လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဖာဘင်ညိုကို ပြစ်ဒဏ်ပေးတဲ့ ကိစ္စကို မကျေနပ်ပေမယ့် ပွဲက ပြီးခဲ့ပြီဖြစ်ကာ ဆာလာ သွင်းဂိုးရတဲ့အပေါ် ကျေနပ်ဖို့ လိုပါတယ်လို့ ပြောပါတယ်။

ဂိုးပေါက်ပျောက်နေတဲ့ လီဗာပူးတိုက်စစ်ဟာ ဖာမင်နိုရဲ့ ဖန်တီးပေးမှုတွေကနေ ဆာလာ hat-trick ရဖို့ နီးစပ်ခဲ့ပေမယ့် တစ်ကြိမ်မှာ ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့တယ်။ အဆိုပါ သွင်းဂိုးတွေက နိုင်ပွဲရဖို့ထိတော့ အကူအညီ မဖြစ်ခဲ့ပါဘူး။

ကလော့ပ်ကတော့ ” ဟုတ်ပါတယ် ဆာလာရဲ့ သွင်းဂိုး ပြန်ရမှုကို ကျနေ်ာတို့ ကျေနပ်ပါတယ်။ ကျနေ်ာတို့ ၂ ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးတွေ ရယူနိုင်တဲ့ အခြေအနေတွေလည်း ထပ်ရှိခဲ့ပါတယ်။ ခံစစ်ကို သိပ်သိပ်သည်းသည်း ကာကွယ်ထားတဲ့ အသင်းကို ကျနေ်ာတို့ အခွင့်အရေး ဖန်တီးမှုတွေ လုပ်နိုင်ခဲ့တယ်။ အဲ့တာက သိပ်ကောင်းပါတယ်။

ကောင်းတဲ့ကိစ္စတွေလည်း ထပ်ရှိသေးပေမယ့် ဒါက ရလဒ်အပေါ် မူတည်တဲ့ပွဲဖြစ်သလို ကျနေ်ာတို့ ရလဒ် လိုအပ်ခဲ့ပါတယ်။ ကျနေ်ာတို့ ၂ ဂိုး သွင်းနိုင်ရင် ၃ ဂိုး ပြန်ပေးသင့်ပါဘူး။ သွင်းဂိုးတွေနဲ့ ပက်သက်လာရင် အမှားတွေလည်း ရှိခဲ့တယ်။ ပထမဂိုးမှာ ကာကွယ်မှု မလုပ်နိုင်ခဲ့ဘူး။ ဒုတိယဂိုး ပေးချက်တွေ မှားတာကစတယ်။ နောက်ပြီး တတိယဂိ ပေးလေိုက်ရတာပေါ့။ ” လို့ ဆိုခဲ့တယ်။

ကာဗာနီနဲ့ ဖာဘင်ညို ပြစ်ဒဏ်ဖြစ်မှုမှာ တည်ကန်ဘော ခွင့်ပြုခဲ့ရပေမယ့် မပေးသင့်တဲ့ ကိစ္စလို့ သတင်းသမားတွေက ကလော့ပ်ကို ပြောခဲ့တာပါ။ ကလော့ပ်က မင်းတို့လည်း ဒီလို ပြောပေမယ့် အဲ့ကိစ္စကို ပြန်ပြင်လို့မှ မရတာလို့ တုန့်ပြန်ခဲ့တယ်။ အခုချိန်မှာ ဆက်ပြီး ကြိုးစားဖို့ပဲ ရှိပါတယ်လို့ ဆက်ပြီး တုန့်ပြန်ခဲ့ပါတယ်။

ကာဗာနီက ဖာဘင်ညိုကို လှည့်ထွက်ရာမှာ ဥရုဂွေး တိုက်စစ်သမားက မာယာများခဲ့ပေမယ့် ဒိုင်လူကြီးက အဆိုပါ ကိစ္စကို ပြစ်ဒဏ် သက်မှတ်ပေးခဲ့တာပါ။ ဖာနန်ဒက်စ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းပြီး တတိယဂိုး ရယူခဲ့ခြင်းဖြစ်တယ်။

ကလော့ပ်က ” တတိယဂိုးကတော့ ပြစ်ဒဏ်ဘော မဖြစ်သင့်ပါဘူ။ ဒါကို ကျနော် ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဧရိယာထိပ်မှာ ဖရီးကစ်ရသွားတယ် ခင်ဗျားတို့ ဂျာနယ်လစ်တွေ ကိုယ်တိုင်က ဒါက ဖောင်းမဖြစ်သင့်ဘူးပြောတယ်။ ဒါပေမယ့် ကျနော်က ပြန်လုပ်လို့လည်း မရတော့ဘူး။

ပွဲထဲမှာ ကိုယ်က မှန်ကန်တဲ့ ကိစ္စတွေကို ထပ်ခါ ထပ်ခါ လုပ်ဖို့ လိုပါတယ်။ အပြောင်းအလဲ လုပ်လိုရင် ပြင်းပြင်းထန်ထန် လုပ်ဖို့ပဲရှိတယ်။ ကျနေ်ာတို့ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်သွားရပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဖာဘင္ညိဳကို ျပစ္ဒဏ္ေပးတဲ့ ကိစၥကို မေက်နပ္ေပမယ့္ ပြဲက ျပီးခဲ့ျပီျဖစ္ကာ ဆာလာ သြင္းဂိုးရတဲ့အေပၚ ေက်နပ္ဖို႔ လိုပါတယ္လို႔ ေျပာပါတယ္။

ဂိုးေပါက္ေပ်ာက္ေနတဲ့ လီဗာပူးတိုက္စစ္ဟာ ဖာမင္ႏိုရဲ႕ ဖန္တီးေပးမႈေတြကေန ဆာလာ hat-trick ရဖို႔ နီးစပ္ခဲ့ေပမယ့္ တစ္ၾကိမ္မွာ ဟန္ဒါဆန္ ကာကြယ္ႏုိင္ခဲ့ျပီး သြင္းဂိုး ၂ ဂိုး ရခဲ့တယ္။ အဆိုပါ သြင္းဂိုးေတြက ႏုိင္ပြဲရဖို႔ထိေတာ့ အကူအညီ မျဖစ္ခဲ့ပါဘူး။

ကေလာ့ပ္ကေတာ့ ” ဟုတ္ပါတယ္ ဆာလာရဲ႕ သြင္းဂိုး ျပန္ရမႈကို က်ေန္ာတို႔ ေက်နပ္ပါတယ္။ က်ေန္ာတို႔ ၂ ဂိုးသြင္းႏုိင္ခဲ့ျပီး ဂိုးေတြ ရယူႏုိင္တဲ့ အေျခအေနေတြလည္း ထပ္ရွိခဲ့ပါတယ္။ ခံစစ္ကို သိပ္သိပ္သည္းသည္း ကာကြယ္ထားတဲ့ အသင္းကို က်ေန္ာတို႔ အခြင့္အေရး ဖန္တီးမႈေတြ လုပ္ႏုိင္ခဲ့တယ္။ အဲ့တာက သိပ္ေကာင္းပါတယ္။

ေကာင္းတဲ့ကိစၥေတြလည္း ထပ္ရွိေသးေပမယ့္ ဒါက ရလဒ္အေပၚ မူတည္တဲ့ပြဲျဖစ္သလို က်ေန္ာတို႔ ရလဒ္ လိုအပ္ခဲ့ပါတယ္။ က်ေန္ာတို႔ ၂ ဂိုး သြင္းႏုိင္ရင္ ၃ ဂိုး ျပန္ေပးသင့္ပါဘူး။ သြင္းဂိုးေတြနဲ႔ ပက္သက္လာရင္ အမွားေတြလည္း ရွိခဲ့တယ္။ ပထမဂိုးမွာ ကာကြယ္မႈ မလုပ္ႏုိင္ခဲ့ဘူး။ ဒုတိယဂိုး ေပးခ်က္ေတြ မွားတာကစတယ္။ ေနာက္ျပီး တတိယဂိ ေပးေလိုက္ရတာေပါ့။ ” လို႔ ဆိုခဲ့တယ္။

ကာဗာနီနဲ႔ ဖာဘင္ညိဳ ျပစ္ဒဏ္ျဖစ္မႈမွာ တည္ကန္ေဘာ ခြင့္ျပဳခဲ့ရေပမယ့္ မေပးသင့္တဲ့ ကိစၥလို႔ သတင္းသမားေတြက ကေလာ့ပ္ကို ေျပာခဲ့တာပါ။ ကေလာ့ပ္က မင္းတို႔လည္း ဒီလို ေျပာေပမယ့္ အဲ့ကိစၥကို ျပန္ျပင္လို႔မွ မရတာလို႔ တုန္႔ျပန္ခဲ့တယ္။ အခုခ်ိန္မွာ ဆက္ျပီး ၾကိဳးစားဖို႔ပဲ ရွိပါတယ္လုိ႔ ဆက္ျပီး တုန္႔ျပန္ခဲ့ပါတယ္။

ကာဗာနီက ဖာဘင္ညိဳကို လွည့္ထြက္ရာမွာ ဥရုေဂြး တိုက္စစ္သမားက မာယာမ်ားခဲ့ေပမယ့္ ဒိုင္လူၾကီးက အဆိုပါ ကိစၥကို ျပစ္ဒဏ္ သက္မွတ္ေပးခဲ့တာပါ။ ဖာနန္ဒက္စ္က ျပစ္ဒဏ္ေဘာကို တိုက္ရိုက္ ကန္သြင္းျပီး တတိယဂိုး ရယူခဲ့ျခင္းျဖစ္တယ္။

ကေလာ့ပ္က ” တတိယဂိုးကေတာ့ ျပစ္ဒဏ္ေဘာ မျဖစ္သင့္ပါဘူ။ ဒါကို က်ေနာ္ ေျပာင္းလဲႏုိင္လိမ့္မယ္လို႔ မထင္ဘူး။ ဧရိယာထိပ္မွာ ဖရီးကစ္ရသြားတယ္ ခင္ဗ်ားတို႔ ဂ်ာနယ္လစ္ေတြ ကိုယ္တိုင္က ဒါက ေဖာင္းမျဖစ္သင့္ဘူးေျပာတယ္။ ဒါေပမယ့္ က်ေနာ္က ျပန္လုပ္လို႔လည္း မရေတာ့ဘူး။

ပြဲထဲမွာ ကိုယ္က မွန္ကန္တဲ့ ကိစၥေတြကို ထပ္ခါ ထပ္ခါ လုပ္ဖို႔ လိုပါတယ္။ အေျပာင္းအလဲ လုပ္လိုရင္ ျပင္းျပင္းထန္ထန္ လုပ္ဖို႔ပဲရွိတယ္။ က်ေန္ာတို႔ မွန္ကန္တဲ့ ကိစၥေတြကို လုပ္သြားရပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။