ဒီအပတ်တွေမှာ လီဗာပူး အခြေအနေဆိုးနေတာတွေအတွက် ပျော်ခဲ့ပေမယ့် လက်ရှိ ချန်ပီယံတွေက ပြန်လာခဲ့ပါပြီလို့ စကိုင်းစပေါ့ သုံးသပ်သူ ဂယ်ရီနဗီးက ဝန်ခံလိုက်ပါတယ်။
ဒီအပတ်တွေဟာ ပရီးမီးယားလိဂ်က ပြိုင်ဘက်တွေအတွက် ပျော်စရာ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာဆိုးတွေကို ရင်ဆိုင်ရင်း လီဗာပူးက သီတင်းပတ် အနည်းငယ် စွမ်းဆောင်ရည် ကျဆင်းခဲ့ရတယ်။ ဒါကြောင့်လည်း လိဂ်ဦးဆောင်သူအဖြစ်ကနေ လက်ရှိမှာ တတိယနေရာထိ ဆင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။
ရာသီစကို နှေးကွေးစွာ စတင်ထားတဲ့ မန်စီးတီးက လိဂ်ကို တစ်ပွဲလျော့ ၄ မှတ်ဖြတ်ထားပေမယ့် လီဗာပူး ပြန်လာခဲ့ပြီဖြစ်လို့ အခြေအနေတွေ ပိုမို ပြင်းထန်လာမယ်လို့ နဗီးက ပြောပါတယ်။
နဗီးက ‘ ကျနော် ပျော်ခဲ့ရပါတယ် ဒါပေမယ့် ပြန်လာမှုတွေကို လုပ်မပြနိုင်တော့ဘူး မျှော်လင့်ရအောင်လည်း လီဗာပူးက သိပ်ကောင်းလွန်းနေပါတယ်။ ၂ လ ၃ လလောက်က ဗန်ဒိုက် ဒဏ်ရာစရချိန်မှာ လီဗာပူးက လိဂ်ကို အနိုင်ရနိုင်ပါတယ်လို့ ကျနော် ပြောခဲ့တယ်။ သံသယလည်း မရှိခဲ့ပါဘူး။
ရုတ်တရတ်ပဲ ဗန်ဒိုက် ဒဏ်ရာရသွားတာအပြင် ဂျိုတာ ဒဏ်ရာရမှုတွေအပါအဝင် နောက်ထပ် ကိစ္စတွေဖြစ်လာခဲ့တယ်။ တိုက်စစ်သမား သုံးယောက်ကလည်း သူတို့ ရှိသင့်တဲ့ အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ကိစ္စတွေအားလုံး ပြောင်းလဲသွားချိန်မှာ မန်စီးတီးက ရှေ့ကနေ ပြန်ပြီး ဦးဆောင်လာခဲ့တယ်။ ဒါပေမယ့် အဲ့တာတွေက ရှေ့ဆက်လာမှာပါ။
တစ်လလောက် အနေအထားနဲ့ ကြိုတင်ခန့်မှန်းမှုကို လုပ်မယ်ဆိုရင် အရူးဖြစ်သွားမယ့် ဘောလုံးရာသီပဲ ဖြစ်ပါတယ်။ တစ်လအတွင်း မန်နေဂျာတွေ ရာထူးကနေ ထုတ်ပယ်ခံရနိုင်သလို အဆင့် ၂ ကနေ အဆင့် ၆ ထိ ဆင်းသွားနိုင်သလို အဆင့် ၆ ကလည်း အဆင့် ၂ ထိ တက်လာနိုင်ပါတယ်။ ဒါက လက်ရှိ ပရီးမီးယားလိဂ်ပါ။
ဘယ်သူကမှ ကုန်ခဲ့တဲ့ သီတင်းပတ်က လီဗာပူးရဲ့ အခြေအနေတွေကြောင့် အမှတ်ပေးဖလား ပြိုင်ပွဲက ထွက်သွားရပြီလို့ ထင်မိကြမှာ မဟုတ်ပါဘူး။ သူတို့ထွက်သွားရတာကို ကျနော် မြင်ချင်ပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် သူတို့ ရမှတ်တွေ ဆုံးရံှူးနေပြီး ယူနိုက်တက်က ထိပ်ပိုင်းကို ရောက်လာတာကို မြင်ရတာကို နှစ်သက်တယ်။ ဒီ ၂ ပတ် သုံးပတ်က တကယ်ကို ပါတီပွဲပါပဲ။
ဒီ ၃ ပတ်လောက်ကို ပျော်စရာ ပါတီအနေအထားအဖြစ် ခံစားရပေမယ့် လီဗာပူးက အခြေအနေဆိုးတွေကို အဆုံးသတ်ပြီး သူတို့ရဲ့ ပုံစံကို ပြန်ရယူလာတယ်။ ယူနိုက်တက်က ဘေးထွက်သွားတာ မဟုတ်ပေမယ့် လီဗာပူးက ပြန်လာပြီဖြစ်ပါတယ်။ သူတို့က ပြောင်းလဲမှုတွေ လုပ်လာပါပြီ။
လီဗာပူးအသင်းက သိပ်ကောင်းတဲ့ မန်နေဂျာရှိသလို သူတို့အသင်းကလည်း သိပ်ကို အင်အားတောင့်လွန်းလှပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္ေတြမွာ လီဗာပူး အေျခအေနဆိုးေနတာေတြအတြက္ ေပ်ာ္ခဲ့ေပမယ့္ လက္ရွိ ခ်န္ပီယံေတြက ျပန္လာခဲ့ပါျပီလို႔ စကိုင္းစေပါ့ သံုးသပ္သူ ဂယ္ရီနဗီးက ဝန္ခံလိုက္ပါတယ္။
ဒီအပတ္ေတြဟာ ပရီးမီးယားလိဂ္က ျပိဳင္ဘက္ေတြအတြက္ ေပ်ာ္စရာ အခ်ိန္ေတြ ျဖစ္ခဲ့ပါတယ္။ ဒဏ္ရာျပႆနာဆိုးေတြကို ရင္ဆိုင္ရင္း လီဗာပူးက သီတင္းပတ္ အနည္းငယ္ စြမ္းေဆာင္ရည္ က်ဆင္းခဲ့ရတယ္။ ဒါေၾကာင့္လည္း လိဂ္ဦးေဆာင္သူအျဖစ္ကေန လက္ရွိမွာ တတိယေနရာထိ ဆင္းေပးခဲ့ျခင္း ျဖစ္ပါတယ္။
ရာသီစကို ေႏွးေကြးစြာ စတင္ထားတဲ့ မန္စီးတီးက လိဂ္ကို တစ္ပြဲေလ်ာ့ ၄ မွတ္ျဖတ္ထားေပမယ့္ လီဗာပူး ျပန္လာခဲ့ျပီျဖစ္လို႔ အေျခအေနေတြ ပိုမို ျပင္းထန္လာမယ္လို႔ နဗီးက ေျပာပါတယ္။
နဗီးက ‘ က်ေနာ္ ေပ်ာ္ခဲ့ရပါတယ္ ဒါေပမယ့္ ျပန္လာမႈေတြကို လုပ္မျပႏုိင္ေတာ့ဘူး ေမွ်ာ္လင့္ရေအာင္လည္း လီဗာပူးက သိပ္ေကာင္းလြန္းေနပါတယ္။ ၂ လ ၃ လေလာက္က ဗန္ဒိုက္ ဒဏ္ရာစရခ်ိန္မွာ လီဗာပူးက လိဂ္ကို အႏုိင္ရႏုိင္ပါတယ္လို႔ က်ေနာ္ ေျပာခဲ့တယ္။ သံသယလည္း မရွိခဲ့ပါဘူး။
ရုတ္တရတ္ပဲ ဗန္ဒိုက္ ဒဏ္ရာရသြားတာအျပင္ ဂ်ိဳတာ ဒဏ္ရာရမႈေတြအပါအဝင္ ေနာက္ထပ္ ကိစၥေတြျဖစ္လာခဲ့တယ္။ တိုက္စစ္သမား သံုးေယာက္ကလည္း သူတို႔ ရွိသင့္တဲ့ အေနအထားမွာ ရွိမေနခဲ့ပါဘူး။ ကိစၥေတြအားလံုး ေျပာင္းလဲသြားခ်ိန္မွာ မန္စီးတီးက ေရွ႔ကေန ျပန္ျပီး ဦးေဆာင္လာခဲ့တယ္။ ဒါေပမယ့္ အဲ့တာေတြက ေရွ႔ဆက္လာမွာပါ။
တစ္လေလာက္ အေနအထားနဲ႔ ၾကိဳတင္ခန္႔မွန္းမႈကို လုပ္မယ္ဆိုရင္ အရူးျဖစ္သြားမယ့္ ေဘာလံုးရာသီပဲ ျဖစ္ပါတယ္။ တစ္လအတြင္း မန္ေနဂ်ာေတြ ရာထူးကေန ထုတ္ပယ္ခံရႏုိင္သလို အဆင့္ ၂ ကေန အဆင့္ ၆ ထိ ဆင္းသြားႏုိင္သလို အဆင့္ ၆ ကလည္း အဆင့္ ၂ ထိ တက္လာႏုိင္ပါတယ္။ ဒါက လက္ရွိ ပရီးမီးယားလိဂ္ပါ။
ဘယ္သူကမွ ကုန္ခဲ့တဲ့ သီတင္းပတ္က လီဗာပူးရဲ႕ အေျခအေနေတြေၾကာင့္ အမွတ္ေပးဖလား ျပိဳင္ပြဲက ထြက္သြားရျပီလို႔ ထင္မိၾကမွာ မဟုတ္ပါဘူး။ သူတို႔ထြက္သြားရတာကို က်ေနာ္ ျမင္ခ်င္ပါတယ္။ ရွင္းရွင္းလင္းလင္းေျပာရရင္ သူတို႔ ရမွတ္ေတြ ဆံုးရံွဴးေနျပီး ယူႏုိက္တက္က ထိပ္ပိုင္းကို ေရာက္လာတာကို ျမင္ရတာကို ႏွစ္သက္တယ္။ ဒီ ၂ ပတ္ သံုးပတ္က တကယ္ကို ပါတီပြဲပါပဲ။
ဒီ ၃ ပတ္ေလာက္ကို ေပ်ာ္စရာ ပါတီအေနအထားအျဖစ္ ခံစားရေပမယ့္ လီဗာပူးက အေျခအေနဆိုးေတြကို အဆံုးသတ္ျပီး သူတို႔ရဲ႕ ပံုစံကို ျပန္ရယူလာတယ္။ ယူႏုိက္တက္က ေဘးထြက္သြားတာ မဟုတ္ေပမယ့္ လီဗာပူးက ျပန္လာျပီျဖစ္ပါတယ္။ သူတို႔က ေျပာင္းလဲမႈေတြ လုပ္လာပါျပီ။
လီဗာပူးအသင္းက သိပ္ေကာင္းတဲ့ မန္ေနဂ်ာရွိသလို သူတို႔အသင္းကလည္း သိပ္ကို အင္အားေတာင့္လြန္းလွပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။