ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ပြိုင်ပွဲတွေမှာ VAR ဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ် ဖြစ်လာနေခဲ့ပါပြီ။ ဒီစနစ်ကို ပိုကောင်းအောင် လုပ်ကြဖို့ပဲရှိပြီး ဖယ်ထုတ်လိုက်မယ့် အနေအထားမျိုး အခုထိတော့ မရှိလာသေးပါဘူး။
ဒါပေမယ့်လို့ ဘောလုံးပွဲထဲမှာ နည်းပညာ အကူအညီဖြင့် ဆုံးဖြတ်မှုဟာ အခုချိန်ထိ အငြင်းပွားစရာတွေ ရှိလာနေဆဲဖြစ်ပါတယ်။ ယခင်ပုံစံဟောင်းကိုပဲ ကာလရှည် အားပေးလာကြသူတွေကတော့ VAR ဟာ ဘောလုံးရဲ့ ရသကို ဖျက်စီးနေတဲ့ စနစ်အဖြစ် ယူဆနေဆဲပါ။
အားကစားသတင်းဌာန Givemesport က ဘောလုံးပွဲစဉ် တစ်ဖြတ်တိုင်းမှာ VAR မရှိတဲ့ ပွဲစဉ်ဇယားက ဘယ်လိုဖြစ်နေမလဲဆိုတာကို ပုံမှန် တင်ဆက်ပေးလာခဲ့တယ်။ အခု တစ်ကြိမ်မှာတော့ ပွဲစဉ် ၁၉ အပြီးမှာ ပြိုင်ပွဲတွေအတွင်း VAR မရှိရင်ဆိုတဲ့ အနေအထားအတွက် အခုလို ဖော်ပြလာခဲ့ပါတယ်။
မန်စီးတီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ဦးဆောင်သူတွေအဖြစ် ရမှတ် ၃၈ မှတ်တွေဖြင့် အသီးသီး ရှိနေမှာဖြစ်တယ်။ မန်စီးတီးအတွက် VAR ဆုံးဖြတ်ချက်ဟာ ရမှတ် ကွာဟမှု မရှိစေပေမယ့် လီဗာပူးက ရသင့်တာထက် ၄ မှတ် လျော့နည်းနေပြီး ယူနိုက်တက်က ၂ မှတ် ပိုရနေတယ်လို့ ၎င်းသတင်းက ဖော်ပြတယ်။
လီဗာပူးရဲ့ ရမှတ် ၄ မှတ်ဟာ အဲဗာတန်ကို သရေကျတဲ့ပွဲမှ ဟန်ဒါဆန်ရဲ့ သွင်းဂိုး ပယ်ဖျက်ခံရခြင်းနဲ့ ဘရိုက်တန်နဲ့ပွဲကို အနိုင်ရနေချိန်မှာ VAR က ဘရိုက်တန်ကို ပေးလိုက်တဲ့ ပင်နယ်တီကြောင့် သရေကျသွားတဲ့ ပွဲတွေအတွက် ရမှတ်တွေဖြစ်ပါတယ်။
ထူးထူးခြားခြားအဖြစ် ဒီရာသီမှာ VAR ကြောင့် ရမှတ်တွေ ပိုရနေတာက လက်စတာ၊ ဝက်ဟမ်းနဲ့ အဲဗာတန်တို့ဖြစ်ပြီး လက်စတာဟာ VAR ဆုံးဖြတ်ချက်ကြောင့် မဟုတ်ခဲ့ရင် လက်ရှိ ရမှတ်ထက် ၄ မှတ် လျော့နည်းမယ်လို့ သိရပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ အပါအဝင္ ဥေရာပ ျပိဳင္ပြဲေတြမွာ VAR ဟာ အေရးပါတဲ့ က႑တစ္ရပ္ ျဖစ္လာေနခဲ့ပါျပီ။ ဒီစနစ္ကို ပိုေကာင္းေအာင္ လုပ္ၾကဖို႔ပဲရွိျပီး ဖယ္ထုတ္လိုက္မယ့္ အေနအထားမ်ိဳး အခုထိေတာ့ မရွိလာေသးပါဘူး။
ဒါေပမယ့္လို႔ ေဘာလံုးပြဲထဲမွာ နည္းပညာ အကူအညီျဖင့္ ဆံုးျဖတ္မႈဟာ အခုခ်ိန္ထိ အျငင္းပြားစရာေတြ ရွိလာေနဆဲျဖစ္ပါတယ္။ ယခင္ပံုစံေဟာင္းကိုပဲ ကာလရွည္ အားေပးလာၾကသူေတြကေတာ့ VAR ဟာ ေဘာလံုးရဲ႕ ရသကို ဖ်က္စီးေနတဲ့ စနစ္အျဖစ္ ယူဆေနဆဲပါ။
အားကစားသတင္းဌာန Givemesport က ေဘာလံုးပြဲစဥ္ တစ္ျဖတ္တိုင္းမွာ VAR မရွိတဲ့ ပြဲစဥ္ဇယားက ဘယ္လိုျဖစ္ေနမလဲဆိုတာကို ပံုမွန္ တင္ဆက္ေပးလာခဲ့တယ္။ အခု တစ္ၾကိမ္မွာေတာ့ ပြဲစဥ္ ၁၉ အျပီးမွာ ျပိဳင္ပြဲေတြအတြင္း VAR မရွိရင္ဆိုတဲ့ အေနအထားအတြက္ အခုလို ေဖာ္ျပလာခဲ့ပါတယ္။
မန္စီးတီး၊ လီဗာပူးနဲ႔ ယူနုိက္တက္တို႔ဟာ ပရီးမီးယားလိဂ္ ဦးေဆာင္သူေတြအျဖစ္ ရမွတ္ ၃၈ မွတ္ေတြျဖင့္ အသီးသီး ရွိေနမွာျဖစ္တယ္။ မန္စီးတီးအတြက္ VAR ဆံုးျဖတ္ခ်က္ဟာ ရမွတ္ ကြာဟမႈ မရွိေစေပမယ့္ လီဗာပူးက ရသင့္တာထက္ ၄ မွတ္ ေလ်ာ့နည္းေနျပီး ယူႏုိက္တက္က ၂ မွတ္ ပိုရေနတယ္လို႔ ၄င္းသတင္းက ေဖာ္ျပတယ္။
လီဗာပူးရဲ႕ ရမွတ္ ၄ မွတ္ဟာ အဲဗာတန္ကို သေရက်တဲ့ပြဲမွ ဟန္ဒါဆန္ရဲ႕ သြင္းဂိုး ပယ္ဖ်က္ခံရျခင္းနဲ႔ ဘရိုက္တန္နဲ႔ပြဲကို အႏုိင္ရေနခ်ိန္မွာ VAR က ဘရိုက္တန္ကို ေပးလိုက္တဲ့ ပင္နယ္တီေၾကာင့္ သေရက်သြားတဲ့ ပြဲေတြအတြက္ ရမွတ္ေတြျဖစ္ပါတယ္။
ထူးထူးျခားျခားအျဖစ္ ဒီရာသီမွာ VAR ေၾကာင့္ ရမွတ္ေတြ ပိုရေနတာက လက္စတာ၊ ဝက္ဟမ္းနဲ႔ အဲဗာတန္တို႔ျဖစ္ျပီး လက္စတာဟာ VAR ဆံုးျဖတ္ခ်က္ေၾကာင့္ မဟုတ္ခဲ့ရင္ လက္ရွိ ရမွတ္ထက္ ၄ မွတ္ ေလ်ာ့နည္းမယ္လို႔ သိရပါတယ္။