ဗြိတိန်ဂုဏ်သိက္ခာကြီး သတင်းဌာနဖြစ်တဲ့ The Times မှ အားကစားဆိုင်ရာ အကြီးအကဲ ဟင်နရီဝင်တာက လီဗာပူးရဲ့ ရုန်းကန်ရမှုတွေအတွက် အသင်းပိုင်ရှင် ဂျွန်ဟင်နရီကို ဝေဖန်ပြစ်တင်မှုတွေနဲ့တကွ ကလပ်အပေါ် ရင်းနှီးမြုပ်နှံမှု မလုပ်ပေးလိုခြင်းတွေကို ဝေဖန်ရေးသားမှု လုပ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်ဖို့ရာ လီဗာပူးအသင်းက ကစားသမားသစ် အနည်းငယ် ခေါ်ယူဖို့ လိုအပ်ခဲ့တယ်။ နွေမှာ ဘယ်အစွန်၊ ကွင်းလယ်နဲ့ တိုက်စစ်သမားတွေကို တစ်ဦးစီ ရခဲ့ပေမယ့် အလိုအပ်ဆုံးလို့ ပြောနိုင်သေးတဲ့ လိုဗရန်နေရာ အင်အားဖြည့်ဖို့ တိုက်တွန်းမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။
ဒီအားနည်းချက်က လီဗာပူးကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်။ ဇန်နဝါရီလ တစ်လလုံးမှာလည်း ခံစစ်မှူးသစ် ခေါ်ယူဖို့ကို နောက်တွန့်နေခဲ့ပြီး ဈေးကွက် နောက်ဆုံးရက်ရောက်မှ ဈေးပေါပေါဖြင့် ခေါ်ယူလို့ရမယ့် ကစားသမားတွေကို အမြန်ဆုံး ချိတ်ဆက်ပေးခဲ့တာလို့ ၎င်းသတင်းမှာ ဝေဖန်ရေးသားခဲ့တယ်။
Henry Winter က ရေးသားရာမှာ ” ဂျွန်ဟင်နရီအတွက် လီဗာပူးက စိတ်ပြင်းပြမှုတွေနဲ့ ဝါသနာပါရာ မဟုတ်ပါဘူး။ သင်္ချာနည်းအရလည်း ပိုက်ဆံက ပိုအရေးကြီးတဲ့ သဘောပါပဲ။ လီဗာပူးလူစာရင်းအတွက် ရင်းနှီးမြုပ်နှံမှုကြီး လုပ်ပေးဖို့ လိုလာချိန်မှာ ဟင်နရီက ရပ်ထားစေခဲ့တယ်။ နောက်ထပ် လူခေါ်ယူမှု ကိစ္စတွေကို နွေမှပဲ ဆက်လုပ်မယ်ဆိုတဲ့ အပြုအမှုမျိုးနဲ့ပေါ့။
ကလပ်ရဲ့ သမိုင်းကြောင်းကို သိပ်သိပါတယ်လို့ အမြဲတမ်း ဂုဏ်ယူတတ်တဲ့ အသင်းပိုင်ရှင် တစ်ဦးအနေနဲ့ လီဗာပူးရဲ့ အခြေအနေကို သူနားလည်ခဲ့သင့်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ဂျွန်ဟင်နရီက ယာဂင်ကလော့ပ်ကို အားလျော့စေခဲ့တယ်။ သူက ဗဟိုခံစစ်မှူးနေရာအတွက် ချန်ပီယံရှစ်နဲ့ ဘွန်ဒက်လီဂါရဲ့ တန်းဆင်းဇုန်နားက ကလပ်တွေက ကစားသမားတွေကိုပဲ ခေါ်ယူပေးခဲ့တယ်။ FSG ဟာ ကလော့ပ်အတွက် ဈေးပေါတဲ့ ခံစစ်သမားတွေကိုပဲ ရှာပေးခဲ့ပါတယ်။
နွေကတည်းက လီဗာပူးအသင်းဟာ ခေါ်ယူအားဖြည့်မှုကြီးတွေ လုပ်ဖို့ရာ FSG ထံက ထောက်ခံပေးမှုတွေ လိုခဲ့တာပါ၊ အသုံးစရိတ်တွေ ရဖို့အတွက်လည်း လူစာရင်း ရှင်းထုတ်မှုတွေ လုပ်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။
နွေတုန်းက အသုံးစရိတ်အတွက် ဝဲလ်ဆန်၊ ဂရုဂျစ်တို့ကို ရောင်းချလို့ ရခဲ့သလို အိုရီဂီ၊ ရှာကွီရီတို့ကိုလည်း ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်း တာဝန်ရှိသူတွေက ခေါ်ဈေး မြင့်မားခြင်းကြောင့် ကမ်းလှမ်းမှုတွေ နောက်ဆုတ်သွားခဲ့ကြပြီး ဒီနွေမှာတော့ အထက်က ကစားသမား ၄ ဦးကို ရောင်းထုတ်ဖို့ ပြန်ကြိုးစားဖွယ် ရှိပါတယ်။
ZAWGYI
ျဗိတိန္ဂုဏ္သိကၡာၾကီး သတင္းဌာနျဖစ္တဲ့ The Times မွ အားကစားဆိုင္ရာ အၾကီးအကဲ ဟင္နရီဝင္တာက လီဗာပူးရဲ႕ ရုန္းကန္ရမႈေတြအတြက္ အသင္းပိုင္ရွင္ ဂၽြန္ဟင္နရီကို ေဝဖန္ျပစ္တင္မႈေတြနဲ႔တကြ ကလပ္အေပၚ ရင္းႏွီးျမဳပ္ႏွံမႈ မလုပ္ေပးလိုျခင္းေတြကို ေဝဖန္ေရးသားမႈ လုပ္သြားခဲ့ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံကို ကာကြယ္ဖို႔ရာ လီဗာပူးအသင္းက ကစားသမားသစ္ အနည္းငယ္ ေခၚယူဖို႔ လိုအပ္ခဲ့တယ္။ ေႏြမွာ ဘယ္အစြန္၊ ကြင္းလယ္နဲ႔ တိုက္စစ္သမားေတြကို တစ္ဦးစီ ရခဲ့ေပမယ့္ အလိုအပ္ဆံုးလို႔ ေျပာႏိုင္ေသးတဲ့ လိုဗရန္ေနရာ အင္အားျဖည့္ဖို႔ တိုက္တြန္းမႈေတြကို ျငင္းဆန္ခဲ့ပါတယ္။
ဒီအားနည္းခ်က္က လီဗာပူးကို ၾကီးၾကီးမားမား ထိခိုက္ေစခဲ့တယ္။ ဇန္နဝါရီလ တစ္လလံုးမွာလည္း ခံစစ္မွဴးသစ္ ေခၚယူဖို႔ကို ေနာက္တြန္႔ေနခဲ့ျပီး ေစ်းကြက္ ေနာက္ဆံုးရက္ေရာက္မွ ေစ်းေပါေပါျဖင့္ ေခၚယူလို႔ရမယ့္ ကစားသမားေတြကို အျမန္ဆံုး ခ်ိတ္ဆက္ေပးခဲ့တာလို႔ ၄င္းသတင္းမွာ ေဝဖန္ေရးသားခဲ့တယ္။
Henry Winter က ေရးသားရာမွာ ” ဂၽြန္ဟင္နရီအတြက္ လီဗာပူးက စိတ္ျပင္းျပမႈေတြနဲ႔ ဝါသနာပါရာ မဟုတ္ပါဘူး။ သခ်ၤာနည္းအရလည္း ပိုက္ဆံက ပိုအေရးၾကီးတဲ့ သေဘာပါပဲ။ လီဗာပူးလူစာရင္းအတြက္ ရင္းႏွီးျမဳပ္ႏွံမႈၾကီး လုပ္ေပးဖို႔ လိုလာခ်ိန္မွာ ဟင္နရီက ရပ္ထားေစခဲ့တယ္။ ေနာက္ထပ္ လူေခၚယူမႈ ကိစၥေတြကို ေႏြမွပဲ ဆက္လုပ္မယ္ဆိုတဲ့ အျပဳအမႈမ်ိဳးနဲ႔ေပါ့။
ကလပ္ရဲ႕ သမိုင္းေၾကာင္းကို သိပ္သိပါတယ္လို႔ အျမဲတမ္း ဂုဏ္ယူတတ္တဲ့ အသင္းပိုင္ရွင္ တစ္ဦးအေနနဲ႔ လီဗာပူးရဲ႕ အေျခအေနကို သူနားလည္ခဲ့သင့္ပါတယ္။
ပထမဆံုးအၾကိမ္အျဖစ္ ဂၽြန္ဟင္နရီက ယာဂင္ကေလာ့ပ္ကို အားေလ်ာ့ေစခဲ့တယ္။ သူက ဗဟိုခံစစ္မွဴးေနရာအတြက္ ခ်န္ပီယံရွစ္နဲ႔ ဘြန္ဒက္လီဂါရဲ႕ တန္းဆင္းဇုန္နားက ကလပ္ေတြက ကစားသမားေတြကိုပဲ ေခၚယူေပးခဲ့တယ္။ FSG ဟာ ကေလာ့ပ္အတြက္ ေစ်းေပါတဲ့ ခံစစ္သမားေတြကိုပဲ ရွာေပးခဲ့ပါတယ္။
ေႏြကတည္းက လီဗာပူးအသင္းဟာ ေခၚယူအားျဖည့္မႈၾကီးေတြ လုပ္ဖို႔ရာ FSG ထံက ေထာက္ခံေပးမႈေတြ လိုခဲ့တာပါ၊ အသံုးစရိတ္ေတြ ရဖို႔အတြက္လည္း လူစာရင္း ရွင္းထုတ္မႈေတြ လုပ္ဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္ ” လို႔ ျဖစ္ပါတယ္။
ေႏြတုန္းက အသံုးစရိတ္အတြက္ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ကို ေရာင္းခ်လို႔ ရခဲ့သလို အိုရီဂီ၊ ရွာကီြရီတို႔ကိုလည္း ကမ္းလွမ္းမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္း တာဝန္ရွိသူေတြက ေခၚေစ်း ျမင့္မားျခင္းေၾကာင့္ ကမ္းလွမ္းမႈေတြ ေနာက္ဆုတ္သြားခဲ့ၾကျပီး ဒီေႏြမွာေတာ့ အထက္က ကစားသမား ၄ ဦးကို ေရာင္းထုတ္ဖို႔ ျပန္ၾကိဳးစားဖြယ္ ရွိပါတယ္။