ဂရုဂျစ်ဟာ ဒီရာသီမှာ ပေါ်တိုအတွက် ၃၄၂ မိနစ်ပဲ ကစားပေးထားနိုင်ပါတယ်။ သူဟာ မနှစ်က ဟာသာကို အငှားထွက်ချိန်မှာ ပွဲကစားခွင့်တွေ သေချာခဲ့ပေမယ့် ပေါ်တူဂီလိဂ်မျာတော့ အဲ့လို မလုပ်နိုင်ပါဘူး။

ပေါ်တိုမှာ အခြေအနေမကောင်းဖြစ်နေတဲ့ ဂရုဂျစ်ရဲ့ အားနည်းချက်နဲ့ ပက်သက်လို့ ပေါ်တူဂီ ဘောလုံးကျွမ်းကျင်သူက လီဗာပူးဖန်းဆိုဒ် Echo ရဲ့ podcast အစီအစဉ်မှာ ဆွေးနွေးပေးခဲ့ပါတယ်။

” ပေါ်တိုမှာ ကွင်းလယ်လူ အိုလီဗီယာ ပွဲထွက်ခွင့်ရနေပြီး သူ့ရဲ့နေရာကို ကာကွယ်ထားနိုင်တာကတော့ သူက ပေါ်တိုအသင်းရဲ့ နှလုံးအိမ်လို ကစားသမား ဖြစ်နေလို့ပါပဲ။ သူက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားလို့တောင် ပြောလို့ ရနိုင်ပါတယ် ” ဆိုပြီး ပေါ်တူဂီဘောလုံး ကျွမ်းကျင်သူ စကော့မာတင်က Blood Red podcast ကို ပြောပြပါတယ်။

” ဒီတော့ ဂရုဂျစ်အနေနဲ့ ကွင်းလယ်ပိုင်းမှာ ပါဝင်ခွင့်ရဖို့ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ အူရီဘီရဲ့ နေရာမှာပဲ ပြိုင်ဆိုင်သွားရမှာပါ။ ဒါပေမယ့်လို့ အဲ့လိုဖြစ်လာဖို့ ဂရုဂျစ်က ပေါ်တိုရဲ့ ကစားကွက်မှာ ပိုမို သက်သောင့်သက်သာ ရှိလာဖို့ လိုပါတယ်။

ပေါ်တိုက အစွန်ကွင်းလယ်လူတွေထားတဲ့ ၄-၄-၂ ကစားကွက်နဲ့ ကစားနေတာပါ။ တောင်ပံ ကွင်းလယ်လူတွေဟာ half-spaces တွေထဲကို ဝင်ကစားရပြီး သူတို့ရဲ့ ကွင်းလယ်က ခပ်ကပ်ကပ်လေး ကစားတာဖြစ်တယ်။ တောင်ပံတွေကတော့ အစွန်သမားတွေအတွက် နေရာဖြစ်ပါတယ်။

ဒီတော့ ကွင်းလယ်လေးယောက်ထဲက နှစ်ယောက်က ကွင်းလယ်နေရာတွေကို ထိန်းချုပ်ပေးရတယ်။ ဂရုဂျစ်က အခုချိန်မှာ ပေါ်တို ကွင်းလယ်လူနှစ်ဦး လုပ်ပြသလို လုပ်ပြနိုင်ဖို့ အခက်တွေ့နေပါတယ်။

ပေါ်တိုကစားတဲ့ အရှိန်နှုန်းက သူ ဟာသာဘာလင်မှာ ကစားခဲ့တာထက် ပိုပြီး မြန်ပါတယ်။ နည်းစနစ်ပိုင်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရချိန်မှာ သူက ပေါ်တိုနည်းစနစ်ကို ပိုမို အသားကျလာဖို့ လိုပါတယ် ” လို့ ထောက်ပြခဲ့တာဖြစ်တယ်။

ဂရုဂျစ်ဟာ အလားအလာရှိပေမယ့်လည်း နည်းစနစ်ပိုင်းမှာ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ သူဟာ လီဗာပူးရဲ့ ကစားကွက်မှာ အံဝင်ဖို့ ခက်ခဲတာကြောင့် အငှားထွက်ကစားနေရပြီး သူ့ရဲ့ အငှားကစားသမားဘဝ ပထမဆုံးအဖြစ် ပေါ်တိုမှာတော့ ပွဲကစားရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ZAWGYI

ဂရုဂ်စ္ဟာ ဒီရာသီမွာ ေပၚတိုအတြက္ ၃၄၂ မိနစ္ပဲ ကစားေပးထားႏုိင္ပါတယ္။ သူဟာ မႏွစ္က ဟာသာကို အငွားထြက္ခ်ိန္မွာ ပြဲကစားခြင့္ေတြ ေသခ်ာခဲ့ေပမယ့္ ေပၚတူဂီလိဂ္မ်ာေတာ့ အဲ့လို မလုပ္ႏုိင္ပါဘူး။

ေပၚတိုမွာ အေျခအေနမေကာင္းျဖစ္ေနတဲ့ ဂရုဂ်စ္ရဲ႕ အားနည္းခ်က္နဲ႔ ပက္သက္လို႔ ေပၚတူဂီ ေဘာလံုးကၽြမ္းက်င္သူက လီဗာပူးဖန္းဆိုဒ္ Echo ရဲ႕ podcast အစီအစဥ္မွာ ေဆြးေႏြးေပးခဲ့ပါတယ္။

” ေပၚတိုမွာ ကြင္းလယ္လူ အိုလီဗီယာ ပြဲထြက္ခြင့္ရေနျပီး သူ႔ရဲ႕ေနရာကို ကာကြယ္ထားႏုိင္တာကေတာ့ သူက ေပၚတိုအသင္းရဲ႕ ႏွလံုးအိမ္လို ကစားသမား ျဖစ္ေနလို႔ပါပဲ။ သူက လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားလို႔ေတာင္ ေျပာလို႔ ရႏုိင္ပါတယ္ ” ဆိုျပီး ေပၚတူဂီေဘာလံုး ကၽြမ္းက်င္သူ စေကာ့မာတင္က Blood Red podcast ကို ေျပာျပပါတယ္။

” ဒီေတာ့ ဂရုဂ်စ္အေနနဲ႔ ကြင္းလယ္ပိုင္းမွာ ပါဝင္ခြင့္ရဖို႔ ေနာက္ထပ္ ကြင္းလယ္လူျဖစ္တဲ့ အူရီဘီရဲ႕ ေနရာမွာပဲ ျပိဳင္ဆိုင္သြားရမွာပါ။ ဒါေပမယ့္လို႔ အဲ့လိုျဖစ္လာဖို႔ ဂရုဂ်စ္က ေပၚတိုရဲ႕ ကစားကြက္မွာ ပိုမို သက္ေသာင့္သက္သာ ရွိလာဖို႔ လိုပါတယ္။

ေပၚတိုက အစြန္ကြင္းလယ္လူေတြထားတဲ့ ၄-၄-၂ ကစားကြက္နဲ႔ ကစားေနတာပါ။ ေတာင္ပံ ကြင္းလယ္လူေတြဟာ half-spaces ေတြထဲကို ဝင္ကစားရျပီး သူတို႔ရဲ႕ ကြင္းလယ္က ခပ္ကပ္ကပ္ေလး ကစားတာျဖစ္တယ္။ ေတာင္ပံေတြကေတာ့ အစြန္သမားေတြအတြက္ ေနရာျဖစ္ပါတယ္။

ဒီေတာ့ ကြင္းလယ္ေလးေယာက္ထဲက ႏွစ္ေယာက္က ကြင္းလယ္ေနရာေတြကို ထိန္းခ်ဳပ္ေပးရတယ္။ ဂရုဂ်စ္က အခုခ်ိန္မွာ ေပၚတို ကြင္းလယ္လူႏွစ္ဦး လုပ္ျပသလို လုပ္ျပႏုိင္ဖို႔ အခက္ေတြ႔ေနပါတယ္။

ေပၚတိုကစားတဲ့ အရွိန္ႏႈန္းက သူ ဟာသာဘာလင္မွာ ကစားခဲ့တာထက္ ပိုျပီး ျမန္ပါတယ္။ နည္းစနစ္ပိုင္း အရည္အခ်င္းရွိတဲ့ ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္ရခ်ိန္မွာ သူက ေပၚတိုနည္းစနစ္ကို ပိုမို အသားက်လာဖို႔ လိုပါတယ္ ” လို႔ ေထာက္ျပခဲ့တာျဖစ္တယ္။

ဂရုဂ်စ္ဟာ အလားအလာရွိေပမယ့္လည္း နည္းစနစ္ပိုင္းမွာ လိုက္ေလ်ာညီေထြျဖစ္ဖို႔ လိုအပ္ခ်က္ေတြ ရွိေနပါတယ္။ သူဟာ လီဗာပူးရဲ႕ ကစားကြက္မွာ အံဝင္ဖို႔ ခက္ခဲတာေၾကာင့္ အငွားထြက္ကစားေနရျပီး သူ႔ရဲ႕ အငွားကစားသမားဘဝ ပထမဆံုးအျဖစ္ ေပၚတိုမွာေတာ့ ပြဲကစားရဖို႔ ရုန္းကန္ေနရတာျဖစ္ပါတယ္။