လီဗာပူးအသင်းဟာ ဝတ်ဖိုဒ့်အသင်း တိုက်စစ်သမား ဆာကို ခေါ်ယူဖို့ အကုန်လုံးနီးပါး သဘောတူညီမှု ရခဲ့သလို ဆာက လီဗာပူးမှာ အိမ်ရှာပေးဖို့ မာနေးကို အကူအညီတောင်းထားခဲ့ပြီးခါမှ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဓိက တိုက်စစ်သမား သုံးဦးနောက် အရန်အဖြစ် ထားဖို့အတွက် လီဗာပူးက ဂျိုတာ မတိုင်ခင်မှာ ဆာကို အလေးအနက် စဉ်းစားခဲ့ခြင်းဖြစ်တယ်။ ဝတ်ဖိုဒ့်ဘက်ကတော့ ဆာအတွက် အနည်းဆုံး ပေါင် ၃၆ သန်းကနေ သန်း ၄၀ ထိ တောင်းဆိုဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရတယ်။

ဝတ်ဖိုဒ့် အသင်းပိုင်ရှင် Gino Pozzo က အပြောင်းအရွှေ့မှာ ညိနှိုင်းရခက်တဲ့သူ တစ်ဦးဖြစ်ပြီး ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူထားတဲ့ ဆာကို နွေတုန်းက ဈေးချပြီး ရောင်းထုတ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ဝတ်ဖိုဒ့်နဲ့ ဆာကြားမှာ စာချုပ် အားဖြင့်လည်း ၄ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

နွေတုန်းက ပျက်ခဲ့ရတဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပက်သက်လို့ တောင်ပံသမားရဲ့ အေးဂျင့်က ” အားလုံးက ပြီးထားပါပြီ။ လုပ်ခတွေကော၊ စာချုပ် သက်တမ်းတွေကော သဘောတူညီမှု ရထားခဲ့ပြီးပြီ။ ရက်အနည်းငယ်အတွင်း လီဗာပူးနဲ့ သက်တမ်းတိုးဖို့ ကိစ္စအားလုံးကိုလည်း အပြီးသတ်ထားခဲ့ပြီဖြစ်ပါတယ်။

ကျနော်တို့က ဆာဒီယို မာနေးကိုတောင် ဆာအတွက် အိမ်ရှာပေးဖို့ အကူအညီ တောင်းထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကိစ္စအဖြစ် လီဗာပူးက ဆာအတွက် ပေါင် ၃၅ သန်းကို စားပွဲပေါ် တင်ပေးဖို့ မဖြစ်နိုင်ခဲ့ပါဘူး ” လို့ ထုတ်ပြောလာခဲ့တယ်။

လီဗာပူးက ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီတို့ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး သူတို့ကို ရောင်းထုတ်ပြီးရင်တော့ တိုက်စစ်ပိုင်းအတွက် ဆာကို အင်အားဖြည့်ဖို့ ကြံရွယ်ခဲ့တာပါ။ ဒါပေမယ့်လို့ နောက်ပိုင်းမှာတော့ ကနဦး ပြောင်းရွှေ့ကြေး နည်းပါးစွာပဲ ပေးရမယ့် ဂျိုတာဘက်ကို ဦးလှည့်သွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဝတ္ဖိုဒ့္အသင္း တိုက္စစ္သမား ဆာကို ေခၚယူဖို႔ အကုန္လံုးနီးပါး သေဘာတူညီမႈ ရခဲ့သလို ဆာက လီဗာပူးမွာ အိမ္ရွာေပးဖို႔ မာေနးကို အကူအညီေတာင္းထားခဲ့ျပီးခါမွ အေျပာင္းအေရႊ႔ကိစၥ ပ်က္ျပယ္ခဲ့ျခင္း ျဖစ္ပါတယ္။

အဓိက တိုက္စစ္သမား သံုးဦးေနာက္ အရန္အျဖစ္ ထားဖို႔အတြက္ လီဗာပူးက ဂ်ိဳတာ မတိုင္ခင္မွာ ဆာကို အေလးအနက္ စဥ္းစားခဲ့ျခင္းျဖစ္တယ္။ ဝတ္ဖိုဒ့္ဘက္ကေတာ့ ဆာအတြက္ အနည္းဆံုး ေပါင္ ၃၆ သန္းကေန သန္း ၄၀ ထိ ေတာင္းဆိုဖို႔ ျပင္ဆင္ခဲ့တယ္လို႔ သိရတယ္။

ဝတ္ဖိုဒ့္ အသင္းပိုင္ရွင္ Gino Pozzo က အေျပာင္းအေရႊ႔မွာ ညိႏိႈင္းရခက္တဲ့သူ တစ္ဦးျဖစ္ျပီး ကလပ္စံခိ်န္တင္ေၾကး ေပါင္ သန္း ၃၀ ျဖင့္ ေခၚယူထားတဲ့ ဆာကို ေႏြတုန္းက ေစ်းခ်ျပီး ေရာင္းထုတ္ဖို႔ ဆႏၵမရွိခဲ့ဘူး။ ဝတ္ဖိုဒ့္နဲ႔ ဆာၾကားမွာ စာခ်ဳပ္ အားျဖင့္လည္း ၄ ႏွစ္ က်န္ရွိေနေသးတာျဖစ္ပါတယ္။

ေႏြတုန္းက ပ်က္ခဲ့ရတဲ့ အေျပာင္းအေရႊ႔ ကိစၥနဲ႔ ပက္သက္လို႔ ေတာင္ပံသမားရဲ႕ ေအးဂ်င့္က ” အားလံုးက ျပီးထားပါျပီ။ လုပ္ခေတြေကာ၊ စာခ်ဳပ္ သက္တမ္းေတြေကာ သေဘာတူညီမႈ ရထားခ့ဲျပီးျပီ။ ရက္အနည္းငယ္အတြင္း လီဗာပူးနဲ႔ သက္တမ္းတိုးဖို႔ ကိစၥအားလံုးကိုလည္း အျပီးသတ္ထားခဲ့ျပီျဖစ္ပါတယ္။

က်ေနာ္တို႔က ဆာဒီယို မာေနးကိုေတာင္ ဆာအတြက္ အိမ္ရွာေပးဖို႔ အကူအညီ ေတာင္းထားခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး ကိစၥအျဖစ္ လီဗာပူးက ဆာအတြက္ ေပါင္ ၃၅ သန္းကို စားပြဲေပၚ တင္ေပးဖို႔ မျဖစ္ႏုိင္ခဲ့ပါဘူး ” လို႔ ထုတ္ေျပာလာခဲ့တယ္။

လီဗာပူးက ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ရွာကီြရီတို႔ကို ေရာင္းထုတ္ဖို႔ ၾကိဳးစားခဲ့ျပီး သူတို႔ကို ေရာင္းထုတ္ျပီးရင္ေတာ့ တိုက္စစ္ပိုင္းအတြက္ ဆာကို အင္အားျဖည့္ဖို႔ ၾကံရြယ္ခဲ့တာပါ။ ဒါေပမယ့္လို႔ ေနာက္ပိုင္းမွာေတာ့ ကနဦး ေျပာင္းေရႊ႔ေၾကး နည္းပါးစြာပဲ ေပးရမယ့္ ဂ်ိဳတာဘက္ကို ဦးလွည့္သြားခဲ့ျခင္းပဲ ျဖစ္ပါတယ္။