စပါးမန်နေဂျာ မော်ရင်ညိုက တိုက်စစ်သမား ဟယ်ရီကိန်း ဒဏ်ရာရခဲ့ခြင်းက အဖျက်ကြမ်းတဲ့ သီယာဂိုကြောင့်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှု လုပ်သွားခဲ့ပါတယ်။

ကိန်းနဲ့ သီယာဂိုတို့ဟာ ဘောလုံးယှဉ်လုရင်း ထိတွေ့မှု ဖြစ်ခဲ့ချိန်မှာ ကိန်း ဒဏ်ရာစရခဲ့တာပါ။ ဒါပေမယ့်လို့ သူ ဆက်ကစားလို့ မရစေခဲ့တာက ဟန်ဒါဆန်ထံက ဘောလုံးလုဖို့ ကြိုးစားရင်း သူ့ဘာသာ ခြေချော်ခဲ့မှုကြောင့်ဖြစ်တယ်။ မော်ရင်ညိုကတော့ သီယာဂိုရဲ့ မသေသပ်တဲ့ ဖျက်ထုတ်မှုကို ဘဝင်မကျ ဖြစ်နေခဲ့ပါတယ်။

မော်ရင်ညိုက ” ခြေကျင်းဝတ် နှစ်ဘက်လုံးကို ထိသွားခဲ့တာပါ။ ပထမတစ်ကြိမ်ကတော့ သီယာဂိုရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ဖြစ်ခဲ့တာပါ။ ဒုတိယတစ်ကြိမ်ကတော့ ဘယ်သူ့ကြောင့်လည်း ကျနော် မသိပါဘူး။

ဒဏ်ရာ နှစ်ခုလုံးက ခြေကျင်းဝတ် နှစ်ဘက်လုံးမှာ ဖြစ်ခဲ့တာပါ။ ဒုတိယအကြိမ် ဖြစ်ခဲ့တာက ပထမအကြိမ်ကထက် ပိုဆိုးပါတယ်။ သီတင်းပတ် အနည်းငယ် ကြာသွားမလားဆိုတာ ကျနော် မသိပါဘူး။ ကျနေ်ာတို့ အစားထိုးဖို့ မရတဲ့ ကစားသမားအချို့ ရှိခဲ့ပါတယ်။

အသင်း ရံှူးနေချိန်မှာ ဟယ်ရီက ဆက်ကစားလိုခဲ့ပေမယ့် ပွဲထဲက ထွက်ခွာသွားရတယ်။ ဒါကြောင့် ဟယ်ရီ မကစားနိုင်တော့တာက ပေါ့သေးသေး ဒဏ်ရာ မဟုတ်ပါဘူး။ သူ ဘယ်လောက်ထိ နားရမယ်တော့ ကျနော် မသိပါဘူး။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ ” လို့ ပြောပါတယ်။

စပါးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို ယာယီ ဦးဆောင်ခဲ့တဲ့ အသင်း ၉ သင်းထဲက တစ်သင်းလည်းဖြစ်တယ်။ လီဗာပူးက သူတို့ကို အနိုင်ယူခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၆ လောက်ထိ ထိုးဆင်းနိုင်တဲ့ အန္တရာယ်ကနေ ကင်းလွတ်ခဲ့ပြီး အခုချိန်မှာတော့ ထိပ်ဆုံးတွေကို ပြန်တက်ဖို့ အားယူနေတော့မှာ ဖြစ်ပါတယ်။

ZAWGYI

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက တိုက္စစ္သမား ဟယ္ရီကိန္း ဒဏ္ရာရခဲ့ျခင္းက အဖ်က္ၾကမ္းတဲ့ သီယာဂိုေၾကာင့္ျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္မႈ လုပ္သြားခဲ့ပါတယ္။

ကိန္းနဲ႔ သီယာဂိုတို႔ဟာ ေဘာလံုးယွဥ္လုရင္း ထိေတြ႔မႈ ျဖစ္ခဲ့ခ်ိန္မွာ ကိန္း ဒဏ္ရာစရခဲ့တာပါ။ ဒါေပမယ့္လို႔ သူ ဆက္ကစားလို႔ မရေစခဲ့တာက ဟန္ဒါဆန္ထံက ေဘာလံုးလုဖို႔ ၾကိဳးစားရင္း သူ႔ဘာသာ ေျခေခ်ာ္ခဲ့မႈေၾကာင့္ျဖစ္တယ္။ ေမာ္ရင္ညိဳကေတာ့ သီယာဂိုရဲ႕ မေသသပ္တဲ့ ဖ်က္ထုတ္မႈကို ဘဝင္မက် ျဖစ္ေနခဲ့ပါတယ္။

ေမာ္ရင္ညိဳက ” ေျခက်င္းဝတ္ ႏွစ္ဘက္လံုးကို ထိသြားခဲ့တာပါ။ ပထမတစ္ၾကိမ္ကေတာ့ သီယာဂိုရဲ႕ ဆိုးရြားတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ျဖစ္ခဲ့တာပါ။ ဒုတိယတစ္ၾကိမ္ကေတာ့ ဘယ္သူ႔ေၾကာင့္လည္း က်ေနာ္ မသိပါဘူး။

ဒဏ္ရာ ႏွစ္ခုလံုးက ေျခက်င္းဝတ္ ႏွစ္ဘက္လံုးမွာ ျဖစ္ခဲ့တာပါ။ ဒုတိယအၾကိမ္ ျဖစ္ခဲ့တာက ပထမအၾကိမ္ကထက္ ပိုဆိုးပါတယ္။ သီတင္းပတ္ အနည္းငယ္ ၾကာသြားမလားဆိုတာ က်ေနာ္ မသိပါဘူး။ က်ေန္ာတို႔ အစားထိုးဖို႔ မရတဲ့ ကစားသမားအခ်ိဳ႔ ရွိခဲ့ပါတယ္။

အသင္း ရံွဴးေနခ်ိန္မွာ ဟယ္ရီက ဆက္ကစားလိုခဲ့ေပမယ့္ ပြဲထဲက ထြက္ခြာသြားရတယ္။ ဒါေၾကာင့္ ဟယ္ရီ မကစားႏုိင္ေတာ့တာက ေပါ့ေသးေသး ဒဏ္ရာ မဟုတ္ပါဘူး။ သူ ဘယ္ေလာက္ထိ နားရမယ္ေတာ့ က်ေနာ္ မသိပါဘူး။ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ ” လို႔ ေျပာပါတယ္။

စပါးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ထိပ္ဆံုးေနရာကို ယာယီ ဦးေဆာင္ခဲ့တဲ့ အသင္း ၉ သင္းထဲက တစ္သင္းလည္းျဖစ္တယ္။ လီဗာပူးက သူတို႔ကို အႏုိင္ယူခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၆ ေလာက္ထိ ထိုးဆင္းႏုိင္တဲ့ အႏၱရာယ္ကေန ကင္းလြတ္ခဲ့ျပီး အခုခ်ိန္မွာေတာ့ ထိပ္ဆံုးေတြကို ျပန္တက္ဖို႔ အားယူေနေတာ့မွာ ျဖစ္ပါတယ္။