳလုပ္ခဲ့ျပီး အသင္းေဖာ္ေတြထံ ေရာက္ေအာင္ ထိေရာက္ခဲ့တာက ၁ ၾကိမ္ပဲ ရွိခဲ့ပါတယ္။ အဆိုပါ တစ္ၾကိမ္တည္းေသာ အခြင့္အေရးက ေထာင့္ကန္ေဘာကေန ေပးပို႔ႏုိင္ခဲ့တာျဖစ္တယ္။
ပိုဆိုးတဲ့ အခ်က္က ထရန္႔ဟာ ေဘာလံုးဆံုးရံွဴးမႈ ၃၉ ၾကိမ္ ထိ ရွိခဲ့ျပီး ဒါက ဒီရာသီ ေဘာလံုးဆံုးရံွဴးမႈ အမ်ားဆံုးအျဖစ္ စံခ်ိန္တင္ေအာင္ကို သူအမွားလုပ္ခဲ့တဲ့ နယူးကာဆယ္ပြဲမွာ (၃၁ ၾကိမ္) ေဘာလံုးဆံုးရံွဴးခဲ့ျပီး ၃ ပတ္အၾကာမွာျဖစ္ပါတယ္။
လီဗာပူးတိုက္စစ္ရဲ႕ အသက္ေသြးေၾကာဟာ ညာျခမ္းကေန လာတယ္ဆိုတာက ျပီးခဲ့တဲ့ ေဘာလံုးရာသီေတြမွာ ျမင္ထားခဲ့ျပီးပါျပီ။ ထရန္႔ရဲ႕ ျဖတ္တင္ေဘာ၊ အခြင့္အေရး ဖန္တီးေပးမႈနဲ႔ တိုက္စစ္လမ္းေၾကာင္း ရွာေဖြမႈေတြက လီဗာပူး ႏုိင္ပြဲေတြအတြက္ ေသာ့ခ်က္ျဖစ္ခဲ့တာပါ။
ဒါေပမယ့္ ဒီရာသီမွာ ကိုဗစ္ကူးစက္ခံရတာ၊ ဒဏ္ရာျပႆနာရွိခဲ့တာေတြက ထရန္႔ရဲ႕ ယံုၾကည္မႈေတြကို က်ဆင္းေစခဲ့တယ္။ လူငယ္ကစားသမားေလးဟာ အာရံုစူးစိုက္မႈကို မထိန္းႏုိင္ဘဲ အမွားေတြ ထပ္ခါထပ္ခါ လုပ္မိေနျခင္းျဖစ္တယ္။
သူ႔ကို လူစာရင္းကေန ထုတ္ထားဖို႔ထိ တိုက္တြန္းမႈ ရွိေနေပမယ့္လည္း မန္ေနဂ်ာကေလာ့ပ္က အဆံုးသတ္ပိုင္း ကိစၥေတြမွာ အသင္းသားေတြ အမွားေတြလုပ္ေနတာ သူသိတယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ မန္ေနဂ်ာအေနနဲ႔ ထရန္႔ရဲ႕ ယံုၾကည္မႈကို ျပန္တိုးတက္လာဖို႔ လုပ္ေဆာင္ေပးႏုိင္ျခင္းဟာ လီဗာပူးကစားကြက္ တိုးတက္လာဖို႔ရာ အဓိက က်လာမွာျဖစ္ပါတယ္။