လီဗာပူးအသင်းဟာ ညကပွဲမှာ စပါးအသင်းကို အနိုင်ယူပြီးတဲ့နောက် ယခင် ဝေဖန်မှုတွေ များစွာ ပြုလုပ်ထားတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က လေသံပြောင်းကာ သုံးသပ် ပြောဆိုလာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့ နိုင်ပွဲယူပြပြီး ဝိုင်းဝန်း ဝေဖန်မှုတွေ တုန့်ပြန်ခဲ့တာလို့ ဖာဒီနန်က ဆိုပါတယ်။

စပါးနဲ့ ပွဲမတိုင်ခင်က လီဗာပူးအသင်းဟာ သွင်းဂိုးတွေရော နိုင်ပွဲတွေပါ ပျောက်ဆုံးနေပြီး အခြေအနေ မလှ ဖြစ်နေခဲ့တာပါ။ ထိုစဉ်က လီဗာပူးဟာ ဒီလထဲ ဗဟိုခံစစ်သမား မခေါ်ရင် အမှတ်ပေးဖလား ဗိုလ်စွဲဖို့ မေ့လိုက်တော့လို့ ဖာဒီနန် က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီမနက်မှာတော့ လေသံပြောင်းကာ ပြောဆိုလာခဲ့တာပါ။

” လီဗာပူးက ဒီလို ရလဒ်မျိုး လုံး၀ လိုအပ်နေခဲ့တာလို့ ကျနော် ထင်ပါတယ်။ အားလုံးက သူတို့ကိစ္စကိုပဲ လိုက်ကြည့်နေကြ တာပါ။ သူတို့က ဒီရာသီ ချန်ပီယံ စိန်ခေါ်နိုင်မှု အဆုံးသတ်သွားပြီလား၊ ဒီလို မေးခွန်းကို ဒီည ပွဲမှာ လီဗာပူးက ခိုင်မာတဲ့ စိတ်ဆန္ဒနဲ နိုင်ပွဲယူပြီး တုန့်ပြန် ဖြေကြားခဲ့ပြီလို့ ကျနော် ထင်ပါတယ်။

လီဗာပူးက အမှတ်ပေးဇယား ထိပ်နားကို ပြန်ရောက်လာမှာပါ။ သူတို့ တိုက်စစ် အင်အားနနဲ့ ဆိုရင်ပေါ့၊ ဒီတလော ဂိုးရှေ့မှာ ရုန်းကန်ခဲ့ရတယ် ဆိုပေမယ့် ဒီကောင်လေးတွေက လိဂ်မှာ ထိပ်ဆုံးကနေ ရပ်တည်ဖို့ ဘယ်လို ရုန်းရမယ် ဆိုတာ ကောင်းကောင်း သိထားပြီးသား သူတွေပါ။ သူတို့က အင်အားပြန်ကောင်း လာပါလိမ့်မယ်။

ခံစစ်ကြောင်းမှာ အဓိက ဟာကွက်ကြီး ဖြစ်နေသေးတယ် ဆိုပေမယ့် ဒီတိုက်စစ်သမားတွေကနေ ယုံကြည်မှု ရလာတာကြောင့် လီဗာပူးမှာ အမှတ်ပေးဖလား အတွက် အခွင့်အရေး ရှိနေသေးတယ် ဆိုရမှာပါ။ ” လို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ညကပြဲမွာ စပါးအသင္းကို အနုိင္ယူျပီးတဲ့ေနာက္ ယခင္ ေ၀ဖန္မႈေတြ မ်ားစြာ ျပဳလုပ္ထားတဲ့ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ရီယုိ ဖာဒီနန္က ေလသံေျပာင္းကာ သံုးသပ္ ေျပာဆိုလာခဲ့ျပီ ျဖစ္ပါတယ္။ လီဗာပူးဟာ ခိုင္မာတဲ့ စိတ္ဆႏၵနဲ႕ နုိင္ပြဲယူျပျပီး ၀ိုင္း၀န္း ေ၀ဖန္မႈေတြ တုန္႔ျပန္ခဲ့တာလို႔ ဖာဒီနန္က ဆိုပါတယ္။

စပါးနဲ႕ ပြဲမတုိင္ခင္က လီဗာပူးအသင္းဟာ သြငး္ဂိုးေတြေရာ နုိင္ပြဲေတြပါ ေပ်ာက္ဆံုးေနျပီး အေျခအေန မလွ ျဖစ္ေနခဲ့တာပါ။ ထိုစဥ္က လီဗာပူးဟာ ဒီလထဲ ဗဟိုခံစစ္သမား မေခၚရင္ အမွတ္ေပးဖလား ဗိုလ္စြဲဖို႔ ေမ့လိုက္ေတာ့လို႔ ဖာဒီနန္ က ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဒီမနက္မွာေတာ့ ေလသံေျပာင္းကာ ေျပာဆိုလာခဲ့တာပါ။

” လီဗာပူးက ဒီလို ရလဒ္မ်ိဳး လံုး၀ လိုအပ္ေနခဲ့တာလို႔ က်ေနာ္ ထင္ပါတယ္။ အားလံုးက သူတို႔ကိစၥကိုပဲ လိုက္ၾကည့္ေနၾက တာပါ။ သူတို႔က ဒီရာသီ ခ်န္ပီယံ စိန္ေခၚနုိင္မႈ အဆံုးသတ္သြားျပီလား၊ ဒီလို ေမးခြန္းကို ဒီည ပြဲမွာ လီဗာပူးက ခိုင္မာတဲ့ စိတ္ဆႏၵနဲ နိုင္ပြဲယူျပီး တုန္႔ျပန္ ေျဖၾကားခဲ့ျပီလို႔ က်ေနာ္ ထင္ပါတယ္။

လီဗာပူးက အမွတ္ေပးဇယား ထိပ္နားကို ျပန္ေရာက္လာမွာပါ။ သူတို႔ တိုက္စစ္ အင္အားနနဲ႕ ဆိုရင္ေပါ့၊ ဒီတေလာ ဂိုးေရွ႕မွာ ရုန္းကန္ခဲ့ရတယ္ ဆိုေပမယ့္ ဒီေကာင္ေလးေတြက လိဂ္မွာ ထိပ္ဆံုးကေန ရပ္တည္ဖို႔ ဘယ္လို ရုန္းရမယ္ ဆိုတာ ေကာင္းေကာင္း သိထားျပီးသား သူေတြပါ။ သူတို႔က အင္အားျပန္ေကာင္း လာပါလိမ့္မယ္။

ခံစစ္ေၾကာင္းမွာ အဓိက ဟာကြက္ၾကီး ျဖစ္ေနေသးတယ္ ဆိုေပမယ့္ ဒီတိုက္စစ္သမားေတြကေန ယံုၾကည္မႈ ရလာတာေၾကာင့္ လီဗာပူးမွာ အမွတ္ေပးဖလား အတြက္ အခြင့္အေရး ရွိေနေသးတယ္ ဆိုရမွာပါ။ ” လို႔ ဖာဒီနန္က ေျပာဆိုသြားခဲ့ပါတယ္။