လီဗာပူးရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပြိုင်ဘက်ဖြစ်တဲ့ လိုက်ဇစ်ဟာ ပထမအကျော့ပွဲကို ဂျာမနီမှာ ကစားခွင့်မရဖို့ သေချာခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းထောက် James Pearce က ဖော်ပြသွားပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ နှစ်သင်းဟာ ရတ်ဘူးအရီနာမှာ ယှဉ်ပြိုင်ကစားရဖို့ ပွဲစဉ် ရှိခဲ့တာပါ။ ဂျာမာန် အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်ထိ ကိုဗစ်-၁၉ သက်ရောက်မှုရှိတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ထားခြင်းကြောင့် လိုက်ဇစ်က အိမ်ကွင်းမှာ ဧည့်ခံကစားဖို့ အခက်တွေ့လာခဲ့ခြင်း ဖြစ်ပါတယ်။

လောလောဆယ် လိုက်ဇစ်က ယူအီးအက်ဖ်အေဖြင့် ဆွေးနွေးနေပြီး ကြားကွင်းကစားဖို့အတွက် အဖြေရှာနေပါတယ်။ ယူအီးအက်ဖ်အေကလည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်ကော ဂျာမနီအစိုးရနဲ့ပါ အဆိုပါကိစ္စ ဆွေးနွေးနေဆဲဖြစ်တယ်။ လိုအပ်လာမယ်ဆိုရင် ယူအီးအက်ဖ်အေက ပြိုင်ပွဲ စည်းမျဉ်းကို ပြောင်းလဲပေးသွားဖို့ ရှိပါတယ်။

လီဗာပူးဘက်ကလည်း ပထမအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ခွင့်ပြုဖို့ တောင်းဆိုခြင်း မရှိသေးဘူး။ ဒါကြောင့် ပထမအကျော့ဟာ ကြားကွင်းမှာ ကစားဖို့ပဲ ပိုပြီး ဖြစ်လာနိုင်ပါတယ်။ အခြားသော ရွေးချယ်စရာအဖြစ် ရံှူးထွက် နှစ်ကျော့အစား တစ်ကျော့တည်းဖြင့် ယှဉ်ပြိုင်ကစားဖို့ ဖြစ်ပါတယ်။

တူညီတဲ့ အခြေအနေကို အာဆင်နယ်အသင်းလည်း ရင်ဆိုင်နေရပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကစားရမယ့် လစ္စဘွန်းနဲ့ပွဲမှာ ပေါ်တူဂီအစိုးရရဲ့ ကိုဗစ်ဆိုင်ရာ တားမြစ်ချက်ကြောင့် ပေါ်တူဂီပြည်တွင်း ဝင်မရနိုင်ဘူးလို့လည်း ကြားသိရပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ျပိဳင္ဘက္ျဖစ္တဲ့ လိုက္ဇစ္ဟာ ပထမအေက်ာ့ပြဲကို ဂ်ာမနီမွာ ကစားခြင့္မရဖို႔ ေသခ်ာခဲ့ျပီျဖစ္ေၾကာင္း The Athletic သတင္းေထာက္ James Pearce က ေဖာ္ျပသြားပါတယ္။

ေဖေဖာ္ဝါရီ ၁၆ ရက္မွာ ႏွစ္သင္းဟာ ရတ္ဘူးအရီနာမွာ ယွဥ္ျပိဳင္ကစားရဖို႔ ပြဲစဥ္ ရွိခဲ့တာပါ။ ဂ်ာမာန္ အစိုးရက ေဖေဖာ္ဝါရီလ ၁၇ ရက္ထိ ကိုဗစ္-၁၉ သက္ေရာက္မႈရွိတဲ့ ႏုိင္ငံေတြကို ျပည္ဝင္ခြင့္ ပိတ္ထားျခင္းေၾကာင့္ လိုက္ဇစ္က အိမ္ကြင္းမွာ ဧည့္ခံကစားဖို႔ အခက္ေတြ႔လာခဲ့ျခင္း ျဖစ္ပါတယ္။

ေလာေလာဆယ္ လိုက္ဇစ္က ယူအီးအက္ဖ္ေအျဖင့္ ေဆြးေႏြးေနျပီး ၾကားကြင္းကစားဖို႔အတြက္ အေျဖရွာေနပါတယ္။ ယူအီးအက္ဖ္ေအကလည္း ဂ်ာမနီေဘာလံုးအဖြဲ႔ခ်ဳပ္ေကာ ဂ်ာမနီအစိုးရနဲ႔ပါ အဆိုပါကိစၥ ေဆြးေႏြးေနဆဲျဖစ္တယ္။ လိုအပ္လာမယ္ဆိုရင္ ယူအီးအက္ဖ္ေအက ျပိဳင္ပြဲ စည္းမ်ဥ္းကို ေျပာင္းလဲေပးသြားဖို႔ ရွိပါတယ္။

လီဗာပူးဘက္ကလည္း ပထမအေက်ာ့ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ခြင့္ျပဳဖို႔ ေတာင္းဆိုျခင္း မရွိေသးဘူး။ ဒါေၾကာင့္ ပထမအေက်ာ့ဟာ ၾကားကြင္းမွာ ကစားဖို႔ပဲ ပိုျပီး ျဖစ္လာႏုိင္ပါတယ္။ အျခားေသာ ေရြးခ်ယ္စရာအျဖစ္ ရံွဴးထြက္ ႏွစ္ေက်ာ့အစား တစ္ေက်ာ့တည္းျဖင့္ ယွဥ္ျပိဳင္ကစားဖို႔ ျဖစ္ပါတယ္။

တူညီတဲ့ အေျခအေနကို အာဆင္နယ္အသင္းလည္း ရင္ဆိုင္ေနရျပီး ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ ကစားရမယ့္ လစၥဘြန္းနဲ႔ပြဲမွာ ေပၚတူဂီအစိုးရရဲ႕ ကိုဗစ္ဆိုင္ရာ တားျမစ္ခ်က္ေၾကာင့္ ေပၚတူဂီျပည္တြင္း ဝင္မရႏုိင္ဘူးလို႔လည္း ၾကားသိရပါတယ္။