တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ ညက ၎င်းရဲ့ ကလပ်အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ ပွဲမှာ ပွဲရလဒ် အဆုံးအဖြတ် ဖြစ်သွားစေတဲ့ အဓိက ကွာခြားချက်ကတော့ ယုံကြည်မှုသာ ဖြစ်ကြောင်း ပွဲ အပြီးမှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ၆ ရာသီအတွင်း အက်ဖ်အေဖလား ပြိုင်ပွဲ စတုတ္ထအဆင့်ကနေ လှည့်ပြန်ရတာ ၅ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အန်းဖီးပွဲက ပွဲမှာ ဒီနှစ်သင်းက ဂိုးမရှိ သရေကျခဲ့ပေမယ့် ညက အိုးထရက်ဖို့ဒ်မှာတော့ အပြန်အလှန် ဂိုးများ သွင်းယူကာ အိမ်ရှင် ယူနိုက်တက်က ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

ရလဒ်တွေ ကျဆင်းနေတဲ့ လီဗာပူးကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ကစားတဲ့ ၇ ပွဲမှာ ၁ပွဲသာ နိုင်ပွဲရထားပြီ ဖြစ်ကာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား ဦးဆောင်သူ နေရာက ဖယ်ပေးထားရပြီး အဆင့် ၄ ရောက်နေပါတယ်။ အိုဝင်ကတော့ ဒီနှစ်သင်းကြား အဆုံးအဖြတ် ဖြစ်သွားစေတာက အသင်းသားတွေရဲ့ ယုံကြည်မှုပိုင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

” ကျနော် လီဗာပူးဘက်က အမြင်နဲ့ ပြောမယ်ဆိုရင် ရလဒ်က စိတ်ပျက်ဖွယ်ပါ။ ဒါပေမယ့် ဂိုး ၂ဂိုး သွင်းနိုင်တာက ယာဂင်ကလော့ပ် အတွက် ဝမ်းမြောက်စရာပါပဲ.. နောက်ပြီး မိုဆာလက်အတွက်ရောပေါ့။

ဒီနေ့ပွဲမှာ နှစ်သင်းကြား ကွာခြားချက်ကတော့ ယုံကြည်မှုပဲ ထင်တယ်။ တစ်သင်းက ယုံကြည်မှု သိပ်ကောင်းနေတယ်။ ပုံစံကောင်း ရလဒ်ကောင်းတွေ ရှိနေပြီး နောက်တစ်သင်းက ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ ဆာလက်ကတော့ နှစ်ဂိုး သွင်းနိုင်ခဲ့ပေမယ့် အနိုင် မရခဲ့တဲ့ အတွက် စိတ်ပျက်နေမှာပါ။

ယူနိုက်တက်ဘက်က အားထားရတဲ့ ဖာနန်ဒက်စ် လူစားဝင်လာတာလည်း ပါပါတယ်။ ပုံမှန်ဆို သူက အရန်မှာ နေရလေ့ မရှိပါဘူး။ သူက တကယ့်ကို ပွဲ အဖြေ ပြောင်းလဲပေးနိုင်ခဲ့သူပဲ။ ဖရီးကစ်ကလည်း သိပ်ကောင်းတယ်။ ” လို့ အိုဝင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

အိုဝင်ကတော့ လာမယ့် လများမှာ လီဗာပူး အနေနဲ့ ဒဏ်ရာရ စာရင်းကနေ နည်းသွားပြီး အခြေအနေကောင်း ပြန်ယူနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Zawgyi – တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ ညက ၄င္းရဲ႕ ကလပ္အသင္းေဟာင္း နွစ္သင္း ျဖစ္တဲ့ လီဗာပူးနဲ႕ ယူနိုက္တက္တို႔ ပြဲမွာ ပြဲရလဒ္ အဆံုးအျဖတ္ ျဖစ္သြားေစတဲ့ အဓိက ကြာျခားခ်က္ကေတာ့ ယံုၾကည္မႈသာ ျဖစ္ေၾကာင္း ပြဲ အျပီးမွာ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ၆ ရာသီအတြင္း အက္ဖ္ေအဖလား ျပိဳင္ပြဲ စတုတၳအဆင့္ကေန လွည့္ျပန္ရတာ ၅ ၾကိမ္ေျမာက္ ရွိသြားျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့အပတ္က အန္းဖီးပြဲက ပြဲမွာ ဒီနွစ္သင္းက ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ညက အိုးထရက္ဖို႔ဒ္မွာေတာ့ အျပန္အလွန္ ဂိုးမ်ား သြင္းယူကာ အိမ္ရွင္ ယူနိုက္တက္က ၃ဂိုး ၂ဂိုးနဲ႕ အနုိင္ရသြားခဲ့တာပါ။

ရလဒ္ေတြ က်ဆင္းေနတဲ့ လီဗာပူးကေတာ့ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားတဲ့ ၇ ပြဲမွာ ၁ပြဲသာ နုိင္ပြဲရထားျပီ ျဖစ္ကာ ပရီးမီးယားလိဂ္မွာလည္း အမွတ္ေပးဇယား ဦးေဆာင္သူ ေနရာက ဖယ္ေပးထားရျပီး အဆင့္ ၄ ေရာက္ေနပါတယ္။ အို၀င္ကေတာ့ ဒီနွစ္သင္းၾကား အဆံုးအျဖတ္ ျဖစ္သြားေစတာက အသင္းသားေတြရဲ႕ ယံုၾကည္မႈပိုင္းသာ ျဖစ္တယ္လို႔ ဆိုပါတယ္။

” က်ေနာ္ လီဗာပူးဘက္က အျမင္နဲ႕ ေျပာမယ္ဆိုရင္ ရလဒ္က စိတ္ပ်က္ဖြယ္ပါ။ ဒါေပမယ့္ ဂိုး ၂ဂိုး သြင္းနုိင္တာက ယာဂင္ကေလာ့ပ္ အတြက္ ၀မ္းေျမာက္စရာပါပဲ.. ေနာက္ျပီး မိုဆာလက္အတြက္ေရာေပါ့။

ဒီေန႔ပြဲမွာ နွစ္သင္းၾကား ကြာျခားခ်က္ကေတာ့ ယံုၾကည္မႈပဲ ထင္တယ္။ တစ္သင္းက ယံုၾကည္မႈ သိပ္ေကာင္းေနတယ္။ ပံုစံေကာင္း ရလဒ္ေကာင္းေတြ ရွိေနျပီး ေနာက္တစ္သင္းက ဆန္႔က်င္ဘက္ ျဖစ္ေနတာပါ။ ဆာလက္ကေတာ့ နွစ္ဂိုး သြင္းနုိင္ခဲ့ေပမယ့္ အနိုင္ မရခဲ့တဲ့ အတြက္ စိတ္ပ်က္ေနမွာပါ။

ယူနိုက္တက္ဘက္က အားထားရတဲ့ ဖာနန္ဒက္စ္ လူစား၀င္လာတာလည္း ပါပါတယ္။ ပံုမွန္ဆို သူက အရန္မွာ ေနရေလ့ မရွိပါဘူး။ သူက တကယ့္ကို ပြဲ အေျဖ ေျပာင္းလဲေပးနုိင္ခဲ့သူပဲ။ ဖရီးကစ္ကလည္း သိပ္ေကာင္းတယ္။ ” လို႔ အို၀င္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

အို၀င္ကေတာ့ လာမယ့္ လမ်ားမွာ လီဗာပူး အေနနဲ႕ ဒဏ္ရာရ စာရင္းကေန နည္းသြားျပီး အေျခအေနေကာင္း ျပန္ယူနုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဆိုခဲ့ပါတယ္။