မန်နေဂျာယာဂင်ကလော့ပ်က ဝက်ဟမ်းပွဲကြို တွေ့ဆုံမှုအတွင်း ဈေးကွက် မပိတ်ခင် အချိန်အတွင်းမှာ အသင်းက ခံစစ်သမား ခေါ်ယူဖို့ ကြိုးစားကြည်ဦးမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
စပါးနဲ့ပွဲမှာ မာတစ် ဒဏ်ရာရခဲ့သလို ဖာဘင်ညိုကလည်း အသေးစား ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး။ လာမယ့် ဝက်ဟမ်းနဲ့ပွဲမှာ သူတို့ နှစ်ဦးလုံး လွဲချော်မှာဖြစ်လို့ မန်နေဂျာက ဟန်ဒါဆန်ကို ရိုင်းစ်၊ နက်ဖီးလစ်တို့ထဲက တစ်ဦးနဲ့ပဲ ခံစစ်အတွဲကို ထုတ်သုံးရဖွယ်ရှိပါတယ်။
စီနီယာခံစစ်မှူး ၃ ဦးနဲ့ စတုတ္ထခံစစ်မှူးတို့ ဒဏ်ရာပြဿနာတွေ ရှိနေခြင်းကြောင့် ဈေးကွက် လက်ကျန် ကာလအတွင်း သင့်လျော်မှန်ကန်တဲ့ ကစားသမား တစ်ဦးကို ရှာဖွေရလိမ့်မယ်ဆိုတာကို ကလော့ပ်က ဝန်ခံခဲ့တယ်။
ကလော့ပ်က ” ခေါ်ယူနိုင်မလား ကျနေ်ာလည်း မသိသေးပါဘူး။ ဒါပေမယ့်လို့ ကြိုးစားသွားမှာပါ။ ကျနေ်ာတို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ခုခု ဖြစ်လာချိန်ထိ ကျနေ်ာတို့ ပြောလို့ မရသေးပါဘူး။ ဒီတော့ ကျနေ်ာတို့ ကြည့်ရပါလိမ့်မယ်။
မနေ့က ဖြစ်ခဲ့တဲ့ အခြေအနေတွေက မလွယ်ကူပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ကလည်း မှန်ကန်တဲ့ ကိစ္စတွေအတွက် ဆက်ပြီး ကြိုးစားနေပါတယ်။ အကယ်လို့ အဆင်ပြေခဲ့ရင် ကျနေ်ာတို့ ခေါ်ယူမှာဖြစ်ပြီး မဟုတ်ခဲ့ရင်တော့ ခေါ်မှာ မဟုတ်ပါဘူး။
ကျနော်ရဲ့ အတွေးက မပြောင်းသေးပါဘူး။ ကျနေ်ာတို့ အလုပ်လုပ်နေတယ်။ အိပ်ချိန်ကလွဲရင် ကျနေ်ာတို့ အလုပ်လုပ်နေပါတယ်။ အားလုံးက ရေရှည်အတွက်ပါ။ ဖြေရှင်းရမယ့် ကိစ္စတွေအတွက် ကျနေ်ာတို့ ကြိုးစားနေပါတယ်။
ဒီအခြေအနေမှာ ပေါင် သန်း ၈၀ တန် ခံစစ်မှူးကို ခေါ်ယူလို့ရမှာ မဟုတ်သလို ကလပ်တွေကလည်း အဲ့လို ခံစစ်မှူးကို ရောင်းထုတ်မှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ သင့်လျော်မှန်ကန်တဲ့ ကစားသမားကို ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဝက္ဟမ္းပြဲၾကိဳ ေတြ႔ဆံုမႈအတြင္း ေစ်းကြက္ မပိတ္ခင္ အခ်ိန္အတြင္းမွာ အသင္းက ခံစစ္သမား ေခၚယူဖို႔ ၾကိဳးစားၾကည္ဦးမွာျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။
စပါးနဲ႔ပြဲမွာ မာတစ္ ဒဏ္ရာရခဲ့သလို ဖာဘင္ညိဳကလည္း အေသးစား ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့ပါဘူး။ လာမယ့္ ဝက္ဟမ္းနဲ႔ပြဲမွာ သူတို႔ ႏွစ္ဦးလံုး လြဲေခ်ာ္မွာျဖစ္လို႔ မန္ေနဂ်ာက ဟန္ဒါဆန္ကို ရိုင္းစ္၊ နက္ဖီးလစ္တို႔ထဲက တစ္ဦးနဲ႔ပဲ ခံစစ္အတြဲကို ထုတ္သံုးရဖြယ္ရွိပါတယ္။
စီနီယာခံစစ္မွဴး ၃ ဦးနဲ႔ စတုတၳခံစစ္မွဴးတို႔ ဒဏ္ရာျပႆနာေတြ ရွိေနျခင္းေၾကာင့္ ေစ်းကြက္ လက္က်န္ ကာလအတြင္း သင့္ေလ်ာ္မွန္ကန္တဲ့ ကစားသမား တစ္ဦးကို ရွာေဖြရလိမ့္မယ္ဆိုတာကို ကေလာ့ပ္က ဝန္ခံခဲ့တယ္။
ကေလာ့ပ္က ” ေခၚယူႏုိင္မလား က်ေန္ာလည္း မသိေသးပါဘူး။ ဒါေပမယ့္လို႔ ၾကိဳးစားသြားမွာပါ။ က်ေန္ာတို႔ ၾကိဳးစားခဲ့ေပမယ့္လည္း တစ္ခုခု ျဖစ္လာခ်ိန္ထိ က်ေန္ာတို႔ ေျပာလို႔ မရေသးပါဘူး။ ဒီေတာ့ က်ေန္ာတို႔ ၾကည့္ရပါလိမ့္မယ္။
မေန႔က ျဖစ္ခဲ့တဲ့ အေျခအေနေတြက မလြယ္ကူပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ကလည္း မွန္ကန္တဲ့ ကိစၥေတြအတြက္ ဆက္ျပီး ၾကိဳးစားေနပါတယ္။ အကယ္လို႔ အဆင္ေျပခဲ့ရင္ က်ေန္ာတို႔ ေခၚယူမွာျဖစ္ျပီး မဟုတ္ခဲ့ရင္ေတာ့ ေခၚမွာ မဟုတ္ပါဘူး။
က်ေနာ္ရဲ႕ အေတြးက မေျပာင္းေသးပါဘူး။ က်ေန္ာတို႔ အလုပ္လုပ္ေနတယ္။ အိပ္ခ်ိန္ကလြဲရင္ က်ေန္ာတို႔ အလုပ္လုပ္ေနပါတယ္။ အားလံုးက ေရရွည္အတြက္ပါ။ ေျဖရွင္းရမယ့္ ကိစၥေတြအတြက္ က်ေန္ာတို႔ ၾကိဳးစားေနပါတယ္။
ဒီအေျခအေနမွာ ေပါင္ သန္း ၈၀ တန္ ခံစစ္မွဴးကို ေခၚယူလုိ႔ရမွာ မဟုတ္သလို ကလပ္ေတြကလည္း အဲ့လို ခံစစ္မွဴးကို ေရာင္းထုတ္မွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ရဲ႕ ဘ႑ာေရး အေျခအေနနဲ႔ သင့္ေလ်ာ္မွန္ကန္တဲ့ ကစားသမားကို ရွာေဖြႏုိင္ဖို႔ လိုအပ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။