ဝက်ဟမ်းပွဲကြို လီဗာပူးရဲ့ ခံစစ်ခေါ်ယူရေးနဲ့ ခံစစ်မှူးတွေရဲ့ ကြံ့ခိုင်မှုဆိုင်ရာ နောက်ဆုံးရ အခြေအနေတွေနဲ့ ပက်သက်ပြီး The Times သတင်းထောက် Paul Joyce ရဲ့ ဒီကနေ့ ဖော်ပြမှုတွေဖြစ်ပါတယ်။

  • မာတစ်ရဲ့ ဒဏ်ရာဟာ အစောပိုင်း ယူဆသလို ပြင်းထန်ခြင်းမရှိဘူး။ ဒါပေမယ့်လို့ ဝက်ဟမ်းနဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သလို ဆေးစစ်ချက်တွေကို ထပ်စောင့်ပြီးမှ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်မလား သိရမှာဖြစ်တယ်။
  • ဖာဘင်ညိုရဲ့ ဒဏ်ရာက မစိုးရိမ်ပေမယ့် ဝက်ဟမ်းနဲ့ပွဲမှာတော့ ထုတ်သုံးမှာ မဟုတ်ပါဘူး။ အသင်းက အရဲစွန့်ပြီး ထုတ်သုံးခြင်းဖြင့် ကစားသမားရဲ့ ဒဏ်ရာ ပိုကြီးသွားနိုင်တဲ့ အနေအထားကို ရှောင်ရှားလိုတယ်။
  • ယာဂင်ကလော့ပ်က လန်ဒန်ကို သွားတဲ့ ခရီးမှာ ခံစစ်အတွဲအဖြစ် ဟန်ဒါဆန်နဲ့ နက်ဖီးလစ်တို့ကို တွဲဘက်ပေးဖို့ကို နှစ်သက်နေတယ်။
  • လီဗာပူးအသင်းဟာ လာမယ့် ၇၂ နာရီအတွင်း ခံစစ်မှူးသစ် တစ်ဦး ခေါ်ယူရေး ကိစ္စကို ပိုမို ထိရောက်အောင် အရှိန်မြင့် လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်။
  • အသင်းတာဝန်ရှိသူတွေက ခံစစ်သမားတစ်ဦးကို ရေတိုဖြေရှင်းဖို့အတွက် ခေါ်ယူပေးနိုင်ပေမယ့်လည်း ပေါင် သန်း ၈၀ လောက် တန်ကြေးရှိတဲ့ ခံစစ်မှူးသစ်မျိုး ရောက်လာဖို့တော့ မမျှော်လင့်ဖို့ ယာဂင်က သတိပေးလိုက်ပါတယ်။
  • မေဂျာလိဂ်ကလပ် New York Red Bulls အသင်းက အသက် ၂၈ နှစ်အရွယ် ခံစစ်မှူး Aarons Long ကို ခေါ်ယူဖို့ လီဗာပူးက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။
  • ဒူဘိုင်းမှာ ခံစစ်မျူးဗန်ဒိုက်ဟာ ဖိုက်တာကြီး ဂါဘစ်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ လက်တလောမှာ ဗန်ဒိုက်က ဒူးဘိုင်ကနေ လီဗာပူးကို ပြန်လာမယ့် အရိပ်အခြေလည်း မရှိသေးပါဘူး။

ZAWGYI

ဝက္ဟမ္းပြဲၾကိဳ လီဗာပူးရဲ႕ ခံစစ္ေခၚယူေရးနဲ႔ ခံစစ္မွဴးေတြရဲ႕ ၾကံ႕ခိုင္မႈဆိုင္ရာ ေနာက္ဆံုးရ အေျခအေနေတြနဲ႔ ပက္သက္ျပီး The Times သတင္းေထာက္ Paul Joyce ရဲ႕ ဒီကေန႔ ေဖာ္ျပမႈေတြျဖစ္ပါတယ္။

  • မာတစ္ရဲ႕ ဒဏ္ရာဟာ အေစာပိုင္း ယူဆသလို ျပင္းထန္ျခင္းမရွိဘူး။ ဒါေပမယ့္လို႔ ဝက္ဟမ္းနဲ႔ပြဲမွာ ပါဝင္ႏုိင္ဦးမွာ မဟုတ္သလို ေဆးစစ္ခ်က္ေတြကို ထပ္ေစာင့္ျပီးမွ ဘရိုက္တန္နဲ႔ပြဲမွာ ပါဝင္ႏုိင္မလား သိရမွာျဖစ္တယ္။
  • ဖာဘင္ညိဳရဲ႕ ဒဏ္ရာက မစိုးရိမ္ေပမယ့္ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ ထုတ္သံုးမွာ မဟုတ္ပါဘူး။ အသင္းက အရဲစြန္႔ျပီး ထုတ္သံုးျခင္းျဖင့္ ကစားသမားရဲ႕ ဒဏ္ရာ ပိုၾကီးသြားႏုိင္တဲ့ အေနအထားကို ေရွာင္ရွားလိုတယ္။
  • ယာဂင္ကေလာ့ပ္က လန္ဒန္ကို သြားတဲ့ ခရီးမွာ ခံစစ္အတြဲအျဖစ္ ဟန္ဒါဆန္နဲ႔ နက္ဖီးလစ္တို႔ကို တြဲဘက္ေပးဖို႔ကို ႏွစ္သက္ေနတယ္။
  • လီဗာပူးအသင္းဟာ လာမယ့္ ၇၂ နာရီအတြင္း ခံစစ္မွဴးသစ္ တစ္ဦး ေခၚယူေရး ကိစၥကို ပိုမို ထိေရာက္ေအာင္ အရွိန္ျမင့္ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္တယ္။
  • အသင္းတာဝန္ရွိသူေတြက ခံစစ္သမားတစ္ဦးကို ေရတိုေျဖရွင္းဖို႔အတြက္ ေခၚယူေပးႏုိင္ေပမယ့္လည္း ေပါင္ သန္း ၈၀ ေလာက္ တန္ေၾကးရွိတဲ့ ခံစစ္မွဴးသစ္မ်ိဳး ေရာက္လာဖို႔ေတာ့ မေမွ်ာ္လင့္ဖို႔ ယာဂင္က သတိေပးလိုက္ပါတယ္။
  • ေမဂ်ာလိဂ္ကလပ္ New York Red Bulls အသင္းက အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴး Aarons Long ကို ေခၚယူဖို႔ လီဗာပူးက စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြက မမွန္ပါဘူး။
  • ဒူဘိုင္းမွာ ခံစစ္မ်ဴးဗန္ဒိုက္ဟာ ဖိုက္တာၾကီး ဂါဘစ္နဲ႔ ေတြ႔ဆံုခဲ့ၾကပါတယ္။ လက္တေလာမွာ ဗန္ဒိုက္က ဒူးဘိုင္ကေန လီဗာပူးကို ျပန္လာမယ့္ အရိပ္အေျခလည္း မရွိေသးပါဘူး။