လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ deadline နေ့အတွက် ခံစစ်မှူးသစ် ခေါ်ယူမှုမှာ အံ့အားသင့်ဖွယ် လှုပ်ရှားမှုကို စတင်လာခဲ့ပြီဖြစ်ပါတယ်။
ခံစစ်ပြဿနာကို ဖြေရှင်းဖို့ လီဗာပူးဘက်က ရွေးချယ်လိုက်တဲ့ ကစားသမားက ချန်ပီယံရှစ်ကလပ် ပရီစတန် အသင်းမှ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်သား ခံစစ်သမား ဘမ်ဒေးဗစ်ဖြစ်ကြောင်း လီဗာပူးသတင်းထောက်တွေက စတင် အတည်ပြုလာပါတယ်။ မကြာခင်မှာပဲ တရားဝင် ညိနှိုင်းမှုကို စတင်သွားတော့မယ့် အနေအထားဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဂိုးမက်စ်ကို ရာသီကုန်ထိ လက်လွတ်ရဖို့ ရှိနေပြီး ဗန်ဒိုက်ကလည်း ဧပရာယ်လလောက်မှ ပြန်ကစားနိုင်မှာပါ။ ဒီအခြေအနေမှာ မာတစ်ကလည်း ပုံမှန် ပွဲထွက်ပေးဖို့ ရုန်းကန်နေရကာ တောက်လျှောက် ပွဲထွက်ပေးနေတဲ့ ဖာဘင်ညိုပါ ကြံ့ခိုင်မှု ပြဿနာတွေ ရှိလာနေခ့တာဖြစ်တယ်။
ဒေးဗစ်က ဘရီစတန် အသင်းနဲ့ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်ပြီး လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၂ သန်းဖြင့် ချိတ်ဆက်ဖွယ်ရှိတယ်။ သူ့ကို ခေါ်ယူဖို့ ဆဲလ်တစ်ကလည်း ကြိုးစားနေတာဖြစ်လို့ ကလပ် နှစ်သင်း အပြိုင် ကမ်းလှမ်းရဖွယ် ရှိပါတယ်။ ကစားသမားဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ရင် ချက်ခြင်း ပွဲထွက်ပေးဖို့လည်း အဆင်ပြေတယ်လို့ သိရတယ်။
လီဗာပူးဘက်က အရင် စိတ်ဝင်စားခဲ့ပြီး ဆဲလ်တစ်က နောက်ကနေ လိုက်ပါလာကာ ဖြတ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ လောလောဆယ်ထိတော့ လီဗာပူးဘက်က အားသာနေမယ်လို့ ယုံကြည်ရတယ်။ လီဗာပူးဘက်က လူငယ်ခံစစ်မှူး ဗန်ဒန်ဘတ်ချ်ကို ပြန်ပြီး အငှားချပေးရဖွယ် ရှိပါတယ်။
ဒေးဗစ်ပြီးရင် လီဗာပူး ကြိုးစားသွားဖို့ ရည်ရွယ်ထားတဲ့ ခံစစ်မှူးက အာဆင်နယ်မှ မူစတာဖီဖြစ်တယ်လို့လည်း တယ်လီဂရပ်က အတည်ပြုပေးခဲ့ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔ deadline ေန႔အတြက္ ခံစစ္မွဴးသစ္ ေခၚယူမႈမွာ အံ့အားသင့္ဖြယ္ လႈပ္ရွားမႈကို စတင္လာခဲ့ျပီျဖစ္ပါတယ္။
ခံစစ္ျပႆနာကို ေျဖရွင္းဖို႔ လီဗာပူးဘက္က ေရြးခ်ယ္လိုက္တဲ့ ကစားသမားက ခ်န္ပီယံရွစ္ကလပ္ ပရီစတန္ အသင္းမွ အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္သား ခံစစ္သမား ဘမ္ေဒးဗစ္ျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ေတြက စတင္ အတည္ျပဳလာပါတယ္။ မၾကာခင္မွာပဲ တရားဝင္ ညိႏိႈင္းမႈကို စတင္သြားေတာ့မယ့္ အေနအထားျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ဂိုးမက္စ္ကို ရာသီကုန္ထိ လက္လြတ္ရဖို႔ ရွိေနျပီး ဗန္ဒိုက္ကလည္း ဧပရာယ္လေလာက္မွ ျပန္ကစားႏုိင္မွာပါ။ ဒီအေျခအေနမွာ မာတစ္ကလည္း ပံုမွန္ ပြဲထြက္ေပးဖို႔ ရုန္းကန္ေနရကာ ေတာက္ေလွ်ာက္ ပြဲထြက္ေပးေနတဲ့ ဖာဘင္ညိဳပါ ၾကံ႕ခိုင္မႈ ျပႆနာေတြ ရွိလာေနခ့တာျဖစ္တယ္။
ေဒးဗစ္က ဘရီစတန္ အသင္းနဲ႔ ဒီေႏြမွာ စာခ်ဳပ္ကုန္မွာျဖစ္ျပီး လီဗာပူးဘက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၂ သန္းျဖင့္ ခ်ိတ္ဆက္ဖြယ္ရွိတယ္။ သူ႔ကို ေခၚယူဖို႔ ဆဲလ္တစ္ကလည္း ၾကိဳးစားေနတာျဖစ္လို႔ ကလပ္ ႏွစ္သင္း အျပိဳင္ ကမ္းလွမ္းရဖြယ္ ရွိပါတယ္။ ကစားသမားဟာ ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့ရင္ ခ်က္ျခင္း ပြဲထြက္ေပးဖို႔လည္း အဆင္ေျပတယ္လို႔ သိရတယ္။
လီဗာပူးဘက္က အရင္ စိတ္ဝင္စားခဲ့ျပီး ဆဲလ္တစ္က ေနာက္ကေန လိုက္ပါလာကာ ျဖတ္ယူႏုိင္ဖို႔ ၾကိဳးစားေနပါတယ္။ ေလာေလာဆယ္ထိေတာ့ လီဗာပူးဘက္က အားသာေနမယ္လို႔ ယံုၾကည္ရတယ္။ လီဗာပူးဘက္က လူငယ္ခံစစ္မွဴး ဗန္ဒန္ဘတ္ခ်္ကို ျပန္ျပီး အငွားခ်ေပးရဖြယ္ ရွိပါတယ္။
ေဒးဗစ္ျပီးရင္ လီဗာပူး ၾကိဳးစားသြားဖို႔ ရည္ရြယ္ထားတဲ့ ခံစစ္မွဴးက အာဆင္နယ္မွ မူစတာဖီျဖစ္တယ္လို႔လည္း တယ္လီဂရပ္က အတည္ျပဳေပးခဲ့ပါတယ္။