မန်ယူအသင်းရဲ့ အကယ်ဒမီထွက် မျိုးဆက်သစ် လူငယ်တွေထဲမှာ အတောက်ပဆုံးဆိုပြီး နာမည်ထွက်လာသူက လူငယ်လေး ဂရင်းဝုဒ်ပဲဖြစ်တယ်။

ဖရီးကစ်တွေမှာ ထူးချွန်ပြီး ဂိုးသွင်းနှုန်းလည်း အရမ်းကောင်းတာကြောင့် ပရီးမီးယားလိဂ် ရာသီသိမ်းပွဲဖြစ်တဲ့ ကာဒစ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်လည်း ရခဲ့တယ်။ သူဟာ မန်ယူအသင်း ပရိသတ်တွေကြားမှာတော့ ဗန်ပါစီလက်သစ်လို့လည်း ထင်ရှားပါတယ်။

ထူးချွန်တဲ့ခြေစွမ်းကြောင့် ကစားသမားကို အပြောင်းအရွှေ့မှာ ကမ်းလှမ်းလိုတဲ့ ကလပ်အသင်းတွေက ပေါ်ထွက်လာမယ်လို့ သိထားရတယ်။ ဒါပေမယ့် ကလပ်အသင်းဘက်က သူ့ကို စာချုပ်သစ် ခပ်မြန်မြန် ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အဓိက အကြောင်းရင်းကတော့ အသက် ၁၈ နှစ်အရွယ် ကစားသမားရဲ့ ခြေစွမ်း တိုးတက်လာနေခဲ့ပြီး စာချုပ်သစ်ဟာ သူ့ရဲ့တိုးတက်မှုကို ရပ်တန့်သွားမှာကို ကလပ်အသင်းဘက်က စိတ်ပူနေပါတယ်။ အတိတ်မှာတုန်းက ဂျာနုဇက်နဲ့ မာချီဒါတို့ကို သူ့လို လူငယ်ကစားသမားဘဝမှာ သက်တမ်းတိုးခဲ့လို့ ခြေစွမ်းပိုင်းတွေ တန့်သွားခဲ့ဖူးပါတယ်။

မန်ယူရဲ့ အစီအစဉ်ဟာ စာချုပ် အများကြီး ရှိမနေတဲ့ ဂရင်းဝုဒ်ကို ပြိုင်ဘက်တွေ လာလုမယ့် ရန်ကနေ ကာကွယ်ဖို့ရာ အန္တရာယ်ကြီးပေမယ့်လို့ ကလပ်ကတော့ ဆိုးရှားလက်အောက်မှာ သူ့ရဲ့ ထွန်းတောက်လာမှုကို အကောင်းဆုံး ပျိုးထောင်ပေးဖို့က စာချုပ်သစ်ကို ခပ်မြန်မြန်မပေးခြင်းကပဲ အဓိက ကျလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။