စပါးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတဲ့ ပွဲမှာ အသင်းဖော်တွေ အချင်းချင်းအတွက် ကြိုးစား ကစားပေးကြမှုတွေက ရလဒ်ကောင်းရဖို့ မှန်ကန်တဲ့ နည်းလမ်း ဖြစ်လာမယ်လို့ ထရန့်က ထုတ်ပြောလာပါတယ်။
လီဗာပူးဟာ ၂၀၂၁ ခုနှစ်အတွင်း ပရီးမီးယားလိဂ် သွင်းဂိုး မရသေးပါဘူး။ တိုက်စစ်ပုံစံ မကောင်းသလို ခံစစ်ကလည်း ဂိုးတွေပေးနေရခြင်းက နောက်ဆုံး လိဂ်ပွဲ ၅ ပွဲဆက် အနိုင်ရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်တယ်။ ဒီတကြိမ် စပါးနဲ့ပွဲမှာ သွင်းဂိုး ဘယ်လောက် သွင်းယူကြတယ်ဆိုတာက အရေးမကြီးဘဲ နိုင်ဖို့ကပဲ အရေးကြီးပါတယ်လို့ ထရန့်က မြင်ပါတယ်။
” ပြီးခဲ့တဲ့ စပါးနဲ့ပွဲက ဒီရာသီ ကျနေ်ာတို့ ကစားခဲ့တဲ့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲ ဖြစ်ပါတယ်။ ” လို့ ထရန့်က လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေတဆင့် အရင်လက စပါးကို ရင်ဆိုင် အနိုင်ရလိုက်တာနဲ့ ပက်သက်လို့ မှတ်ချက်ပေးပါတယ်။
” ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ ကျနော်ကတော့ ကျနေ်ာတို့ အသင်းသားတွေ အချင်းချင်းအတွက် ကစားပေးချိန်တိုင်းမှာ ပွဲကောင်းတစ်ပွဲကို ကစားနိုင်တယ်လို့ ထင်ပါတယ်။ စပါးနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျနေ်ာတို့မှာ ပွဲပလန်တွေရှိတယ်၊ အနိုင်သုံးမှတ်ရဖို့လည်း ဦးတည်ထားတယ်။
ကျနေ်ာတို့ ကစားလိုတဲ့ ပုံစံတွေအတိုင်း ကစားနိုင်မယ်ဆိုရင် အနိုင်ရမယ်ဆိုတာ သေချာပါတယ်။ မနှစ်တုန်းကလည်း စပါးကွင်းကိုသွားပြီး သွင်းဂိုး ၁ ဂိုး ရယူခဲ့ကာ clean sheet ကိုလည်း ထိန်းနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရခဲ့တယ်။ အဲ့လိုမျိုး ထပ်လုပ်နိုင်ဖို့ကို အာရုံစိုက်သွားမှာဖြစ်ပါတယ်။
ဂိုးရလဒ်တွေ ဘယ်လိုဆိုတာကို ဂရုမစိုက်ပါဘူး။ ကျနေ်ာတို့ အနိုင် ၃ မှတ်ကိုပဲ ရလိုပါတယ်။ ၄-၃ နဲ့ ဖြစ်စေ ၁-၀ နဲ့ဖြစ်စေ ကျနေ်ာတို့အတွက် ကွာခြားသွားခြင်း မရှိပါဘူး။ အနိုင်သုံးမှတ်ကိုပဲ သေချာပေါက် ရလိုပါတယ်။ အဲ့တာကပဲ ကျနေ်ာတို့အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ ကျနေ်ာတို့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ စွမ်းဆောင်ရည်က မှန်ကန်ခဲ့မယ်ဆိုရင် ဒီနေ့ပွဲမှာ ကျနေ်ာတို့အတွက် အခွင့်အရေး ရှိပါလိမ့်မယ် ” လို့ ထရန့်က ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
စပါးကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရတဲ့ ပြဲမွာ အသင္းေဖာ္ေတြ အခ်င္းခ်င္းအတြက္ ၾကိဳးစား ကစားေပးၾကမႈေတြက ရလဒ္ေကာင္းရဖို႔ မွန္ကန္တဲ့ နည္းလမ္း ျဖစ္လာမယ္လို႔ ထရန္႔က ထုတ္ေျပာလာပါတယ္။
လီဗာပူးဟာ ၂၀၂၁ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္ သြင္းဂိုး မရေသးပါဘူး။ တိုက္စစ္ပံုစံ မေကာင္းသလို ခံစစ္ကလည္း ဂိုးေတြေပးေနရျခင္းက ေနာက္ဆံုး လိဂ္ပြဲ ၅ ပြဲဆက္ အႏုိင္ရျခင္းရဲ႕ အေၾကာင္းရင္းေတြျဖစ္တယ္။ ဒီတၾကိမ္ စပါးနဲ႔ပြဲမွာ သြင္းဂိုး ဘယ္ေလာက္ သြင္းယူၾကတယ္ဆိုတာက အေရးမၾကီးဘဲ ႏုိင္ဖို႔ကပဲ အေရးၾကီးပါတယ္လို႔ ထရန္႔က ျမင္ပါတယ္။
” ျပီးခဲ့တဲ့ စပါးနဲ႔ပြဲက ဒီရာသီ က်ေန္ာတို႔ ကစားခဲ့တဲ့ အေကာင္းဆံုးပြဲေတြထဲက တစ္ပြဲ ျဖစ္ပါတယ္။ ” လို႔ ထရန္႔က လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေနတဆင့္ အရင္လက စပါးကို ရင္ဆိုင္ အႏုိင္ရလိုက္တာနဲ႔ ပက္သက္လို႔ မွတ္ခ်က္ေပးပါတယ္။
” ခက္ခဲတဲ့ ျပိဳင္ဘက္ျဖစ္ပါတယ္။ က်ေနာ္ကေတာ့ က်ေန္ာတို႔ အသင္းသားေတြ အခ်င္းခ်င္းအတြက္ ကစားေပးခ်ိန္တိုင္းမွာ ပြဲေကာင္းတစ္ပြဲကို ကစားႏုိင္တယ္လို႔ ထင္ပါတယ္။ စပါးနဲ႔ ထိပ္တိုက္ေတြ႔တဲ့ပြဲအတြက္ စိတ္လႈပ္ရွားေနပါတယ္။ က်ေန္ာတို႔မွာ ပြဲပလန္ေတြရွိတယ္၊ အႏုိင္သံုးမွတ္ရဖို႔လည္း ဦးတည္ထားတယ္။
က်ေန္ာတို႔ ကစားလိုတဲ့ ပံုစံေတြအတိုင္း ကစားႏုိင္မယ္ဆိုရင္ အႏုိင္ရမယ္ဆိုတာ ေသခ်ာပါတယ္။ မႏွစ္တုန္းကလည္း စပါးကြင္းကိုသြားျပီး သြင္းဂိုး ၁ ဂိုး ရယူခဲ့ကာ clean sheet ကိုလည္း ထိန္းႏုိင္ခဲ့တာေၾကာင့္ အေဝးကြင္းမွာ ၁-၀ ျဖင့္ အႏုိင္ရခဲ့တယ္။ အဲ့လိုမ်ိဳး ထပ္လုပ္ႏုိင္ဖို႔ကို အာရံုစိုက္သြားမွာျဖစ္ပါတယ္။
ဂိုးရလဒ္ေတြ ဘယ္လိုဆိုတာကို ဂရုမစိုက္ပါဘူး။ က်ေန္ာတို႔ အႏုိင္ ၃ မွတ္ကိုပဲ ရလိုပါတယ္။ ၄-၃ နဲ႔ ျဖစ္ေစ ၁-၀ နဲ႔ျဖစ္ေစ က်ေန္ာတို႔အတြက္ ကြာျခားသြားျခင္း မရွိပါဘူး။ အႏုိင္သံုးမွတ္ကိုပဲ ေသခ်ာေပါက္ ရလိုပါတယ္။ အဲ့တာကပဲ က်ေန္ာတို႔အတြက္ အေရးၾကီးဆံုးျဖစ္ပါတယ္။ က်ေန္ာတို႔ရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ စြမ္းေဆာင္ရည္က မွန္ကန္ခဲ့မယ္ဆိုရင္ ဒီေန႔ပြဲမွာ က်ေန္ာတို႔အတြက္ အခြင့္အေရး ရွိပါလိမ့္မယ္ ” လို႔ ထရန္႔က ဆိုခဲ့တာျဖစ္ပါတယ္။