လီဗာပူးအသင်းဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပရဲ့ ဝင်ငွေ အကောင်းဆုံး ထိပ်ဆုံး ၅ သင်း စာရင်းထဲ ပါဝင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။
နှစ်တစ်နှစ်ရဲ့ အစပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီ ဝန်းကျင်လောက်မှာ ထုတ်ပြန်လေ့ရှိတဲ့ Deloitte Football Money League စာရင်းတွေ ထွက်လာချိန်မှာ လီဗာပူးက နံပါတ် ၅ စာရင်းမှာ ပါဝင်လာခဲ့တာပါ။ ဒါဟာ မနှစ်ကထက် ၂ ဆင့်ထိ ခုန်တက်လာနိုင်ခြင်းလည်း ဖြစ်ပါတယ်။
ဒီစာရင်းထဲ ခုန်တက်လာခြင်းက ၂၀၂၁ မှာ လီဗာပူးဟာ ဝင်ငွေပိုင်း ပိုတိုးတက်လာခြင်းတော့ မဟုတ်ပါဘူး။ လီဗာပူးက မနှစ်ထက် ဝင်ငွေ ပေါင် ၄၇ သန်းလောက် လျော့နည်းပေမယ့်လည်း မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က ဆုံးရံှူးမှု ပိုများခြင်းကြောင့် အခုလို အဆင့် ၂ ဆင့်ထိ တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဥရောပရဲ့ ဝင်ငွေ အကောင်းဆုံး အသင်းစာရင်းမှာ ဘာစီလိုနာက ထိပ်ဆုံး ရောက်လာနေပြီး ဒုတိယမှာ ရီးရဲလ်မက်ဒရစ်၊ တတိယမှာ ဘိုင်ယန်မြူးနစ်နဲ့ စတုတ္ထနေရာမှာ ယူနိုက်တက်တို့ ရှိနေကာ ပဉ္စမနေရာမှာတော့ လီဗာပူးက ရပ်တည်လာနိုင်ခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ဖြင့် ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ် အောင်မြင်မှုက ဒီစာရင်းထဲ ထိပ်ဆုံးတစ်နေရာမှာ ဆက်ရှိနေဖို့ ခိုင်မာစေခဲ့တယ်။ ကလပ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပရဲ့ ဓနအင်အားကြီး ကလပ် ၅ သင်း စာရင်းထဲ ပါဝင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။
လီဗာပူးက ဥရောပရဲ့ ဝင်ငွေအကောင်းဆုံး ထိပ်ဆုံး ၅ သင်း စာရင်းထဲ ပါဝင်လာပေမယ့်လည်း ကိုဗစ်ကပ်ဘေးမှာ ဘဏ္ဍာရေး ထိခိုက်မှုနဲ့ ခန့်မှန်းရခက်တဲ့ ကပ်ဘေး အခြေအနေတွေကြောင့် ဇန်နဝါရီမှာ လူခေါ်ယူဖို့ကို ငြင်းဆန်နေဆဲဖြစ်ပြီး နွေမှာပဲ ကစားသမားသစ် ခေါ်ယူဖို့ကို စီစဉ်နေတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ႏွစ္ ၂၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ဥေရာပရဲ႕ ဝင္ေငြ အေကာင္းဆံုး ထိပ္ဆံုး ၅ သင္း စာရင္းထဲ ပါဝင္လာႏုိင္ခဲ့ျပီျဖစ္ပါတယ္။
ႏွစ္တစ္ႏွစ္ရဲ႕ အစပိုင္းျဖစ္တဲ့ ေဖေဖာ္ဝါရီ ဝန္းက်င္ေလာက္မွာ ထုတ္ျပန္ေလ့ရွိတဲ့ Deloitte Football Money League စာရင္းေတြ ထြက္လာခ်ိန္မွာ လီဗာပူးက နံပါတ္ ၅ စာရင္းမွာ ပါဝင္လာခဲ့တာပါ။ ဒါဟာ မႏွစ္ကထက္ ၂ ဆင့္ထိ ခုန္တက္လာႏုိင္ျခင္းလည္း ျဖစ္ပါတယ္။
ဒီစာရင္းထဲ ခုန္တက္လာျခင္းက ၂၀၂၁ မွာ လီဗာပူးဟာ ဝင္ေငြပိုင္း ပိုတိုးတက္လာျခင္းေတာ့ မဟုတ္ပါဘူး။ လီဗာပူးက မႏွစ္ထက္ ဝင္ေငြ ေပါင္ ၄၇ သန္းေလာက္ ေလ်ာ့နည္းေပမယ့္လည္း မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔က ဆံုးရံွဴးမႈ ပိုမ်ားျခင္းေၾကာင့္ အခုလို အဆင့္ ၂ ဆင့္ထိ တက္လာခဲ့ျခင္း ျဖစ္ပါတယ္။
ဥေရာပရဲ႕ ဝင္ေငြ အေကာင္းဆံုး အသင္းစာရင္းမွာ ဘာစီလိုနာက ထိပ္ဆံုး ေရာက္လာေနျပီး ဒုတိယမွာ ရီးရဲလ္မက္ဒရစ္၊ တတိယမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ စတုတၳေနရာမွာ ယူႏုိက္တက္တို႔ ရွိေနကာ ပဥၥမေနရာမွာေတာ့ လီဗာပူးက ရပ္တည္လာႏုိင္ခ့ဲတာျဖစ္တယ္။
လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ျဖင့္ ထြက္ခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈက ဒီစာရင္းထဲ ထိပ္ဆံုးတစ္ေနရာမွာ ဆက္ရွိေနဖို႔ ခိုင္မာေစခဲ့တယ္။ ကလပ္ဟာ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ ဥေရာပရဲ႕ ဓနအင္အားၾကီး ကလပ္ ၅ သင္း စာရင္းထဲ ပါဝင္လာခဲ့ျခင္းလည္း ျဖစ္ပါတယ္။
လီဗာပူးက ဥေရာပရဲ႕ ဝင္ေငြအေကာင္းဆံုး ထိပ္ဆံုး ၅ သင္း စာရင္းထဲ ပါဝင္လာေပမယ့္လည္း ကိုဗစ္ကပ္ေဘးမွာ ဘ႑ာေရး ထိခိုက္မႈနဲ႔ ခန္႔မွန္းရခက္တဲ့ ကပ္ေဘး အေျခအေနေတြေၾကာင့္ ဇန္နဝါရီမွာ လူေခၚယူဖို႔ကို ျငင္းဆန္ေနဆဲျဖစ္ျပီး ေႏြမွာပဲ ကစားသမားသစ္ ေခၚယူဖို႔ကို စီစဥ္ေနတာျဖစ္ပါတယ္။