ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် အနိုင်ပြန်ရလာခဲ့ပြီး ထိပ်ဆုံး ၃ သင်းထဲ ပြန်ဝင်လာခဲ့တယ်။ ဘရိုက်တန်ကတော့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ စပါးနဲ့ပွဲကို အနိုင်ရထားကာ တန်းဆင်းဇုန် ၃ သင်းရဲ့ အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အိုဝင် ” လီဗာပူးအတွက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပြန်ရနေခဲ့တယ်။ ချန်ပီယံတွေဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ ကျနေ်ာတို့ မြင်ထားရတဲ့ အသင်းလို ပုံစံကို ပြန်မြင်နေရပြီဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ဟမ်းကို ရင်ဆိုင်ကစားပြီး ကမ္ဘာအဆင့် သွင်းဂိုးတွေ သွင်းယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာပေါ့။

တနင်္ဂနွေနေ့တုန်းက စပါးကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့တဲ့ ဘရိုက်တန်ကို ရင်ဆိုင်ပြီး လိဂ်ပွဲ သုံးပွဲဆက် အနိုင်ရဖို့ ကြိုးစားရမှာဖြစ်တယ်။ ရှင်သန်ရေးအတွက် ကြိုးစားနေတဲ့ ဘရိုက်တန်အဖို့ကလည်း သိပ်ကို ကောင်းမွန်တဲ့ ရလဒ်ဖြစ်ခဲ့တယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းက ပိုပြီး အန္တရာယ်ကြီးတဲ့ အသင်းဖြစ်နေပါပြီ။ ဒီပွဲမှာ လီဗာပူးအသင်း အနိုင်ရလောက်အောင် လုံလောက်မှု ရှိသွားမယ်လို့ ထင်ပါတယ် ” ဆိုပြီး သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ဘရိုက်တန်ပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၀ လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၂ အျဖစ္ လီဗာပူးအသင္းဟာ ဘရိုက္တန္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။

လီဗာပူးက ပရီးမီးယားလိဂ္ ေနာက္ဆံုး ၂ ပြဲဆက္ အႏုိင္ျပန္ရလာခဲ့ျပီး ထိပ္ဆံုး ၃ သင္းထဲ ျပန္ဝင္လာခဲ့တယ္။ ဘရိုက္တန္ကေတာ့ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ စပါးနဲ႔ပြဲကို အႏုိင္ရထားကာ တန္းဆင္းဇုန္ ၃ သင္းရဲ႕ အထက္မွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အိုဝင္ ” လီဗာပူးအတြက္ ပရီးမီးယားလိဂ္မွာ ႏုိင္ပြဲေတြ ဆက္တိုက္ ျပန္ရေနခဲ့တယ္။ ခ်န္ပီယံေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေတြမွာ က်ေန္ာတို႔ ျမင္ထားရတဲ့ အသင္းလို ပံုစံကို ျပန္ျမင္ေနရျပီျဖစ္ပါတယ္။ အထူးသျဖင့္ ဝက္ဟမ္းကို ရင္ဆိုင္ကစားျပီး ကမၻာအဆင့္ သြင္းဂိုးေတြ သြင္းယူခဲ့တဲ့ တနဂၤေႏြေန႔ပြဲမွာေပါ့။

တနဂၤေႏြေန႔တုန္းက စပါးကို အံ့အားသင့္ဖြယ္ အႏုိင္ယူခဲ့တဲ့ ဘရိုက္တန္ကို ရင္ဆိုင္ျပီး လိဂ္ပြဲ သံုးပြဲဆက္ အႏုိင္ရဖို႔ ၾကိဳးစားရမွာျဖစ္တယ္။ ရွင္သန္ေရးအတြက္ ၾကိဳးစားေနတဲ့ ဘရိုက္တန္အဖို႔ကလည္း သိပ္ကို ေကာင္းမြန္တဲ့ ရလဒ္ျဖစ္ခဲ့တယ္။

ဒါေပမယ့္လို႔ လီဗာပူးအသင္းက ပိုျပီး အႏၱရာယ္ၾကီးတဲ့ အသင္းျဖစ္ေနပါျပီ။ ဒီပြဲမွာ လီဗာပူးအသင္း အႏိုင္ရေလာက္ေအာင္ လံုေလာက္မႈ ရွိသြားမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး သံုးသပ္သြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ ဘရိုက္တန္ပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၃-၀ လို႔ ျဖစ္ပါတယ္။