ဒီရက်ပိုင်းအတွင်း လီဗာပူးနဲ့ ပက်သက်လို့ ထွက်ပေါ်နေတဲ့ ထူးခြားသတင်း အချို့ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
တန်းဆင်းဇုန်တိုက်ပွဲထဲ မပါလိုတဲ့ ရှာကွီရီ
လီဗာပူးတိုက်စစ်အားသန် ကစားသမား ရှာကွီရီကို ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်ဘက်က ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ဆွစ်ဇလန်ကစားသမားက ပယ်ချလိုက်ပါတယ်။ ဟာသာဘာလင်က ဇယားထက်ဝက်နားကို ပြန်တက်လိုပေမယ့် သူတို့ရဲ့ လက်တလော တန်းဆင်းဇုန် တိုက်ပွဲအတွင်း မပါဝင်လိုခြင်းကြောင်း ငြင်းဆန်ခဲ့ခြင်းလို့ သိရတယ်။
အခြားသော ဆယ်ကျော်သက်ကို ခေါ်ယူဖို့ လှုပ်ရှားနေတဲ့ လီဗာပူး
မနှစ်တုန်းက အယ်လီဆန်ရဲ့ အကိုဖြစ်သူ အကူအညီဖြစ် လီဗာပူးအသင်းဟာ ဖလူမီနက်စ် အသင်းမှ လူငယ်ဂိုးသမားလေး ပီတာလူးဂါကို ခေါ်ယူခဲ့ပါတယ်။ ယူ-၁၉ ဂိုးသမားဟာ လီဗာပူးအသင်းရဲ့ ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတွေမှာ ပွဲထွက်ကစားနေပြီး စီနီယာအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်ခွင့်ရနေတာဖြစ်တယ်။
လီဗာပူးက နောက်ထပ် ဘရာဇီး ကစားသမားအဖြစ် ဖလူမီနက်စ်အသင်းမှပဲ အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမား Kayky ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့ပြီဖြစ်တယ်။ တိုက်စစ်သမားက ဘရာဇီး ယူ-၁၆ အဆင့်မှာ ကစားနေသူဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူး၊ ရှက်တာနဲ့ မန်စီးတီးတို့ အဓိက စိတ်ဝင်စားနေပြီး မန်စီးတီးက အပြင်လူအဖြစ် စောင့်ကြည့်နေတာဖြစ်ပါတယ်။
အရင်တုန်းကတော့ လီဗာပူးက အခုလို အလုပ်ပါမစ် ခက်ခဲတဲ့ ကစားသမားမျိုးတွေကို ခေါ်ယူလေ့ မရှိပါဘူး။ ဒါပေမယ့်လို့ ဗြိတိန်ရဲ့ အီးယူကနေ ခွဲထွက်အပြီး စည်းမျဉ်းတွေက ပြောင်းလဲလာခဲ့တာကြောင့် တောင်အမေရိကသားတွေဘက် ဦးလှည့်လာနိုင်ခြင်းဖြစ်တယ်။ လီဗာပူးဟာ ပီတာလူးဂါကို ခေါ်ယူပြီးနောက်မှာ ဘရာဇီးကလပ်နဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့တာဖြစ်တယ်။
ဒေါ်လာ ၈ ဘီလျံတန်ကြေးရှိ ရင်းနှီးမြုပ်နှံမှု ရပ်တန့်ဖွယ်ရှိ
လီဗာပူးအသင်းကလည်း အစိတ်အပိုင်းအဖြစ် ပါဝင်တဲ့ FSG လုပ်ငန်းစုနဲ့ အမေရိကန် ရင်းနှီးမြုပ်နှံရေး အုပ်စုကြား ရှယ်ယာ ၂၅% ကို ဒေါ်လာ ၈ ဘီလျံတန် ရောင်းချရေး ကိစ္စဟာ အဆင်ပြေခဲ့ဟန် မရှိဘဲ စကားပြောမှုတွေ ရပ်တန့်နေပြီလို့ သိရပါတယ်။ RedBall အဖွဲ့က FSG အစား အခြားသော ဘောလုံးကလပ် (သို့) eSports ဘက်ကို ဦးလှည့်နိုင်တယ်လို့ သိရပါတယ်။
ZAWGYI
ဒီရက္ပိုင္းအတြင္း လီဗာပူးနဲ႔ ပက္သက္လို႔ ထြက္ေပၚေနတဲ့ ထူးျခားသတင္း အခ်ိဳ႔ကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
တန္းဆင္းဇုန္တိုက္ပြဲထဲ မပါလိုတဲ့ ရွာကီြရီ
လီဗာပူးတိုက္စစ္အားသန္ ကစားသမား ရွာကီြရီကို ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္ဘက္က ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ဆြစ္ဇလန္ကစားသမားက ပယ္ခ်လိုက္ပါတယ္။ ဟာသာဘာလင္က ဇယားထက္ဝက္နားကို ျပန္တက္လိုေပမယ့္ သူတို႔ရဲ႕ လက္တေလာ တန္းဆင္းဇုန္ တိုက္ပြဲအတြင္း မပါဝင္လိုျခင္းေၾကာင္း ျငင္းဆန္ခဲ့ျခင္းလို႔ သိရတယ္။
အျခားေသာ ဆယ္ေက်ာ္သက္ကို ေခၚယူဖို႔ လႈပ္ရွားေနတဲ့ လီဗာပူး
မႏွစ္တုန္းက အယ္လီဆန္ရဲ႕ အကိုျဖစ္သူ အကူအညီျဖစ္ လီဗာပူးအသင္းဟာ ဖလူမီနက္စ္ အသင္းမွ လူငယ္ဂိုးသမားေလး ပီတာလူးဂါကို ေခၚယူခဲ့ပါတယ္။ ယူ-၁၉ ဂိုးသမားဟာ လီဗာပူးအသင္းရဲ႕ ယူ-၁၈ နဲ႔ ယူ-၂၃ အသင္းေတြမွာ ပြဲထြက္ကစားေနျပီး စီနီယာအသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ ပါဝင္ခြင့္ရေနတာျဖစ္တယ္။
လီဗာပူးက ေနာက္ထပ္ ဘရာဇီး ကစားသမားအျဖစ္ ဖလူမီနက္စ္အသင္းမွပဲ အသက္ ၁၇ ႏွစ္အရြယ္ တိုက္စစ္သမား Kayky ကို ေခၚယူဖို႔ ၾကိဳးစားေနခဲ့ျပီျဖစ္တယ္။ တိုက္စစ္သမားက ဘရာဇီး ယူ-၁၆ အဆင့္မွာ ကစားေနသူျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူး၊ ရွက္တာနဲ႔ မန္စီးတီးတို႔ အဓိက စိတ္ဝင္စားေနျပီး မန္စီးတီးက အျပင္လူအျဖစ္ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။
အရင္တုန္းကေတာ့ လီဗာပူးက အခုလို အလုပ္ပါမစ္ ခက္ခဲတဲ့ ကစားသမားမ်ိဳးေတြကို ေခၚယူေလ့ မရွိပါဘူး။ ဒါေပမယ့္လို႔ ျဗိတိန္ရဲ႕ အီးယူကေန ခြဲထြက္အျပီး စည္းမ်ဥ္းေတြက ေျပာင္းလဲလာခဲ့တာေၾကာင့္ ေတာင္အေမရိကသားေတြဘက္ ဦးလွည့္လာႏုိင္ျခင္းျဖစ္တယ္။ လီဗာပူးဟာ ပီတာလူးဂါကို ေခၚယူျပီးေနာက္မွာ ဘရာဇီးကလပ္နဲ႔ ဆက္ဆံေရးေကာင္းေတြ တည္ေဆာက္ႏုိင္ခဲ့တာျဖစ္တယ္။
ေဒၚလာ ၈ ဘီလ်ံတန္ေၾကးရွိ ရင္းႏွီးျမဳပ္ႏွံမႈ ရပ္တန္႔ဖြယ္ရွိ
လီဗာပူးအသင္းကလည္း အစိတ္အပိုင္းအျဖစ္ ပါဝင္တ့ဲ FSG လုပ္ငန္းစုနဲ႔ အေမရိကန္ ရင္းႏွီးျမဳပ္ႏွံေရး အုပ္စုၾကား ရွယ္ယာ ၂၅% ကို ေဒၚလာ ၈ ဘီလ်ံတန္ ေရာင္းခ်ေရး ကိစၥဟာ အဆင္ေျပခဲ့ဟန္ မရွိဘဲ စကားေျပာမႈေတြ ရပ္တန္႔ေနျပီလို႔ သိရပါတယ္။ RedBall အဖြဲ႔က FSG အစား အျခားေသာ ေဘာလံုးကလပ္ (သို႔) eSports ဘက္ကို ဦးလွည့္ႏုိင္တယ္လို႔ သိရပါတယ္။