ပရီးမီးယားလိဂ် ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်းဖြစ်သူ တင်ရှားဝုဒ်က လီဗာပူးအသင်းက ဗဟိုခံစစ်မှူးသစ် ခေါ်ယူသင့်ပြီး ဗန်ဒိုက်၊ ဂိုးမက်စ်တို့နဲ့ ရေရှည် တွဲကစားနိုင်မယ့် လူငယ်တစ်ဦးကို ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

သူကတော့ လက်စတာမှ အသက် ၂၀ အရွယ် လူငယ်ခံစစ်သမားဖြစ်သူ ဖိုဖာနာကို ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူဖို့လည်း တိုက်တွန်းခဲ့တယ်။ ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲပဲ ကစားရသေးတဲ့ ပြင်သစ်သား ခံစစ်မှူးကို လက်စတာက ပေါင် ၃၆.၅ သန်းပေးပြီး ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

စပါးမန်နေဂျာဟောင်းက ” ဇန်နဝါရီမှာ လီဗာပူးအသင်း ခံစစ်မှူးရှာဖွေနေတာက ခက်ခဲပါတယ်။ ဈေးကွက်ထဲကနေ ကစားသမား တစ်ယောက်လောက် ရလာပြီး ဂိုးမက်စ်နဲ့ ဗန်ဒိုက်တို့ကလည်း ပြန်ကြံ့ခိုင်လာတဲ့ အချိန်ကျရင် အဲ့ကစားသမားက လီဗာပူးဂျာစီ ဝတ်ပြီး ပွဲထွက်ခွင့် ရပါဦးတော့မလား?

လီဗာပူးရဲ့ အားကစားဒါရိုက်တာဖြစ်တဲ့ မိုက်ကယ်အတ်ဝပ်က သူဘာလုပ်ရမယ်ဆိုတာကို အရမ်း တွက်ချက်ပါလိမ့်မယ်။ သူက ယာဂင်နဲ့ ဆွေးနွေးစကားပြောမှုတွေလည်း လုပ်မယ်ဆိုတာ သေချာပါတယ်။ စာချုပ်ကုန်တော့မယ့် ကစားသမားတစ်ဦးကို ကာလတိုအဖြစ် ခေါ်ယူလို့ရမယ်ဆိုရင် သူတို့ ခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။

ခံစစ်မှူးဆိုတာက အထူး နေရာကောင်းတစ်ခုပါ။ ရိုက်လို ကွင်းလယ်လူကို ခေါ်ယူပြီး အဲ့နေရာမှာ ထားကစားတာမျိုးတွေ လုပ်လို့လည်း ရပေမယ့် လီဗာပူးက သူ့ကို ခေါ်ယူမယ်လို့ မထင်ပါဘူး။ မဟုတ်ရင် လက်စတာကို ပေါင် သန်း ၁၀၀ လောက်ပေးပြီး ဖိုဖာနာလို လူငယ်ခံစစ်သမားကို ခေါ်ယူဖို့ တွန်းအားပေးရမှာပါ ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက ခံစစ်မှူး ခေါ်ယူသင့်တာ မှန်ပေမယ့်လို့ တင်ရှားဝုဒ်ရဲ့ တိုက်တွန်းမှုကတော့ အငြင်းပွားစရာ ဖြစ်ပါတယ်။ လီဗာပူးက လူငယ် ခံစစ်သမားတစ်ဦးကို အဲ့လောက်ကြေးပေးပြီး ခေါ်ယူဖို့က မဖြစ်နိုင်သလို နွေမှ အဓိက ခေါ်ယူမှုလုပ်ရင်တောင် အဆိုပါ ပြောင်းရွှေ့ကြေးမျိုးပေးရမယ့် ကစားသမားမျိုးတော့ ကမ်းလှမ်းသွားဖွယ် မရှိသေးတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းနဲ႔ မန္ေနဂ်ာေဟာင္းျဖစ္သူ တင္ရွားဝုဒ္က လီဗာပူးအသင္းက ဗဟိုခံစစ္မွဴးသစ္ ေခၚယူသင့္ျပီး ဗန္ဒိုက္၊ ဂိုးမက္စ္တို႔နဲ႔ ေရရွည္ တြဲကစားႏုိင္မယ့္ လူငယ္တစ္ဦးကို ေခၚယူဖို႔ စဥ္းစားသင့္တယ္လို႔ ဆိုပါတယ္။

သူကေတာ့ လက္စတာမွ အသက္ ၂၀ အရြယ္ လူငယ္ခံစစ္သမားျဖစ္သူ ဖိုဖာနာကို ေပါင္ သန္း ၁၀၀ ျဖင့္ ေခၚယူဖို႔လည္း တိုက္တြန္းခဲ့တယ္။ ပရီးမီးယားလိဂ္ပြဲ ၁၅ ပြဲပဲ ကစားရေသးတဲ့ ျပင္သစ္သား ခံစစ္မွဴးကို လက္စတာက ေပါင္ ၃၆.၅ သန္းေပးျပီး ေခၚယူထားခဲ့တာလည္း ျဖစ္ပါတယ္။

စပါးမန္ေနဂ်ာေဟာင္းက ” ဇန္နဝါရီမွာ လီဗာပူးအသင္း ခံစစ္မွဴးရွာေဖြေနတာက ခက္ခဲပါတယ္။ ေစ်းကြက္ထဲကေန ကစားသမား တစ္ေယာက္ေလာက္ ရလာျပီး ဂိုးမက္စ္နဲ႔ ဗန္ဒိုက္တို႔ကလည္း ျပန္ၾကံ႕ခိုင္လာတဲ့ အခ်ိန္က်ရင္ အဲ့ကစားသမားက လီဗာပူးဂ်ာစီ ဝတ္ျပီး ပြဲထြက္ခြင့္ ရပါဦးေတာ့မလား?

လီဗာပူးရဲ႕ အားကစားဒါရိုက္တာျဖစ္တဲ့ မိုက္ကယ္အတ္ဝပ္က သူဘာလုပ္ရမယ္ဆိုတာကို အရမ္း တြက္ခ်က္ပါလိမ့္မယ္။ သူက ယာဂင္နဲ႔ ေဆြးေႏြးစကားေျပာမႈေတြလည္း လုပ္မယ္ဆိုတာ ေသခ်ာပါတယ္။ စာခ်ဳပ္ကုန္ေတာ့မယ့္ ကစားသမားတစ္ဦးကို ကာလတိုအျဖစ္ ေခၚယူလို႔ရမယ္ဆိုရင္ သူတို႔ ေခၚယူသင့္တယ္လို႔ ထင္ပါတယ္။

ခံစစ္မွဴးဆိုတာက အထူး ေနရာေကာင္းတစ္ခုပါ။ ရိုက္လို ကြင္းလယ္လူကို ေခၚယူျပီး အဲ့ေနရာမွာ ထားကစားတာမ်ိဳးေတြ လုပ္လို႔လည္း ရေပမယ့္ လီဗာပူးက သူ႔ကို ေခၚယူမယ္လို႔ မထင္ပါဘူး။ မဟုတ္ရင္ လက္စတာကို ေပါင္ သန္း ၁၀၀ ေလာက္ေပးျပီး ဖိုဖာနာလို လူငယ္ခံစစ္သမားကို ေခၚယူဖို႔ တြန္းအားေပးရမွာပါ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းက ခံစစ္မွဴး ေခၚယူသင့္တာ မွန္ေပမယ့္လို႔ တင္ရွားဝုဒ္ရဲ႕ တိုက္တြန္းမႈကေတာ့ အျငင္းပြားစရာ ျဖစ္ပါတယ္။ လီဗာပူးက လူငယ္ ခံစစ္သမားတစ္ဦးကို အဲ့ေလာက္ေၾကးေပးျပီး ေခၚယူဖို႔က မျဖစ္ႏုိင္သလို ေႏြမွ အဓိက ေခၚယူမႈလုပ္ရင္ေတာင္ အဆိုပါ ေျပာင္းေရႊ႔ေၾကးမ်ိဳးေပးရမယ့္ ကစားသမားမ်ိဳးေတာ့ ကမ္းလွမ္းသြားဖြယ္ မရွိေသးတာ ျဖစ္ပါတယ္။