အက်ဖ်အေဖလားပွဲအဖြစ် ယူနိုက်တက်ကို အရေးနိမ့်တဲ့ပွဲမှာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် မပါနိုင်ခဲ့တဲ့ ခံစစ်မှူး မာတစ်နဲ့ ကွင်းလယ်လူ ဟန်ဒါဆန်တို့ဟာ စပါးနဲ့ပွဲမှာ ပြန်ပါလာနိုင်ပါတော့မယ်လို့ The Times က ဖော်ပြပါတယ်။

သတင်းထောက် Paul Joyce က ရလဒ်တွေ ဆိုးရွားနေတဲ့ လီဗာပူးအတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်ပါလာနိုင်မှာက အင်အားတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ ဟန်ဒါဆန်ဟာ ဘန်လေကို အရေးနိမ့်တဲ့ ပွဲမှာကော၊ ယူနိုက်တက်ကို အရေးနိမ့်တဲ့ ပွဲမှာပါ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဟန်ဒါဆန်ဟာ လီဗာပူးအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဗဟိုခံစစ်မှူး ပြတ်လှပ်နေချိန်မှာ ခံစစ်ကိုပါ ဆင်းပြီး ကစားပေးနေရသူ ဖြစ်ပါတယ်။ အသေးစား ပေါင်ခြံ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူဟာ ဒီကြားရက် စပါးနဲ့ပွဲမှာတော့ ကွင်းလယ်လူနေရာက ပြန်ကစားရမယ်လို့ မျှော်လင့်ရတယ်။

ဘန်လေပွဲမှာ ခံစစ်မှူး မာတစ် ပြန်ကစားနိုင်ခဲ့ပေမယ့် ကွင်းလယ်မှာ ဟန်ဒါဆန် မပါနိုင်ခဲ့ဘူး။ အဆိုပါပွဲမှာ ကွင်းလယ်တွဲဘက်တွေဟာ လိုအပ်ချက်တွေ များခဲ့ကာ သီယာဂိုရဲ့ အင်္ဂလန်လိဂ်မှာ နည်းစနစ်ပိုင်း ကွာဟချက်တွေအတွင်း ရုန်းကန်ရမှုတွေ မြင်လာရတယ်။ အထူးသဖြင့် သီယာဂိုရဲ့ ဘောလုံး ဖျက်ထုတ်မှုတွေကို ကွင်းလယ်ဒိုင်တွေက သတိပေးချက်တွေ မကြာခဏ ပေးနေကြခြင်း ဖြစ်ပါတယ်။

ခံစစ်မှာ မာတစ် ပြန်ပါလာပြီး ကွင်းလယ်မှာ ဟန်ဒါဆန် ဝင်ကစားနိုင်မယ်ဆိုရင် သီယာဂိုက နံပါတ် ၈ နေရာကို တက်ကစားလာမယ်လို့ မျှော်လင့်ရတယ်။ ဟန်ဒါဆန်ကတော့ သူ့ရဲ့ နေရာဖြစ်တဲ့ နံပါတ် ၆ နေရာကို ဝင်ယူပေးပြီး ခံစစ်တန်းကို ကာကွယ်ပေးဖို့နဲ့ ထရန့်ကြောင့် ဟသွားတဲ့ နေရာကို ဖြည့်ပေးဖို့ တာဝန်ယူပေးနိုင်ပါတယ်။

အက်ဖ်အေပွဲမှာ တိုက်စစ်က ဂိုးပေါက် ပြန်တွေ့ခဲ့ပေမယ့် ခံစစ်က အမှားတွေ ရှိနေဆဲဖြစ်ပြီး ဝါရင့် ခံစစ်မှူး မာတစ်နဲ့ ဖာဘင်ညိုအတွဲ ဒီတစ်ကြိမ်မှာ အကောင်းဆုံး တွဲဘက်နိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအဖလားပြဲအျဖစ္ ယူႏုိက္တက္ကို အေရးနိမ့္တဲ့ပြဲမွာ ၾကံ႕ခိုင္မႈ ျပႆနာေတြေၾကာင့္ မပါႏုိင္ခဲ့တဲ့ ခံစစ္မွဴး မာတစ္နဲ႔ ကြင္းလယ္လူ ဟန္ဒါဆန္တို႔ဟာ စပါးနဲ႔ပြဲမွာ ျပန္ပါလာႏုိင္ပါေတာ့မယ္လို႔ The Times က ေဖာ္ျပပါတယ္။

သတင္းေထာက္ Paul Joyce က ရလဒ္ေတြ ဆိုးရြားေနတဲ့ လီဗာပူးအတြက္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ျပန္ပါလာႏုိင္မွာက အင္အားတစ္ရပ္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့တယ္။ ဟန္ဒါဆန္ဟာ ဘန္ေလကို အေရးနိမ့္တဲ့ ပြဲမွာေကာ၊ ယူႏုိက္တက္ကို အေရးနိမ့္တဲ့ ပြဲမွာပါ ၾကံ႔ခိုင္မႈ ျပႆနာေတြေၾကာင့္ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဟန္ဒါဆန္ဟာ လီဗာပူးအသင္းရဲ႕ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္ျပီး ဗဟိုခံစစ္မွဴး ျပတ္လွပ္ေနခ်ိန္မွာ ခံစစ္ကိုပါ ဆင္းျပီး ကစားေပးေနရသူ ျဖစ္ပါတယ္။ အေသးစား ေပါင္ျခံ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူဟာ ဒီၾကားရက္ စပါးနဲ႔ပြဲမွာေတာ့ ကြင္းလယ္လူေနရာက ျပန္ကစားရမယ္လို႔ ေမွ်ာ္လင့္ရတယ္။

ဘန္ေလပြဲမွာ ခံစစ္မွဴး မာတစ္ ျပန္ကစားႏုိင္ခဲ့ေပမယ့္ ကြင္းလယ္မွာ ဟန္ဒါဆန္ မပါႏုိင္ခဲ့ဘူး။ အဆိုပါပြဲမွာ ကြင္းလယ္တြဲဘက္ေတြဟာ လိုအပ္ခ်က္ေတြ မ်ားခဲ့ကာ သီယာဂိုရဲ႕ အဂၤလန္လိဂ္မွာ နည္းစနစ္ပိုင္း ကြာဟခ်က္ေတြအတြင္း ရုန္းကန္ရမႈေတြ ျမင္လာရတယ္။ အထူးသျဖင့္ သီယာဂိုရဲ႕ ေဘာလံုး ဖ်က္ထုတ္မႈေတြကို ကြင္းလယ္ဒိုင္ေတြက သတိေပးခ်က္ေတြ မၾကာခဏ ေပးေနၾကျခင္း ျဖစ္ပါတယ္။

ခံစစ္မွာ မာတစ္ ျပန္ပါလာျပီး ကြင္းလယ္မွာ ဟန္ဒါဆန္ ဝင္ကစားႏုိင္မယ္ဆိုရင္ သီယာဂိုက နံပါတ္ ၈ ေနရာကို တက္ကစားလာမယ္လို႔ ေမွ်ာ္လင့္ရတယ္။ ဟန္ဒါဆန္ကေတာ့ သူ႔ရဲ႕ ေနရာျဖစ္တဲ့ နံပါတ္ ၆ ေနရာကို ဝင္ယူေပးျပီး ခံစစ္တန္းကို ကာကြယ္ေပးဖို႔နဲ႔ ထရန္႔ေၾကာင့္ ဟသြားတဲ့ ေနရာကို ျဖည့္ေပးဖို႔ တာဝန္ယူေပးႏုိင္ပါတယ္။

အက္ဖ္ေအပြဲမွာ တိုက္စစ္က ဂိုးေပါက္ ျပန္ေတြ႔ခဲ့ေပမယ့္ ခံစစ္က အမွားေတြ ရွိေနဆဲျဖစ္ျပီး ဝါရင့္ ခံစစ္မွဴး မာတစ္နဲ႔ ဖာဘင္ညိဳအတြဲ ဒီတစ္ၾကိမ္မွာ အေကာင္းဆံုး တြဲဘက္ႏုိင္ဖို႔ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။