လီဗာပူးအသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ရပြီးတဲ့နောက် ဝေဖန်မှုနဲ့ ဖိအားတွေကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ထဲ ပရီးမီးယားလိဂ် ဂိုးနဲ့ နိုင်ပွဲ ပျောက်နေတဲ့ လီဗာပူးအတွက်တော့ လမ်းကြောင်းမှန် ပေါ် ပြန်ရောက်ဖို့ လမ်းစကောင်းလည်း ဖြစ်ပါတယ်။

လီဗာပူး ခံစစ်မှူး အန်ဒီရော်ဘတ်ဆန်ကတော့ စပါးကို နိုင်တဲ့ ပွဲဟာ တစ်ပွဲကောင်း ထ နိုင်ပြီး ရပ်သွားတာမျိုး ဖြစ်လို့ မရကြောင်း အသင်းဖော်တွေ အား သတိပေးပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင် ထင်တိုင်း မပေါက်၊ လိုသလို မဖြစ်ခဲ့တာတွေ ရှိတယ်။ တစ်ရာသီကို ဒါမျိုး လေးငါးပွဲလောက် ရှိနိုင်တယ်။ တလျောက်လုံးမှာ ကြုံတွေ့ရနိုင်တယ်။ ကျနေ်ာတို့ကတော့ ကံမကောင်းစွာပဲ အဆင်မပြေတဲ့ လေးငါးပွဲ တစ်ခါတည်း တန်းစီတွေ့လိုက်ရသလို ဖြစ်နေတယ်။ ဒါကြောင့်လည်း ကျနော်တို့အကြောင်း အားလုံးက ဝိုင်းပြောလာကြတာပါ။

ဒါပေမယ့် ရပါတယ်။ ကျနော်တို့က ဘောလုံး သမားတွေ ဖြစ်တယ်၊ ဒီလောကမှာ ဘယ်လိုလဲ ဆိုတာ သဘောပေါက်ထားပြီးသားပါ။ ကျနော်တို့က အတူ လက်တွဲရင်ဆိုင်ကြတယ်၊ ထရိန်နင်မှာလည်း အမြဲ တသွေးတည်းပဲ။ ပရိသတ်တွေသာ ကျနော်တို့နဲ့ အတူ မရှိနိုင်တာပါ။

အခုက ထူးခြားတဲ့ ဘောလုံးရာသီ ဖြစ်နေတယ်။ တကယ်ကို ခက်ခဲပါတယ်။ တခြားအသင်းတွေကလည်း စုဖွဲ့မှုကောင်းကောင်းတွေနဲ့ ကြိုးစားပြနေတာ မြင်ရတယ်။ ကျနော်တို့လည်း တစုတစည်းတည်း ကြိုးစား သွားမှာပါ။

ဒါပေမယ့် စပါးကို နိုင်လိုက်တဲ့ ပွဲက တစ်ပွဲကောင်း ထ နိုင်လိုက်တာမျိုး ဖြစ်လို့ မရဘူး။ ဒီပွဲကနေ လက်ကျန် ရာသီဝက်မှာ အသင်းက တောင့်တင်းစွာ ဖြတ်သန်းသွားဖို့ အချိုးအကွေ့၊ နိဒါန်း အစ တစ်ခု ဖြစ်ဖို့ လိုပါတယ်။” လို့ ရော်ဘတ်ဆန်က စပါးနဲ့ ပွဲ အပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ စပါးအသင္းကို အေ၀းကြင္းမွာ ၃-၁ နဲ႕ အနုိင္ရျပီးတဲ့ေနာက္ ေ၀ဖန္မႈနဲ႕ ဖိအားေတြကို ေလွ်ာ့ခ်နိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ဒီနွစ္ထဲ ပရီးမီးယားလိဂ္ ဂိုးနဲ႕ နုိင္ပြဲ ေပ်ာက္ေနတဲ့ လီဗာပူးအတြက္ေတာ့ လမ္းေၾကာင္းမွန္ ေပၚ ျပန္ေရာက္ဖို႔ လမ္းစေကာင္းလည္း ျဖစ္ပါတယ္။

လီဗာပူး ခံစစ္မွဴး အန္ဒီေရာ္ဘတ္ဆန္ကေတာ့ စပါးကို နုိင္တဲ့ ပြဲဟာ တစ္ပြဲေကာင္း ထ နုိင္ျပီး ရပ္သြားတာမ်ိဳး ျဖစ္လို႔ မရေၾကာင္း အသင္းေဖာ္ေတြ အား သတိေပးေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ ကစားခဲ့တဲ့ ပြဲေတြကို ျပန္ၾကည့္ရင္ ထင္တိုင္း မေပါက္၊ လိုသလို မျဖစ္ခဲ့တာေတြ ရွိတယ္။ တစ္ရာသီကို ဒါမ်ိဳး ေလးငါးပြဲေလာက္ ရွိနိုင္တယ္။ တေလ်ာက္လံုးမွာ ၾကံဳေတြ႔ရနုိင္တယ္။ က်ေန္ာတို႔ကေတာ့ ကံမေကာင္းစြာပဲ အဆင္မေျပတဲ့ ေလးငါးပြဲ တစ္ခါတည္း တန္းစီေတြ႔လိုက္ရသလို ျဖစ္ေနတယ္။ ဒါေၾကာင့္လည္း က်ေနာ္တို႔အေၾကာင္း အားလံုးက ၀ိုင္းေျပာလာၾကတာပါ။

ဒါေပမယ့္ ရပါတယ္။ က်ေနာ္တုိ႔က ေဘာလံုး သမားေတြ ျဖစ္တယ္၊ ဒီေလာကမွာ ဘယ္လိုလဲ ဆိုတာ သေဘာေပါက္ထားျပီးသားပါ။ က်ေနာ္တို႔က အတူ လက္တြဲရင္ဆိုင္ၾကတယ္၊ ထရိန္နင္မွာလည္း အျမဲ တေသြးတည္းပဲ။ ပရိသတ္ေတြသာ က်ေနာ္တို႔နဲ႕ အတူ မရွိနုိင္တာပါ။

အခုက ထူးျခားတဲ့ ေဘာလံုးရာသီ ျဖစ္ေနတယ္။ တကယ္ကို ခက္ခဲပါတယ္။ တျခားအသင္းေတြကလည္း စုဖြဲ႕မႈေကာင္းေကာင္းေတြနဲ႕ ၾကိဳးစားျပေနတာ ျမင္ရတယ္။ က်ေနာ္တို႔လည္း တစုတစည္းတည္း ၾကိဳးစား သြားမွာပါ။

ဒါေပမယ့္ စပါးကို နုိင္လိုက္တဲ့ ပြဲက တစ္ပြဲေကာင္း ထ နိုင္လိုက္တာမ်ိဳး ျဖစ္လို႔ မရဘူး။ ဒီပြဲကေန လက္က်န္ ရာသီ၀က္မွာ အသင္းက ေတာင့္တင္းစြာ ျဖတ္သန္းသြားဖို႔ အခ်ိဳးအေကြ႕၊ နိဒါန္း အစ တစ္ခု ျဖစ္ဖို႔ လိုပါတယ္။” လို႔ ေရာ္ဘတ္ဆန္က စပါးနဲ႕ ပြဲ အျပီး အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။