ဝက်ဟမ်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ လီဗာပူးအသင်းက ဆာလာရဲ့ သွင်းဂိုး ၂ ဂိုး၊ ဂီနီရဲ့ သွင်းဂိုး ၁ ဂိုးဖြင့် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာတော့ အသေးစား ကြွက်သားဒဏ်ရာကြောင့် မာနေး မပါနိုင်ခဲ့သလို ဖာဘင်ညို ဆက်လက် လွဲချော်ဆဲဖြစ်တယ်။ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေတာကြောင့် ဖာမင်နိုကို အနားပေးပြီး ကြံ့ခိုင်မှု ကောင်းနေတဲ့ ရှာကွီရီနဲ့ အိုရီဂီကို တိုက်ဆင်မှာ တင်ကစားခဲ့ပါတယ်။
ပထမပိုင်းမှာ လီဗာပူးကစားပုံက ကြိုတင်တွက်ဆလို့ရတဲ့ စွမ်းဆောင်ရည်အတိုင်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုကောင်းတယ်၊ ဘောလုံးကို ဘယ်ခြမ်း ညာခြမ်း နေရာစုံမှာ ဖြန့်ဝေနိုင်တယ်။ ပြီးရင်တော့ ဘာတစ်ခုမှ ဖြစ်မလာပါဘူး။ ခံစစ်ကို အထိုင်ကစားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ လီဗာပူးရဲ့ အကောင်းဆုံး အရည်အချင်းဖြစ်တဲ့ ကောင်တာကို မြင်ရဖို့ ခက်ခဲတာကလည်း သွင်းဂိုးအတွက် ရုန်းကန်ရတဲ့ အကြောင်းရင်းပါပဲ။
သီယာဂို၊ ဝိုက်နယ်ဒမ်နဲ့ မီလ်နာတို့ရဲ့ ကွင်းလယ်ဟာ ဘောလုံးကိုင်မှုတွေ၊ အတင်းဝင်ဖျက်မှုတွေဖြင့် လွှမ်းမိုးနိုင်ပေမယ့် ထိရောက်တဲ့ ဖန်တီးမှုတွေကော ပေးမှုတွေပါ မလုပ်နိုင်ဘူး။ တိုက်စစ်သုံးယောက်မှာ ဂိုးသွင်းပေးဖို့ ယုံကြည်ချက်ရှိလောက်သူက ဆာလာ တစ်ဦးတည်းရှိပြီး သူ့ကို ရောက်အောင် ဘောလုံးပေးခဲ့ရင်လည်း ပြိုင်ဘက် နှစ်ဦး သုံးဦးလောက်က ကပ်ထားတာကြောင့် တိုက်စစ်က ထင်သလောက် အလုပ်မဖြစ်ပါဘူး။
ပထမပိုင်းမှာ ထူးပြီး ကျေနပ်စရာဆိုလို့ နက်ဖီလစ်နဲ့ ဟန်ဒါဆန်တို့ရဲ့ တည်ငြိမ်စွာ ကစားနိုင်မှုဖြစ်ပြီး သူတို့ နှစ်ဦး အတော်လေး တွဲဘက် ကစားနိုင်သလို အယ်လီဆန်ကလည်း ကျွံထွက်လာတဲ့ ဘောလုံးတွေကို ဟန့်တားပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ဝက်ဟမ်းကလည်း ကျစ်ကျစ်လစ်လစ် ကစားတာကြောင့် ပြိုင်ဘက်အသင်းသားတွေ သူတို့ဘက်ခြမ်းကနေ ရှေ့တက်လာဖို့ လီဗာပူးအသင်းသားတွေ အတော်လေး မြှားထုတ်ကစားနေခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ လူစာရင်း အပြောင်းအလဲ မရှိပေမယ့် လီဗာပူးရဲ့ ကစားပုံက ပိုမို ကြံ့ခိုင် ထက်မြက်လာပါတယ်။ အိုရီဂီရဲ့ ပြေးနှုန်းနဲ့ ဆာလာရဲ့ ထိုးဖောက်မှုတွေ ပိုများလာတာကြောင့် လီဗာပူူးကပဲ ပွဲပြန်စတည်းက တိုက်စစ်ကို အရှိန်တင် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ဝက်ဟမ်းဘက်က စိုးရိမ်ရလောက်အောင်တော့ မဖြစ်ခဲ့ပါဘူး။
တစ်ကြိမ်မှာတော့ အိုရီဂီရဲ့ သိပ်ကောင်းတဲ့ ထိုးဖောက်မှုကနေ ဆာလာ ဂိုးရဖို့ ဖြစ်ခဲ့ပေမယ့် ဝက်ဟမ်း ခံစစ်သမား ခရော့ဝဲလ် ရှင်းထုတ်နိုင်ခဲ့တယ်။ ဒုတိယပိုင်းစပြီး ၁၀ မိနစ်လောက်မှာ ကလော့ပ်က မီလ်နာကို ထုတ်ပြီး ကာတစ်ဂျုံးနဲ့ လူစားလဲခဲ့ပါတယ်။ မီလ်နာ စိတ်ပျက်နေပြီး တင်းနေတဲ့ အခြေအနေကြောင့် ကလေ့ာပ်က သူ့ကို နှစ်သိမ့်ပေးနေပြီး နည်းစနစ်ပိုင်းအရ လူစားလဲရတာဖြစ်ကြောင်း ရှင်းပြနေခဲ့တယ်။
ကွင်းထဲမှာတော့ လူစားဝင်သွားတဲ့ ကားတစ်ဂျုံးက ကွင်းလယ်မှာ ပေါက်ကွဲအားကောင်းကောင်း မောင်းနင်ကစားနေခဲ့ပြီး သူ့ရဲ့ ဖန်တီးပေးမှုကနေပဲ ဆာလာ ဧရိယာထဲကနေ ဂိုးရယူနိုင်ခဲ့ပါတယ်။ အဲ့အချိန်မှပဲ ကလော့ပ်နဲ့ မီလ်နာတို့ ပြုံးပျော်စွာ စကားပြောနိုင်ခဲ့ပြီး မီလ်နာကလည်း ကျေနပ်တဲ့ အမူအယာဖြင့် လှည့်ထွက်သွားခဲ့တယ်။
နောက်ထပ် ၁၀ မိနစ်လောက်မှာတော့ ဆာလက်ကပဲ ဒုတိယဂိုး ထပ်သွင်းပါတယ်။ ဒီဂိုးကတော့ လာမယ့်ပွဲမတိုင်ခင် နာမည်ကြီးနေဦးမယ့် သွင်းဂိုး ဖြစ်ပါတယ်။
ဝက်ဟမ်းဘက်က ထောင့်ကန်ဘော ရရာမှာ ရော်ဘတ်ဆန် ခေါင်းတိုက် ရှင်းထုတ်လိုက်တဲ့ ဘောလုံးက ညာခြမ်းက ထရန့်ထံ ရောက်ခဲ့တယ်။ ထရန့်က တိုက်စစ်ကို ပြေးလိုက်သွားတဲ့ ရှာကွီရီ၊ ဆာလာတို့ နှစ်ဦးထဲက ဘယ်ခြမ်းမှာရှိနေတဲ့ ကိုက် ၅၀ အကွာက ရှာကွီရီကို ဖြတ်တင်ပေးခဲ့ပြီး ရှာကွီရီက ဧရိယာထဲ ဝင်ခါနီးနေတဲ့ ဆာလက်ထံ ဖြတ်တင်ဘော ထပ်ပေးခဲ့ကာ အီဂျစ်သားကြီးက သာသာယာယာ ပိတ်သွင်းသွားပါတယ်။
ဦးဆောင်ဂိုး ၂ ဂိုးရပြီးနောက် လီဗာပူးက ပွဲကို ထိန်းကစားနေခဲ့ပြီး တတိယဂိုးကတော့ လူစားဝင်လာတဲ့ ဖာမင်နို၊ ချိန်ဘာလိန်တို့ရဲ့ တွဲဘက်မှုကနေ ဖာမင်နိုက ဧရိယာထဲက ဂီနီကို ချပေးခဲ့ကာ ဂီနီကပဲ အဆုံးသတ်သွားပါတယ်။ သိပ်မကြာခင်မှာတော့ ဝက်ဟမ်းရတဲ့ ထောင့်ကန်ဘောကို တစ်ပွဲလုံး ကောင်းပြနေတဲ့ ဖီးလစ် ရှင်းထုတ်ဖို့ ပေါ့လျော့ရာက ဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီပွဲမှာ ဖီလစ်ရဲ့ အမြင့်ဘော ရှင်းထုတ်မှု၊ ဘောလုံးဖြန့်ပေးနိုင်အောင် နေရာယူမှုတွေကအစ အတော်လေး ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။
အချုပ်အားဖြင့် ဆိုရရင်တော့ လီဗာပူးအသင်းဟာ အမှားနည်းနည်း ရှိခဲ့တာကလွဲလို့ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားပြခဲ့တာဖြစ်တယ်။ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ ၄ မှတ်အကွာ တတိယနေရာကို ပြန်ရောက်လာခဲ့ကာ ဒုတိယနေရာက ယူနိုက်တက်နဲ့လည်း ၁ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ZAWGYI
ဝက္ဟမ္းကို အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ရာမွာ လီဗာပူးအသင္းက ဆာလာရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဂီနီရဲ႕ သြင္းဂိုး ၁ ဂိုးျဖင့္ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရခဲ့ပါတယ္။
ဒီပြဲမွာေတာ့ အေသးစား ၾကြက္သားဒဏ္ရာေၾကာင့္ မာေနး မပါႏုိင္ခဲ့သလို ဖာဘင္ညိဳ ဆက္လက္ လြဲေခ်ာ္ဆဲျဖစ္တယ္။ ပြဲၾကပ္ေတြ ဆက္တိုက္ ကစားရဖို႔ ရွိေနတာေၾကာင့္ ဖာမင္ႏိုကို အနားေပးျပီး ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ရွာကီြရီနဲ႔ အိုရီဂီကို တိုက္ဆင္မွာ တင္ကစားခဲ့ပါတယ္။
ပထမပိုင္းမွာ လီဗာပူးကစားပံုက ၾကိဳတင္တြက္ဆလို႔ရတဲ့ စြမ္းေဆာင္ရည္အတိုင္း ျဖစ္ပါတယ္။ ပိုင္ဆိုင္မႈေကာင္းတယ္၊ ေဘာလံုးကို ဘယ္ျခမ္း ညာျခမ္း ေနရာစံုမွာ ျဖန္႔ေဝႏုိင္တယ္။ ျပီးရင္ေတာ့ ဘာတစ္ခုမွ ျဖစ္မလာပါဘူး။ ခံစစ္ကို အထိုင္ကစားတဲ့ အသင္းေတြကို ရင္ဆိုင္ရာမွာ လီဗာပူးရဲ႕ အေကာင္းဆံုး အရည္အခ်င္းျဖစ္တဲ့ ေကာင္တာကို ျမင္ရဖို႔ ခက္ခဲတာကလည္း သြင္းဂိုးအတြက္ ရုန္းကန္ရတဲ့ အေၾကာင္းရင္းပါပဲ။
သီယာဂို၊ ဝိုက္နယ္ဒမ္နဲ႔ မီလ္နာတို႔ရဲ႕ ကြင္းလယ္ဟာ ေဘာလံုးကိုင္မႈေတြ၊ အတင္းဝင္ဖ်က္မႈေတြျဖင့္ လႊမ္းမိုးႏုိင္ေပမယ့္ ထိေရာက္တဲ့ ဖန္တီးမႈေတြေကာ ေပးမႈေတြပါ မလုပ္ႏုိင္ဘူး။ တိုက္စစ္သံုးေယာက္မွာ ဂိုးသြင္းေပးဖို႔ ယံုၾကည္ခ်က္ရွိေလာက္သူက ဆာလာ တစ္ဦးတည္းရွိျပီး သူ႔ကို ေရာက္ေအာင္ ေဘာလံုးေပးခဲ့ရင္လည္း ျပိဳင္ဘက္ ႏွစ္ဦး သံုးဦးေလာက္က ကပ္ထားတာေၾကာင့္ တိုက္စစ္က ထင္သေလာက္ အလုပ္မျဖစ္ပါဘူး။
ပထမပိုင္းမွာ ထူးျပီး ေက်နပ္စရာဆိုလို႔ နက္ဖီလစ္နဲ႔ ဟန္ဒါဆန္တို႔ရဲ႕ တည္ျငိမ္စြာ ကစားႏုိင္မႈျဖစ္ျပီး သူတို႔ ႏွစ္ဦး အေတာ္ေလး တြဲဘက္ ကစားႏုိင္သလို အယ္လီဆန္ကလည္း ကၽြံထြက္လာတဲ့ ေဘာလံုးေတြကို ဟန္႔တားေပးဖို႔ အဆင္သင့္ျဖစ္ေနခဲ့တယ္။ ဝက္ဟမ္းကလည္း က်စ္က်စ္လစ္လစ္ ကစားတာေၾကာင့္ ျပိဳင္ဘက္အသင္းသားေတြ သူတို႔ဘက္ျခမ္းကေန ေရွ႔တက္လာဖို႔ လီဗာပူးအသင္းသားေတြ အေတာ္ေလး ျမွားထုတ္ကစားေနခဲ့ရပါတယ္။
ဒုတိယပိုင္းမွာ လူစာရင္း အေျပာင္းအလဲ မရွိေပမယ့္ လီဗာပူးရဲ႕ ကစားပံုက ပိုမို ၾကံ႕ခိုင္ ထက္ျမက္လာပါတယ္။ အိုရီဂီရဲ႕ ေျပးႏႈန္းနဲ႔ ဆာလာရဲ႕ ထိုးေဖာက္မႈေတြ ပိုမ်ားလာတာေၾကာင့္ လီဗာပူူးကပဲ ပြဲျပန္စတည္းက တိုက္စစ္ကို အရွိန္တင္ ကစားႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ဝက္ဟမ္းဘက္က စိုးရိမ္ရေလာက္ေအာင္ေတာ့ မျဖစ္ခဲ့ပါဘူး။
တစ္ၾကိမ္မွာေတာ့ အိုရီဂီရဲ႕ သိပ္ေကာင္းတဲ့ ထိုးေဖာက္မႈကေန ဆာလာ ဂိုးရဖို႔ ျဖစ္ခဲ့ေပမယ့္ ဝက္ဟမ္း ခံစစ္သမား ခေရာ့ဝဲလ္ ရွင္းထုတ္ႏုိင္ခဲ့တယ္။ ဒုတိယပိုင္းစျပီး ၁၀ မိနစ္ေလာက္မွာ ကေလာ့ပ္က မီလ္နာကို ထုတ္ျပီး ကာတစ္ဂ်ံဳးနဲ႔ လူစားလဲခဲ့ပါတယ္။ မီလ္နာ စိတ္ပ်က္ေနျပီး တင္းေနတဲ့ အေျခအေနေၾကာင့္ ကေလ့ာပ္က သူ႔ကို ႏွစ္သိမ့္ေပးေနျပီး နည္းစနစ္ပိုင္းအရ လူစားလဲရတာျဖစ္ေၾကာင္း ရွင္းျပေနခဲ့တယ္။
ကြင္းထဲမွာေတာ့ လူစားဝင္သြားတဲ့ ကားတစ္ဂ်ံဳးက ကြင္းလယ္မွာ ေပါက္ကြဲအားေကာင္းေကာင္း ေမာင္းနင္ကစားေနခ့ဲျပီး သူ႔ရဲ႕ ဖန္တီးေပးမႈကေနပဲ ဆာလာ ဧရိယာထဲကေန ဂိုးရယူႏုိင္ခဲ့ပါတယ္။ အဲ့အခ်ိန္မွပဲ ကေလာ့ပ္နဲ႔ မီလ္နာတို႔ ျပံဳးေပ်ာ္စြာ စကားေျပာႏုိင္ခဲ့ျပီး မီလ္နာကလည္း ေက်နပ္တဲ့ အမူအယာျဖင့္ လွည့္ထြက္သြားခဲ့တယ္။
ေနာက္ထပ္ ၁၀ မိနစ္ေလာက္မွာေတာ့ ဆာလက္ကပဲ ဒုတိယဂိုး ထပ္သြင္းပါတယ္။ ဒီဂုိးကေတာ့ လာမယ့္ပြဲမတိုင္ခင္ နာမည္ၾကီးေနဦးမယ့္ သြင္းဂိုး ျဖစ္ပါတယ္။
ဝက္ဟမ္းဘက္က ေထာင့္ကန္ေဘာ ရရာမွာ ေရာ္ဘတ္ဆန္ ေခါင္းတိုက္ ရွင္းထုတ္လိုက္တဲ့ ေဘာလံုးက ညာျခမ္းက ထရန္႔ထံ ေရာက္ခဲ့တယ္။ ထရန္႔က တိုက္စစ္ကို ေျပးလိုက္သြားတဲ့ ရွာကီြရီ၊ ဆာလာတို႔ ႏွစ္ဦးထဲက ဘယ္ျခမ္းမွာရွိေနတဲ့ ကိုက္ ၅၀ အကြာက ရွာကီြရီကို ျဖတ္တင္ေပးခဲ့ျပီး ရွာကီြရီက ဧရိယာထဲ ဝင္ခါနီးေနတဲ့ ဆာလက္ထံ ျဖတ္တင္ေဘာ ထပ္ေပးခဲ့ကာ အီဂ်စ္သားၾကီးက သာသာယာယာ ပိတ္သြင္းသြားပါတယ္။
ဦးေဆာင္ဂိုး ၂ ဂိုးရျပီးေနာက္ လီဗာပူးက ပြဲကို ထိန္းကစားေနခဲ့ျပီး တတိယဂိုးကေတာ့ လူစားဝင္လာတဲ့ ဖာမင္ႏို၊ ခ်ိန္ဘာလိန္တို႔ရဲ႕ တြဲဘက္မႈကေန ဖာမင္ႏိုက ဧရိယာထဲက ဂီနီကို ခ်ေပးခဲ့ကာ ဂီနီကပဲ အဆံုးသတ္သြားပါတယ္။ သိပ္မၾကာခင္မွာေတာ့ ဝက္ဟမ္းရတဲ့ ေထာင့္ကန္ေဘာကို တစ္ပြဲလံုး ေကာင္းျပေနတဲ့ ဖီးလစ္ ရွင္းထုတ္ဖို႔ ေပါ့ေလ်ာ့ရာက ဂိုးျပန္ေပးခဲ့ရပါတယ္။ ဒီပြဲမွာ ဖီလစ္ရဲ႕ အျမင့္ေဘာ ရွင္းထုတ္မႈ၊ ေဘာလံုးျဖန္႔ေပးႏုိင္ေအာင္ ေနရာယူမႈေတြကအစ အေတာ္ေလး ေက်နပ္ဖို႔ ေကာင္းခဲ့ပါတယ္။
အခ်ဳပ္အားျဖင့္ ဆိုရရင္ေတာ့ လီဗာပူးအသင္းဟာ အမွားနည္းနည္း ရွိခဲ့တာကလြဲလို႔ ျပီးျပည့္စံုတဲ့ ပြဲတစ္ပြဲကို ကစားျပခဲ့တာျဖစ္တယ္။ ဒီႏုိင္ပြဲေၾကာင့္ အမွတ္ေပးဇယား ထိပ္ဆံုးက မန္စီးတီးနဲ႔ ၄ မွတ္အကြာ တတိယေနရာကို ျပန္ေရာက္လာခဲ့ကာ ဒုတိယေနရာက ယူႏုိက္တက္နဲ႔လည္း ၁ မွတ္သာ ကြာဟေတာ့တာ ျဖစ္ပါတယ္။