မန်ယူနဲ့ အာဆင်နယ်တို့ ဒီအပြောင်းအရွှေ့မှာ ခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟကတော့ ဘောလုံး ဆွဲပြေးတဲ့ နေရာမှာ သူက ကမ္ဘာပေါ်က ဘယ်ကစားသမားနဲ့မဆို ယှဉ်နိုင်တယ်လို့ ပြောကြားလိုက်တယ်။

မန်ယူ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဇာဟာက မန်ယူအသင်း တာဝန်ရှိသူတွေဟာ သူ့အရည်အချင်းကို မျက်ကွယ်ပြုခဲ့ကြတယ်လို့ အပြစ်တင်ခဲ့ပါတယ်။

” (မန်ယူမှာ) ပွဲ ကစားခွင့်တောင် အလုံအလောက်မရခဲ့ဘဲ ကျွန်တော်ဟာ ရောင်းမှားဝယ်မှား ကစားသမား စာရင်းထဲကို ရောက်သွားတယ်။ အဲဒါက ပိုပြီးနာကျင်စရာကောင်းပါတယ်။ ပွဲမကစားရဘဲနဲ့ ကျွန်တော်က ဘယ်လိုလုပ် ခြေစွမ်းပြ ကစားရမှာလဲ။ ကျွန်တော့်ရဲ့ကစားဟန်က အမ်ဘာပေတို့၊ ဒမ်ဘီလီတို့နဲ့ တစ်ပုံစံထဲပါပဲ။ ကျွန်တော့်ခြေစွမ်းက သူတို့နှစ်ယောက်ကို မီပါတယ်။ ”

” ကျွန်တော့်အတွက် လိုအပ်တာက ပွဲကစားခွင့်ရဖို့ပါပဲ။ အခု ပဲလေ့စ်မှာလိုမျိုးပေါ့။ အခုတော့ ကျွန်တော် ရင့်ကျက်လာပါပြီ၊ ဘယ်လို အခက်အခဲမျိုးကိုမှ မမှုတော့ပါဘူး။ ကျွန်တော့်ကို ဘယ်သူမှ မယုံကြည်တဲ့နေ့ရက်တွေ၊ မျက်နှာငယ်ခဲ့ရတဲ့ နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်း ခဲ့ပြီးပါပြီ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ပါပဲ။ ”

“လူတစ်ယောက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုသာရှိမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ကို ဘယ်လိုအရာမျိုးကမှ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး”လို့ ဇာဟာက ပြောကြားခဲ့ပါတယ်။

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ယခု အပြောင်းအရွှေ့မြှ မန်ယူအသင်းကလည်း ပြန်ခေါ်ချင်နေသလို အာဆင်နယ်ကလည်း အလိုရှိနေပါတယ်။ ပဲလေ့စ်ကတော့ သူတို့ အဓိက ကစားသမားကို ပေါင် သန်း ၁၀၀ ရမှ ရောင်းမယ်လို့ ဈေးခေါ်ထားပြီး ညှိနှိုင်းနိုင်ပါက သန်း ၈၀ လောက်နဲ့ အရောင်းအ၀ယ် ဖြစ်နိုင်ပါတယ်။