မန်နေဂျာယာဂင်ကလော့ပ်က ဘွန်ဒက်လီဂါ တန်းဆင်းဇုန် အသင်းတစ်သင်းမှာ ကစားနေတာနဲ့ ပက်သက်လို့ ဂါဘတ်ကို အထင်သေးမှုတွေ မရှိကြဖို့ သူ့အမြင်ကို ထုတ်ပြောပါတယ်။
ရှော်ကေးမန်နေဂျာဟောင်း ဒေးဗစ် ဝဂ်နာက ဂါဘတ်ရဲ့ သတင်းကောင်းတွေကို ကလော့ပ်အား ပြောပြထားခဲ့တယ်။ ဂါဘတ်ဟာ စစ်မှန်တဲ့ ဘောလုံးကစားဟန်တွေရှိတဲ့ လီဗာပူးမှာ သူ့ရဲ့ အစွမ်းအစကို ပြသရတော့မှာ ဖြစ်ပါတယ်။
ကလော့ပ်က “ ဒေ့ဗ်က ဂါဘတ်နဲ့ ပက်သက်ပြီး အကောင်းမြင်စရာတွေ ပြောထားပါတယ်။ သူက ဂျာမနီကို ငယ်ငယ်ရွယ်ရွယ်နဲ့တင် ရောက်ခဲ့သူဖြစ်ပြီး အလားအလာကောင်းတွေ ရှိသူဆိုတာ ရှင်းပါတယ်။ အခုမှ သူက အသက် ၂၀ အရွယ်ပဲ ရှိပါသေးတယ်။
သူက ဂျာမနီမှာ ဒုတိယအသင်းအဖြစ် ရှော်ကေးအတွက် ကစားပေးနေပြီး ဒီအခြေအနေမှာ ကံမကောင်းတာက သူတို့က အဆင့်ရပ်တည်မှု ဆိုးရွားနေပါတယ်။ သူ့အတွက်တော့ ဒီပြောင်းရွှေ့မှုက သိပ်ကောင်းမယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကစားသမားတိုင်းမှာ သူတို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ရာ တည်ငြိမ်တဲ့ အသင်းလိုအပ်တာကြောင့်ပါ။ ကျနေ်ာတို့က ဒီလိုအသင်းဖြစ်ပါတယ်။
သူကလည်း သူ့နေရာမှာပဲ ကစားနိုင်တယ်။ အသက် ၂၀ အရွယ် ကစားသမားက ကွင်းထဲက နေရာတိုင်းမှာ သိပ်ကောင်းနေပြီး အမှားလုံးဝ မလုပ်မိတာမျိုး မြင်လို့တော့ မရဘူးပေါ့။ သူက သိပ်ကို အလားအလာကောင်းတဲ့သူပါ။ သူနဲ့ အလုပ်တွဲလုပ်ရဖို့ စောင့်မျှော်နေပါတယ် ” လို့ ပြောပါတယ်။
လီဗာပူးခံစစ်ကို ဗန်ဒိုက်က ဦးဆောင်ပေးသလိုပဲ အနာဂတ်မှာ ဂါဘတ်က ခံစစ်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ကလော့ပ်က မျှော်လင့်ထားတယ်။ မန်နေဂျာကတော့ အနာဂတ် ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ်ပါ ဂါဘတ်ကို မျှော်လင့်နေပါတယ်။
ကလော့ပ်က “ ဒေဗ့်က ဂါဘတ်ဟာ အနာဂတ် အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ ပြောပါတယ်။ သူက အဲ့လို အကျင့်စရိုက်ကို ပိုင်ဆိုင်ထားတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းတစ်ပါးကို သွားရောက်ပြီး အခြားသော အသင်းတွေအတွက် ကစားပေးခဲ့တယ်။ တူရကီမှာ လူတိုင်းလိုချင်တဲ့ ကစားသမားအဖြစ်ကနေ စတုဂတ်နဲ့ ရှော်ကေးတို့အတွက် ကစားပေးခဲ့တယ်။
သူက နေရာတိုင်းကို သွားနိုင်ပေမယ့် ဘောလုံးနဲ့ ပက်သက်ပြီး တစ်ဆင့် တိုးတက်လိုခဲ့တယ်။ သူ့အတွက် ကျနေ်ာတို့က စစ်မှန်တဲ့ ဘောလုံးကို ကစားနိုင်မယ့် အသင်းဖြစ်ပါတယ်။ သူက သင်ယူလိုပြီး ဒါတွေကို လုပ်ပြထားပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဘြန္ဒက္လီဂါ တန္းဆင္းဇုန္ အသင္းတစ္သင္းမွာ ကစားေနတာနဲ႔ ပက္သက္လို႔ ဂါဘတ္ကို အထင္ေသးမႈေတြ မရွိၾကဖို႔ သူ႔အျမင္ကို ထုတ္ေျပာပါတယ္။
ေရွာ္ေကးမန္ေနဂ်ာေဟာင္း ေဒးဗစ္ ဝဂ္နာက ဂါဘတ္ရဲ႕ သတငး္ေကာင္းေတြကို ကေလာ့ပ္အား ေျပာျပထားခဲ့တယ္။ ဂါဘတ္ဟာ စစ္မွန္တဲ့ ေဘာလံုးကစားဟန္ေတြရွိတဲ့ လီဗာပူးမွာ သူ႔ရဲ႕ အစြမ္းအစကို ျပသရေတာ့မွာ ျဖစ္ပါတယ္။
ကေလာ့ပ္က “ ေဒ့ဗ္က ဂါဘတ္နဲ႔ ပက္သက္ျပီး အေကာင္းျမင္စရာေတြ ေျပာထားပါတယ္။ သူက ဂ်ာမနီကို ငယ္ငယ္ရြယ္ရြယ္နဲ႔တင္ ေရာက္ခဲ့သူျဖစ္ျပီး အလားအလာေကာင္းေတြ ရွိသူဆိုတာ ရွင္းပါတယ္။ အခုမွ သူက အသက္ ၂၀ အရြယ္ပဲ ရွိပါေသးတယ္။
သူက ဂ်ာမနီမွာ ဒုတိယအသင္းအျဖစ္ ေရွာ္ေကးအတြက္ ကစားေပးေနျပီး ဒီအေျခအေနမွာ ကံမေကာင္းတာက သူတို႔က အဆင့္ရပ္တည္မႈ ဆိုးရြားေနပါတယ္။ သူ႔အတြက္ေတာ့ ဒီေျပာင္းေရႊ႔မႈက သိပ္ေကာင္းမယ္လို႔ ထင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကစားသမားတိုင္းမွာ သူတို႔ အေကာင္းဆံုး ေျခစြမ္းျပႏုိင္ဖို႔ရာ တည္ျငိမ္တဲ့ အသင္းလိုအပ္တာေၾကာင့္ပါ။ က်ေန္ာတို႔က ဒီလိုအသင္းျဖစ္ပါတယ္။
သူကလည္း သူ႔ေနရာမွာပဲ ကစားႏုိင္တယ္။ အသက္ ၂၀ အရြယ္ ကစားသမားက ကြင္းထဲက ေနရာတိုင္းမွာ သိပ္ေကာင္းေနျပီး အမွားလံုးဝ မလုပ္မိတာမ်ိဳး ျမင္လို႔ေတာ့ မရဘူးေပါ့။ သူက သိပ္ကို အလားအလာေကာင္းတဲ့သူပါ။ သူနဲ႔ အလုပ္တြဲလုပ္ရဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္ ” လို႔ ေျပာပါတယ္။
လီဗာပူးခံစစ္ကို ဗန္ဒိုက္က ဦးေဆာင္ေပးသလိုပဲ အနာဂတ္မွာ ဂါဘတ္က ခံစစ္ရဲ႕ ေခါင္းေဆာင္ျဖစ္လာဖို႔ ကေလာ့ပ္က ေမွ်ာ္လင့္ထားတယ္။ မန္ေနဂ်ာကေတာ့ အနာဂတ္ ေခါင္းေဆာင္ေတြထဲက တစ္ဦးအျဖစ္ပါ ဂါဘတ္ကို ေမွ်ာ္လင့္ေနပါတယ္။
ကေလာ့ပ္က “ ေဒဗ့္က ဂါဘတ္ဟာ အနာဂတ္ အသင္းေခါင္းေဆာင္ျဖစ္လာမယ္လို႔ ေျပာပါတယ္။ သူက အဲ့လို အက်င့္စရိုက္ကို ပိုင္ဆိုင္ထားတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ တိုင္းတစ္ပါးကို သြားေရာက္ျပီး အျခားေသာ အသင္းေတြအတြက္ ကစားေပးခဲ့တယ္။ တူရကီမွာ လူတိုင္းလိုခ်င္တဲ့ ကစားသမားအျဖစ္ကေန စတုဂတ္နဲ႔ ေရွာ္ေကးတို႔အတြက္ ကစားေပးခဲ့တယ္။
သူက ေနရာတိုင္းကို သြားႏုိင္ေပမယ့္ ေဘာလုံးနဲ႔ ပက္သက္ျပီး တစ္ဆင့္ တိုးတက္လိုခဲ့တယ္။ သူ႔အတြက္ က်ေန္ာတို႔က စစ္မွန္တဲ့ ေဘာလံုးကို ကစားႏုိင္မယ့္ အသင္းျဖစ္ပါတယ္။ သူက သင္ယူလိုျပီး ဒါေတြကို လုပ္ျပထားပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။