ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် စပါးကွင်းထံ သွားရောက် ယှဉ်ပြိုင်ရာမှာ လီဗာပူးက ၁-၃ ဖြင့် အနိုင်ရခဲ့တာကြောင့် ၂၀၂၁ ခုနှစ်အတွက် ပထမဆုံးနိုင်ပွဲကို စရခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အသေးစား ကြွက်သားဒဏ်ရာ ရနေတဲ့ ဖာဘင်ညိုကို အရဲစွန့် မသုံးခဲ့ဘဲ ဟန်ဒါဆန်ကို ခံစစ်မှာ ထုတ်သုံးပြီး ကွင်းလယ် တစ်နေရာကို မီလ်နာ ထည့်ခဲ့တာကလွဲလို့ ကျန် အဓိက ကစားသမား အစုံအလင်ပါတဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။
ယုံကြည်မှုတွေ ဆက်တိုက် ကျဆင်းနေပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေသလို ခံစစ်က ပေးဂိုးတွေ ဆက်နေတဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာတော့ ခြားနားတဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ကို ပြသခဲ့ပါတယ်။ လီဗာပူး ပြန်နိုးထချိန်တန်ပြီဆိုတဲ့ ကလော့ပ်ရဲ့ သတိပေးချက်အတိုင်း ဒီပွဲမှာတော့ အသင်းသားတွေက အသင်းလိုက် စိတ်ဓါတ်ကောင်း၊ စုဖွဲ့မှုကောင်းတွေဖြင့် ၂၀၂၁ အတွင်း အကောင်းဆုံးပွဲတစ်ပွဲကို ကစားပြခဲ့တယ်။
ပြိုင်ဘက် စပါးကလည်း ခံစစ်ကို အားမပြုဘဲ တိုက်စစ်ဖွင့်ဖို့ ရွေးချယ်ခဲ့တာက ပွဲကို ပိုမို မြိုင်ဆိုင်စေခဲ့တယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး နေရာစုံ ထိပ်တိုက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းနှစ်သင်းရဲ့ စီးချင်းထိုးမှုဟာ ပွဲကြည့်သူတိုင်းကို ဘဝင်ကျစေခဲ့ပါတယ်။ ဒါပေမယ့်လို့ ထူးဆန်းစွာပဲ နှစ်သင်းလုံး တိုက်စစ်ဖွင့်သလောက် သွင်းဂိုးတွေ ခပ်စောစော မမြင်ခဲ့ရပါဘူး။
ပွဲစကတည်းက သူတင်ကိုယ်တင် ပြိုင်တိုက်ခဲ့ကြတာကြောင့် နှစ်သင်းလုံး ဂိုးရဖို့နီးတဲ့ အခြေအနေတွေ ပိုင်ဆိုင်ခဲ့တယ်။ ပထမဆုံး အခွင့်အရေးရတာက လီဗာပူးဖြစ်ကာ မာနေး အကောင်းဆုံး ကောင်တာပုံစံကနေ တစ်ဦးချင်း အဆုံးသတ်ခွင့်ရချိန်မှာ ဘေးထွက်ခဲ့တယ်။ စပါးဘက်က ကောင်တာ ပြန်ဆင်လာချိန်မှာ ဆွန် ထူးချွန်စွာ ဖောက်ထွက်သွားပြီး အယ်လီဆန်ကို တစ်ဦးချင်းမှာ အကောင်းဆုံး အဆုံးသတ်ပြခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။
လီဗာပူးတိုက်စစ်က ဆာလက်၊ ဖာမင်နို၊ မာနေးတို့ တွဲဘက်ကစားဖို့ ကြိုးစားခဲ့ကာ ဒီပွဲမှာ သူတို့ သုံးဦး ကိုယ်တာဝန် ကိုယ်ယူမှုတွေကြောင့် တိုက်စစ်ကစားပုံ မြိုင်ခဲ့ပါတယ်။ အခွင့်အရေး အများဆုံးရသူက မာနေးဖြစ်ပြီး သူ့မှာလည်း ကြိုးစားသလောက် သက်သက်သာသာ အဆုံးသတ်ခွင့်မရဘဲ ခက်ခက်ခဲခဲကို ပြိုင်ဘက် ဧရိယာထဲ ရုန်းကစားခဲ့ရတယ်။
အပိုင်အခွင့်အရေးတွေ ရလုရခင် အနေအထားတွေကို မာနေးရခဲ့ပေမယ့် သူရဲ့ အဆုံးသတ်မယ့် အနေအထားကို စပါးခံစစ်နဲ့ ဂိုးသမားတွေက ကာကွယ်နိုင်ခဲ့တယ်။ ပထမပိုင်း ပြီးချိန်လေးမှာ အဖွင့်ဂိုး စရခဲ့သူက ဖာမင်နိုပဲဖြစ်ပြီး တောင်ပံကနေ မာနေး တိုးအားကောင်းကောင်းဖြင့် ဖောက်ထွက်ပြီး ဖန်တီးပေးမှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ပထမတစ်ပိုင်းလုံး ခြေစွမ်းထက်နေတဲ့ မာတစ် ကြံ့ခိုင်မှု ပြဿနာ ပြန်ပေါ်လာလို့ ဖီးလစ်နဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲစပြီး မကြာခင်မှာပဲ အသင်းဖော်ရဲ့ အဆုံးသတ်မှုကို လိုရစ် ပုပ်ထုတ်လို့ ပြန်စင်လာတဲ့ ဘောလုံးကို ထရန့်က ဂိုးသမားရဲ့ ညာခြမ်းထောင့်ကို ကန်သွင်းပြီး အဆုံးသတ် သွင်းယူတယ်။ ဒါပေမယ့် မိနစ်မခြားဘဲ စပါးကွင်းလယ်လူ ဟော့ဘက်က ဧရိယာပြင်ပကနေ အပြင်း ကန်သွင်းကာ ခြေပဂိုး တစ်ဂိုး ချက်ခြင်း ပြန်ယူခဲ့ပါတယ်။
ပွဲက ဒုတိယပိုင်းမှာ မြိုင်ဆိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ထိသွားခဲ့ပြီး ဒုတိယပိုင်း ပြန်စစချင်းမှာ လူစားလဲခံရတဲ့ ကိန်း မပါတော့ချိန်မှာ စပါးရဲ့ တိုက်စစ်က အတော်လေး အားပျော့သွားခဲ့တယ်။ ဖွင့်ကစားကြတာကြောင့် နှစ်သင်းရဲ့ အပြန်အလှန် ထိုးဖောက်မှုတွေဖြင့်ပဲ ဘောလုံးက နှစ်ဘက်ဂိုးမှာ ဝဲလို့နေခဲ့ပါတယ်။
စပါးက မာကျောတဲ့ ကစားဟန်၊ ခံစစ်တို့ဖြင့် တုန့်ပြန်လိုစိတ် ပြသခဲ့ပေမယ့် ဒီပွဲကတော့ လီဗာပူးပွဲဖြစ်ခဲ့ပါတယ်။ စိတ်ဓါတ်ပိုင်းက နိုင်ကိုယ်နိုင်ရမယ်လို့ ဆုံးဖြတ်ထားကြတာနဲ့အတူ တိုက်ခိုက်လိုစိတ် အပြည့် ကစားခဲ့တာကြောင့် ပွဲကို လီဗာပူးကပဲ အုပ်မိုးထားတာက သိသာခဲ့ပါတယ်။
စပါးကစားသမားနဲ့ ထိခိုက်မိပြီး ခေါင်းကွဲသွားတဲ့ သီယာဂိုက ပတ်တီးစီးပြီး ကွင်းထဲ ပြန်ဝင်လာချိန်မှာလည်း ခြေစွမ်းပြန်ပြခဲ့တယ်။ သူရယ်၊ မာနေးရယ် ဖန်တီးပေးမှုကနေ ဆာလက် အကောင်းဆုံး ပိတ်သွင်းပေမယ့် ဖာမင်နိုရဲ့ လက်ထိ အနေအထားကြောင့် သွင်းဂိုး ပယ်ဖျက်ခံခဲ့ရတယ်။ တကယ်တမ်းက ဖာမင်နိုကို နောက်က ဘော်ဒီခုထားတဲ့ ဒိုင်ယာ အရင်ဆုံး လက်ထိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်မှာ ဒိုင်ရဲ့ ဆုံးဖြတ်မှုက ဘာစည်မျဉ်းကို အခြေခံလဲ နားလည်ရ ခက်ခဲပါတယ်။
ပွဲကို မဖြတ်နိုင်ရင် ဒုက္ခရောက်မှာကို နားလည်တဲ့ လီဗာပူးက တွန်းကစား၊ ဖိကစားခဲ့ပြီး တတိယဦးဆောင်ဂိုးကတော့ ခြေစွာသလောက် ကံခံနေတဲ့ မာနေးကပဲ ထရန့်ရဲ့ ဖန်တီးပေးမှုကနေ ပိတ်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူူးရဲ့ ဝေဖန်ခံ ကစားသမားတွေဖြစ်တဲ့ ဖာမင်နို၊ မာနေး၊ ထရန့်တို့ ခြေစွမ်းတွေ ကောင်းခဲ့ကာ ဂိုးတွေ ရခဲ့တာဖြစ်တယ်။
ဒီပွဲမှာ လီဗာပူးရဲ့ ပွဲချဉ်းကပ်ပုံ၊ နည်းဗျူဟာတွေနဲ့ ပက်သက်လာရင် အကောင်းမြင်စရာ များပါလိမ့်မယ်။ ဒါပေမယ့်လို့ အဓိက အားသာချက်ဖြစ်ခဲ့တာက စိတ်ဓါတ်ပိုင်းဖြစ်ပြီး ဒီပွဲမှ အနိုင်ပြန်ယူနိုင်ရင် ချန်ပီယံကာကွယ်ရေးအတွက် ဝေးကွာသွားမှာကို အသင်းသားတွေ နားလည်ပြီး စိတ်ပိုင်းဖြတ်ကာ ကြိုးစားလိုမှုကပဲ နိုင်ပွဲရဖို့ သော့ချက်ဖြစ်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၀ အျဖစ္ စပါးကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရာမွာ လီဗာပူးက ၁-၃ ျဖင့္ အႏုိင္ရခဲ့တာေၾကာင့္ ၂၀၂၁ ခုႏွစ္အတြက္ ပထမဆံုးႏုိင္ပြဲကို စရခဲ့ျပီျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ အေသးစား ၾကြက္သားဒဏ္ရာ ရေနတဲ့ ဖာဘင္ညိဳကို အရဲစြန္႔ မသံုးခဲ့ဘဲ ဟန္ဒါဆန္ကို ခံစစ္မွာ ထုတ္သံုးျပီး ကြင္းလယ္ တစ္ေနရာကို မီလ္နာ ထည့္ခဲ့တာကလြဲလို႔ က်န္ အဓိက ကစားသမား အစံုအလင္ပါတဲ့ လူစာရင္းကို ထုတ္သံုးခဲ့ပါတယ္။
ယံုၾကည္မႈေတြ ဆက္တိုက္ က်ဆင္းေနျပီး သြင္းဂိုးေတြ ေပ်ာက္ဆံုးေနသလို ခံစစ္က ေပးဂိုးေတြ ဆက္ေနတဲ့ လီဗာပူးအသင္းဟာ ဒီပြဲမွာေတာ့ ျခားနားတဲ့ တိုက္ပြဲဝင္ စိတ္ဓါတ္ကို ျပသခဲ့ပါတယ္။ လီဗာပူး ျပန္ႏိုးထခ်ိန္တန္ျပီဆိုတဲ့ ကေလာ့ပ္ရဲ႕ သတိေပးခ်က္အတိုင္း ဒီပြဲမွာေတာ့ အသင္းသားေတြက အသင္းလိုက္ စိတ္ဓါတ္ေကာင္း၊ စုဖြဲ႔မႈေကာင္းေတြျဖင့္ ၂၀၂၁ အတြင္း အေကာင္းဆံုးပြဲတစ္ပြဲကို ကစားျပခဲ့တယ္။
ျပိဳင္ဘက္ စပါးကလည္း ခံစစ္ကို အားမျပဳဘဲ တိုက္စစ္ဖြင့္ဖို႔ ေရြးခ်ယ္ခဲ့တာက ပြဲကို ပိုမို ျမိဳင္ဆိုင္ေစခဲ့တယ္။ ျပိဳင္ဆိုင္မႈ ျပင္းထန္ျပီး ေနရာစံု ထိပ္တိုက္ ယွဥ္ျပိဳင္ႏုိင္စြမ္းရွိတဲ့ အသင္းနွစ္သင္းရဲ႕ စီးခ်င္းထိုးမႈဟာ ပြဲၾကည့္သူတိုင္းကို ဘဝင္က်ေစခဲ့ပါတယ္။ ဒါေပမယ့္လို႔ ထူးဆန္းစြာပဲ ႏွစ္သင္းလံုး တိုက္စစ္ဖြင့္သေလာက္ သြင္းဂိုးေတြ ခပ္ေစာေစာ မျမင္ခဲ့ရပါဘူး။
ပြဲစကတည္းက သူတင္ကိုယ္တင္ ျပိဳင္တိုက္ခဲ့ၾကတာေၾကာင့္ ႏွစ္သင္းလံုး ဂိုးရဖို႔နီးတဲ့ အေျခအေနေတြ ပိုင္ဆိုင္ခဲ့တယ္။ ပထမဆံုး အခြင့္အေရးရတာက လီဗာပူးျဖစ္ကာ မာေနး အေကာင္းဆံုး ေကာင္တာပံုစံကေန တစ္ဦးခ်င္း အဆံုးသတ္ခြင့္ရခ်ိန္မွာ ေဘးထြက္ခဲ့တယ္။ စပါးဘက္က ေကာင္တာ ျပန္ဆင္လာခ်ိန္မွာ ဆြန္ ထူးခၽြန္စြာ ေဖာက္ထြက္သြားျပီး အယ္လီဆန္ကို တစ္ဦးခ်င္းမွာ အေကာင္းဆံုး အဆံုးသတ္ျပခဲ့ေပမယ့္ လူကၽြံေနခဲ့ပါတယ္။
လီဗာပူးတိုက္စစ္က ဆာလက္၊ ဖာမင္ႏို၊ မာေနးတို႔ တြဲဘက္ကစားဖို႔ ၾကိဳးစားခဲ့ကာ ဒီပြဲမွာ သူတို႔ သံုးဦး ကိုယ္တာဝန္ ကိုယ္ယူမႈေတြေၾကာင့္ တိုက္စစ္ကစားပံု ျမိဳင္ခဲ့ပါတယ္။ အခြင့္အေရး အမ်ားဆံုးရသူက မာေနးျဖစ္ျပီး သူ႔မွာလည္း ၾကိဳးစားသေလာက္ သက္သက္သာသာ အဆံုးသတ္ခြင့္မရဘဲ ခက္ခက္ခဲခဲကို ျပိဳင္ဘက္ ဧရိယာထဲ ရုန္းကစားခဲ့ရတယ္။
အပိုင္အခြင့္အေရးေတြ ရလုရခင္ အေနအထားေတြကို မာေနးရခဲ့ေပမယ့္ သူရဲ႕ အဆံုးသတ္မယ့္ အေနအထားကို စပါးခံစစ္နဲ႔ ဂိုးသမားေတြက ကာကြယ္ႏုိင္ခဲ့တယ္။ ပထမပိုင္း ျပီးခ်ိန္ေလးမွာ အဖြင့္ဂိုး စရခဲ့သူက ဖာမင္ႏိုပဲျဖစ္ျပီး ေတာင္ပံကေန မာေနး တိုးအားေကာင္းေကာင္းျဖင့္ ေဖာက္ထြက္ျပီး ဖန္တီးေပးမႈကို အဆံုးသတ္ခဲ့ျခင္းျဖစ္ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ပထမတစ္ပိုင္းလံုး ေျခစြမ္းထက္ေနတဲ့ မာတစ္ ၾကံ႕ခိုင္မႈ ျပႆနာ ျပန္ေပၚလာလို႔ ဖီးလစ္နဲ႔ လူစားလဲခဲ့ရပါတယ္။ ပြဲစျပီး မၾကာခင္မွာပဲ အသင္းေဖာ္ရဲ႕ အဆံုးသတ္မႈကို လိုရစ္ ပုပ္ထုတ္လို႔ ျပန္စင္လာတဲ့ ေဘာလံုးကို ထရန္႔က ဂိုးသမားရဲ႕ ညာျခမ္းေထာင့္ကို ကန္သြင္းျပီး အဆံုးသတ္ သြင္းယူတယ္။ ဒါေပမယ့္ မိနစ္မျခားဘဲ စပါးကြင္းလယ္လူ ေဟာ့ဘက္က ဧရိယာျပင္ပကေန အျပင္း ကန္သြင္းကာ ေျခပဂိုး တစ္ဂိုး ခ်က္ျခင္း ျပန္ယူခဲ့ပါတယ္။
ပြဲက ဒုတိယပိုင္းမွာ ျမိဳင္ဆိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ထိသြားခဲ့ျပီး ဒုတိယပိုင္း ျပန္စစခ်င္းမွာ လူစားလဲခံရတဲ့ ကိန္း မပါေတာ့ခ်ိန္မွာ စပါးရဲ႕ တိုက္စစ္က အေတာ္ေလး အားေပ်ာ့သြားခဲ့တယ္။ ဖြင့္ကစားၾကတာေၾကာင့္ ႏွစ္သင္းရဲ႕ အျပန္အလွန္ ထိုးေဖာက္မႈေတြျဖင့္ပဲ ေဘာလံုးက ႏွစ္ဘက္ဂိုးမွာ ဝဲလို႔ေနခဲ့ပါတယ္။
စပါးက မာေက်ာတဲ့ ကစားဟန္၊ ခံစစ္တို႔ျဖင့္ တုန္႔ျပန္လိုစိတ္ ျပသခဲ့ေပမယ့္ ဒီပြဲကေတာ့ လီဗာပူးပြဲျဖစ္ခဲ့ပါတယ္။ စိတ္ဓါတ္ပိုင္းက ႏုိင္ကိုယ္ႏုိင္ရမယ္လို႔ ဆံုးျဖတ္ထားၾကတာနဲ႔အတူ တိုက္ခိုက္လိုစိတ္ အျပည့္ ကစားခဲ့တာေၾကာင့္ ပြဲကို လီဗာပူးကပဲ အုပ္မိုးထားတာက သိသာခဲ့ပါတယ္။
စပါးကစားသမားနဲ႔ ထိခိုက္မိျပီး ေခါင္းကြဲသြားတဲ့ သီယာဂိုက ပတ္တီးစီးျပီး ကြင္းထဲ ျပန္ဝင္လာခ်ိန္မွာလည္း ေျခစြမ္းျပန္ျပခဲ့တယ္။ သူရယ္၊ မာေနးရယ္ ဖန္တီးေပးမႈကေန ဆာလက္ အေကာင္းဆံုး ပိတ္သြင္းေပမယ့္ ဖာမင္ႏိုရဲ႕ လက္ထိ အေနအထားေၾကာင့္ သြင္းဂိုး ပယ္ဖ်က္ခံခဲ့ရတယ္။ တကယ္တမ္းက ဖာမင္ႏုိကို ေနာက္က ေဘာ္ဒီခုထားတဲ့ ဒိုင္ယာ အရင္ဆံုး လက္ထိခဲ့တာျဖစ္ျပီး ဒီျဖစ္ရပ္မွာ ဒိုင္ရဲ႕ ဆံုးျဖတ္မႈက ဘာစည္မ်ဥ္းကို အေျခခံလဲ နားလည္ရ ခက္ခဲပါတယ္။
ပြဲကို မျဖတ္ႏုိင္ရင္ ဒုကၡေရာက္မွာကို နားလည္တဲ့ လီဗာပူးက တြန္းကစား၊ ဖိကစားခဲ့ျပီး တတိယဦးေဆာင္ဂိုးကေတာ့ ေျခစြာသေလာက္ ကံခံေနတဲ့ မာေနးကပဲ ထရန္႔ရဲ႕ ဖန္တီးေပးမႈကေန ပိတ္သြင္းယူခဲ့ပါတယ္။ ဒီပြဲမွာ လီဗာပူူးရဲ႕ ေဝဖန္ခံ ကစားသမားေတြျဖစ္တဲ့ ဖာမင္ႏို၊ မာေနး၊ ထရန္႔တို႔ ေျခစြမ္းေတြ ေကာင္းခဲ့ကာ ဂိုးေတြ ရခဲ့တာျဖစ္တယ္။
ဒီပြဲမွာ လီဗာပူးရဲ႕ ပြဲခ်ဥ္းကပ္ပံု၊ နည္းဗ်ဴဟာေတြနဲ႔ ပက္သက္လာရင္ အေကာင္းျမင္စရာ မ်ားပါလိမ့္မယ္။ ဒါေပမယ့္လို႔ အဓိက အားသာခ်က္ျဖစ္ခဲ့တာက စိတ္ဓါတ္ပိုင္းျဖစ္ျပီး ဒီပြဲမွ အႏုိင္ျပန္ယူႏုိင္ရင္ ခ်န္ပီယံကာကြယ္ေရးအတြက္ ေဝးကြာသြားမွာကို အသင္းသားေတြ နားလည္ျပီး စိတ္ပိုင္းျဖတ္ကာ ၾကိဳးစားလိုမႈကပဲ ႏုိင္ပြဲရဖို႔ ေသာ့ခ်က္ျဖစ္ခဲ့တာလို႔ ဆိုရမွာ ျဖစ္ပါတယ္။