မနက်ဖြန်မှာ ကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ လီဗာပူး ခံစစ်သမားတွေဖြစ်တဲ့ ဘမ်ဒေးဗစ်နဲ့ ဂါတ်ဘတို့ကို မြင်ရမလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ကြတယ်။

ကလော့ပ်က ” မနက်ဖြန်ပွဲမှာ သူတို့ ပါနိုင်ပါတယ်။ မနေ့ကမှ သူတို့ကို လက်မှတ်ထိုးထားတာပါ။ ကစားသမား နှစ်ဦးလုံးက ကျနေ်ာတို့အတွက် ကစားပေးဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ကျနေ်ာတို့က ဖိအားတွေအောက်မှာ ကစားနေတာဖြစ်ပြီး ရွေးချယ်စရာတွေလည်း ရှိပါတယ်။

နှစ်ဦးလုံးကို မနက်ဖြန်ပွဲမှာ တွဲဘက်သုံးဖို့ကတော့ သိပ်အဆင်မပြေပါဘူး။ သူတို့ကို အချိန် ရက်အနည်းငယ်တော့ ပေးရမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တယ်။

ချန်ပီယံရှစ် ကလပ်ကနေ အင်္ဂလန်ချန်ပီယံကို ဒေးဗစ် ပြောင်းလာနိုင်ခြင်းက ဇာတ်လမ်းရုပ်ရှင်းတစ်ခုလို အံ့သြကုန်ဖွယ် ကိစ္စ မဟုတ်ပါဘူးလို့ ကလော့ပ်က ပြောပါတယ်။ သူက လူငယ် ခံစစ်သမား နှစ်ဦးက အသင်းအပေါ် အကောင်းဆုံးတွေ လုပ်ပေးလာဖို့လည်း မျှော်လင့်နေပါတယ်။

ကလော့ပ်က ” ဒေးဗစ်နဲ့ ကာဗက်တို့က စီနီယာအဆင့်ပွဲတွေမှာ အတွေ့အကြုံရှိကြ သူတွေပါ။ ဂါဘတ်က ငယ်ရွယ်ပေမယ့် သူက အတွေ့အကြုံ အတော်ရှိပါတယ်။ ဒေးဗစ်က အသက်ပိုကြီးပြီး သူကစားတဲ့ လမ်းကြောင်းကလည်း မတူပါဘူး။ ဒါက ဘောလုံးဖြစ်ပါတယ်။ မနေ့တုန်းက ပရီစတန်မှာ ကစားပြီး ဒီနေ့ လီဗာပူးမှာ ကစားတယ်ဆိုတဲ့ ဇာတ်လမ်းကို ဟောလီးဝုဒ် ရုပ်ရှင်တစ်ခုလို မြင်စရာ မလိုပါဘူး။

ဒေးဗစ်ကို လက်မှတ်ထိုးတာက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူနဲ့ တွေ့ရဖို့ စောင့်မျှော်နေတယ်။ ကျနေ်ာတို့ရဲ့ အခြေအနေကိုလည်း စဉ်းစားဖို့ လိုလာပါတယ်။ ကျနေ်ာတို့ သူ့ကို စောင့်ကြည့်ခဲ့ပြီး သူက ကစားသမားကောင်းပါ။ စမတ်ကျတယ်၊ ဘယ်လို ခံစစ်ကစားရမယ်ဆိုတာကို နားလည်တယ်။

ဂါဘတ်က အသင်းတွေမှာ ခက်ခဲတဲ့ ကာလတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် စတုဂတ် တန်းဆင်းသွားခဲ့တုန်းကတောင် သူက ကောင်းမွန်တဲ့ ဘောလုံးရာသီကို ကစားခဲ့ရတယ်။ ဒါကြောင့်လည်း ရှော်ကေးက သူ့ကို လက်မှတ်ထိုးခဲ့တာပါ။ သူက ကျနေ်ာတို့အတွက် အကူအညီဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျနေ်ာတို့ရဲ့ အခြေအနေက ထူးဆန်းတယ်လေ။ စီနီယာ ခံစစ်မျူး ၄ ဦးလုံး မရှိတဲ့ အနေအထား ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္မွာ ကစားမယ့္ ဘရိုက္တန္နဲ႔ပြဲမွာ လီဗာပူး ခံစစ္သမားေတြျဖစ္တဲ့ ဘမ္ေဒးဗစ္နဲ႔ ဂါတ္ဘတို႔ကို ျမင္ရမလားလို႔ သတင္းေထာက္ေတြက ေမးျမန္းခဲ့ၾကတယ္။

ကေလာ့ပ္က ” မနက္ျဖန္ပြဲမွာ သူတို႔ ပါႏုိင္ပါတယ္။ မေန႔ကမွ သူတို႔ကို လက္မွတ္ထိုးထားတာပါ။ ကစားသမား ႏွစ္ဦးလံုးက က်ေန္ာတို႔အတြက္ ကစားေပးဖို႔ အခြင့္အေရးေတြ ရွိပါတယ္။ က်ေန္ာတို႔က ဖိအားေတြေအာက္မွာ ကစားေနတာျဖစ္ျပီး ေရြးခ်ယ္စရာေတြလည္း ရွိပါတယ္။

ႏွစ္ဦးလံုးကို မနက္ျဖန္ပြဲမွာ တြဲဘက္သံုးဖို႔ကေတာ့ သိပ္အဆင္မေျပပါဘူး။ သူတို႔ကို အခ်ိန္ ရက္အနည္းငယ္ေတာ့ ေပးရမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တယ္။

ခ်န္ပီယံရွစ္ ကလပ္ကေန အဂၤလန္ခ်န္ပီယံကို ေဒးဗစ္ ေျပာင္းလာႏုိင္ျခင္းက ဇာတ္လမ္းရုပ္ရွင္းတစ္ခုလို အံ့ၾသကုန္ဖြယ္ ကိစၥ မဟုတ္ပါဘူးလို႔ ကေလာ့ပ္က ေျပာပါတယ္။ သူက လူငယ္ ခံစစ္သမား ႏွစ္ဦးက အသင္းအေပၚ အေကာင္းဆံုးေတြ လုပ္ေပးလာဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

ကေလာ့ပ္က ” ေဒးဗစ္နဲ႔ ကာဗက္တို႔က စီနီယာအဆင့္ပြဲေတြမွာ အေတြ႔အၾကံဳရွိၾက သူေတြပါ။ ဂါဘတ္က ငယ္ရြယ္ေပမယ့္ သူက အေတြ႔အၾကံဳ အေတာ္ရွိပါတယ္။ ေဒးဗစ္က အသက္ပိုၾကီးျပီး သူကစားတဲ့ လမ္းေၾကာင္းကလည္း မတူပါဘူး။ ဒါက ေဘာလံုးျဖစ္ပါတယ္။ မေန႔တုန္းက ပရီစတန္မွာ ကစားျပီး ဒီေန႔ လီဗာပူးမွာ ကစားတယ္ဆိုတဲ့ ဇာတ္လမ္းကို ေဟာလီးဝုဒ္ ရုပ္ရွင္တစ္ခုလို ျမင္စရာ မလိုပါဘူး။

ေဒးဗစ္ကို လက္မွတ္ထိုးတာက သိပ္ကို စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ သူနဲ႔ ေတြ႔ရဖို႔ ေစာင့္ေမွ်ာ္ေနတယ္။ က်ေန္ာတို႔ရဲ႕ အေျခအေနကိုလည္း စဥ္းစားဖို႔ လိုလာပါတယ္။ က်ေန္ာတို႔ သူ႔ကို ေစာင့္ၾကည့္ခဲ့ျပီး သူက ကစားသမားေကာင္းပါ။ စမတ္က်တယ္၊ ဘယ္လို ခံစစ္ကစားရမယ္ဆိုတာကို နားလည္တယ္။

ဂါဘတ္က အသင္းေတြမွာ ခက္ခဲတဲ့ ကာလေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ စတုဂတ္ တန္းဆင္းသြားခဲ့တုန္းကေတာင္ သူက ေကာင္းမြန္တဲ့ ေဘာလံုးရာသီကို ကစားခဲ့ရတယ္။ ဒါေၾကာင့္လည္း ေရွာ္ေကးက သူ႔ကို လက္မွတ္ထိုးခဲ့တာပါ။ သူက က်ေန္ာတို႔အတြက္ အကူအညီျဖစ္မယ္လို႔ ယံုၾကည္ပါတယ္။

က်ေန္ာတို႔ရဲ႕ အေျခအေနက ထူးဆန္းတယ္ေလ။ စီနီယာ ခံစစ္မ်ဴး ၄ ဦးလံုး မရွိတဲ့ အေနအထား ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။