လီဗာပူးခံစစ်မှူးသစ် ခါဘတ်ကတော့ သူ့ဟာ မြန်ဆန်တဲ့ ကစားသမားဖြစ်ပြီး ဘောလုံးကို ခြေထောက်ဖြင့် ကစားနိုင်သူလည်းဖြစ်လို့ ယာဂင်ကလော့ပ်ရဲ့ ကစားဟန်မှာ အံဝင်မယ်လို့ ယုံကြည်နေပါတယ်။

ခါဘတ်က ” ကျနော်ရဲ့ ကစားဟန်က လီဗာပူးနဲ့ အံဝင်မယ်လို့ ထင်ပါတယ်။ လီဗာပူးက ဖိအားပေးမှု မြင့်မြင့်မားမားနဲ့အတူ တိုက်စစ်ကစားတဲ့ အသင်းဖြစ်ပါတယ်။ တစ်ခါတလေ ခံစစ်မှာ နေရာလွတ်တွေ ပေါ်လာလေ့ရှိတယ် ဒါကြောင့် လီဗာပူး ခံစစ်သမားတွေက မြန်ဆန်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျနော်က လီဗာပူးနည်းလမ်းနဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ်။

လီဗာပူးရဲ့ ကစားဟန်မှာ ကစားကွက် တည်ဆောက်ဖို့ လိုပါတယ်။ အဲ့လိုအတွက်လည်း အကောင်းဆုံး ကစားနိုင်တဲ့ ခြေထောက်တွေ ရှိဖို့လည်း လိုပါတယ်။ ကျနော်က လီဗာပူးရဲ့ ကစားဟန်မှာ အံဝင်ပါလိမ့်မယ်။

အင်္ဂလန် ပရီးမီးယားလိဂ်က အမြင့်ဆုံးတွေဖြင့် ဘောလုံးကစားပါတယ်။ သိပ်ကောင်းပြီး သိပ်ခက်ခဲတဲ့ လိဂ်ဖြစ်ပါတယ်။ ကမ္ဘာအခက်ခဲဆုံး လိဂ်လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်က ဘွန်ဒက်လီဂါပွဲတွေ အများကြီး ကစားခဲ့ပြီး ဘွန်ဒက်လီဂါကလည်း အဆင့်အတန်း မြင့်မားတဲ့ ဘောလုံးကို ကစားပါတယ်။ ဒါကြောင့် သိပ်ကောင်းတဲ့ စိန်ခေါ်မှုတွေအတွက် ကျနော်ကတော့ အဆင်သင့် ဖြစ်နေပါပြီ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ ခါဘတ်ဟာ ခံစစ်မှူး ဗန်ဒိုက်ထံက သင်ယူမှုတွေ လုပ်ရမှာပါ။ ကမ္ဘာအကောင်းဆုံး ခံစစ်မှူး နှစ်ဦးထဲက တစ်ဦးအဖြစ် လူသိများတဲ့ ဗန်ဒိုက်နဲ့ တွဲဘက်ရခြင်းဟာ ခါဘတ်လို လူငယ်ကစားသမားအတွက် သိပ်ကို အကျိုးဖြစ်နိုင်ပါတယ်။

ခါဘတ်က ” ဒီအခြေအနေမှာ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးပါ။ ကုန်ခဲ့တဲ့ ၃ နှစ် ၄ နှစ်မှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မြင်ထားရတယ်။ သူက သန်မာတယ်၊ မြန်ဆန်တယ်၊ ထူးချွန်ပါတယ်။ ဒါကြောင့်လည်း သူ့ကို စံပြအဖြစ် မြင်ပါတယ်။ သူနဲ့ အမြန်ဆုံး တွေ့ဆုံလိုစိတ်လည်း ရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးသစ္ ခါဘတ္ကေတာ့ သူ႔ဟာ ျမန္ဆန္တဲ့ ကစားသမားျဖစ္ျပီး ေဘာလံုးကို ေျခေထာက္ျဖင့္ ကစားႏုိင္သူလည္းျဖစ္လုိ႔ ယာဂင္ကေလာ့ပ္ရဲ႕ ကစားဟန္မွာ အံဝင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ခါဘတ္က ” က်ေနာ္ရဲ႕ ကစားဟန္က လီဗာပူးနဲ႔ အံဝင္မယ္လို႔ ထင္ပါတယ္။ လီဗာပူးက ဖိအားေပးမႈ ျမင့္ျမင့္မားမားနဲ႔အတူ တိုက္စစ္ကစားတဲ့ အသင္းျဖစ္ပါတယ္။ တစ္ခါတေလ ခံစစ္မွာ ေနရာလြတ္ေတြ ေပၚလာေလ့ရွိတယ္ ဒါေၾကာင့္ လီဗာပူး ခံစစ္သမားေတြက ျမန္ဆန္ဖို႔ လိုပါတယ္။ ဒါေၾကာင့္လည္း က်ေနာ္က လီဗာပူးနည္းလမ္းနဲ႔ ကိုက္ညီမယ္လို႔ ထင္ပါတယ္။

လီဗာပူးရဲ႕ ကစားဟန္မွာ ကစားကြက္ တည္ေဆာက္ဖို႔ လိုပါတယ္။ အဲ့လိုအတြက္လည္း အေကာင္းဆံုး ကစားႏုိင္တဲ့ ေျခေထာက္ေတြ ရွိဖို႔လည္း လိုပါတယ္။ က်ေနာ္က လီဗာပူးရဲ႕ ကစားဟန္မွာ အံဝင္ပါလိမ့္မယ္။

အဂၤလန္ ပရီးမီးယားလိဂ္က အျမင့္ဆံုးေတြျဖင့္ ေဘာလံုးကစားပါတယ္။ သိပ္ေကာင္းျပီး သိပ္ခက္ခဲတဲ့ လိဂ္ျဖစ္ပါတယ္။ ကမၻာအခက္ခဲဆံုး လိဂ္လို႔ေတာင္ ေျပာလို႔ရမယ္ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္က ဘြန္ဒက္လီဂါပြဲေတြ အမ်ားၾကီး ကစားခဲ့ျပီး ဘြန္ဒက္လီဂါကလည္း အဆင့္အတန္း ျမင့္မားတဲ့ ေဘာလံုးကို ကစားပါတယ္။ ဒါေၾကာင့္ သိပ္ေကာင္းတဲ့ စိန္ေခၚမႈေတြအတြက္ က်ေနာ္ကေတာ့ အဆင္သင့္ ျဖစ္ေနပါျပီ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အနာဂတ္မွာေတာ့ ခါဘတ္ဟာ ခံစစ္မွဴး ဗန္ဒိုက္ထံက သင္ယူမႈေတြ လုပ္ရမွာပါ။ ကမၻာအေကာင္းဆံုး ခံစစ္မွဴး ႏွစ္ဦးထဲက တစ္ဦးအျဖစ္ လူသိမ်ားတဲ့ ဗန္ဒိုက္နဲ႔ တြဲဘက္ရျခင္းဟာ ခါဘတ္လို လူငယ္ကစားသမားအတြက္ သိပ္ကို အက်ိဳးျဖစ္ႏုိင္ပါတယ္။

ခါဘတ္က ” ဒီအေျခအေနမွာ ဗန္ဒိုက္က ကမၻာအေကာင္းဆံုး ခံစစ္မွဴးပါ။ ကုန္ခဲ့တဲ့ ၃ ႏွစ္ ၄ ႏွစ္မွာ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြ ျမင္ထားရတယ္။ သူက သန္မာတယ္၊ ျမန္ဆန္တယ္၊ ထူးခၽြန္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို စံျပအျဖစ္ ျမင္ပါတယ္။ သူနဲ႔ အျမန္ဆံုး ေတြ႔ဆံုလိုစိတ္လည္း ရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။