ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရလဒ်တွေဆိုးနေတဲ့ လီဗာပူးက ဒီအပတ်မှာတော့ အဝေးကွင်းပွဲအဖြစ် လက်စတာအသင်းကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လက်စတာနဲ့ပွဲမှာတော့ ဗဟိုခံစစ်မှူး ခါဘတ်ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးပွဲအဖြစ် ပွဲထွက်လာတာကို မြင်ရမယ်လို့ ယုံကြည်ရပါတယ်။ အယ်လီဆန်၊ ထရန့်၊ ရော်ဘတ်ဆန်နဲ့ ဟန်ဒါဆန်တို့ကို ခံစစ်အတွက် ထုတ်သုံးမှာဖြစ်ပေမယ့် ဖာဘင်ညိုကတော့ အသေးစား ကြွက်သားဒဏ်ရာကြောင့် ပါမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခါဘတ်ကို ပွဲထုတ်လာမယ်လို့ မျှော်လင့်ရတယ်။

တစ်ခု စိတ်ဝင်စားစရာက ခါဘတ်ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ချိန် အများအပြားမှာ မပါဝင်ရသေးပါဘူး။ ဒါကြောင့် သူ့ကို ပရီးမီးယားလိဂ်မှာ ထုတ်မသုံးဘဲ ချန်ပီယံလိဂ်ပွဲအဖြစ် လိုက်ဇစ်ကို ယှဉ်ပြိုင်ရမယ့်ပွဲမှာ စတင်သုံးတာလည်း ဖြစ်လာနိုင်တယ်။ ခါဘတ်ဟာ ဘွန်ဒက်လီဂါ ကစားသမားအဖြစ် လိုက်ဇစ်နဲ့ မကြာခဏ ထိပ်တိုက်တွေ့ဖူးသူဖြစ်ပါတယ်။

ခါဘတ်ကို မသုံးဘူးဆိုရင်တော့ ဗဟိုခံစစ် တစ်နေရာအတွက် နက်ဖီးလစ် (သို့) ဘမ်ဒေးဗစ် တစ်ဦးဦးကို ထုတ်သုံးသွားဖို့ ရှိနေတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ချေ နည်းပါးပါတယ်။

ကွင်းလယ်မှာတော့ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်တို့ကို လူငယ် ကစားသမား ကာတစ်ဂျုံးနဲ့ တွဲဘက်ပေးဖွယ်ရှိတယ်။ ကာတစ်ဂျုံးဟာ မန်စီးတီးနဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာ မီလ်နာနဲ့ လူစားလဲခြင်း ခံခဲ့ရသူဖြစ်တယ်။

ရှာကွီရီ၊ ချိန်ဘာလိန်တို့ ပါဝင်နိုင်မလား မျှော်လင့်မှုတွေ ရှိနေပေမယ့် ပွဲထွက်စာရင်းကနေ ပါလာခဲ့ရင် သူတို့ နှစ်ဦးက မကြာခဏ ဒဏ်ရာရလွယ်တာကြောင့် အခြားသော ဒဏ်ရာရ ကစားသမားတွေ ပြန်ကစားလာနိုင်တဲ့ အချိန်ထိ စောင့်ပြီးပဲ သူတို့တွေကို တွဲခေါ်လာမယ်လို့ပဲ ယုံကြည်ရတယ်။

တိုက်စစ်အတွက်ကတော့ မပြောင်းလဲဘဲ ဖာမင်နို၊ မာနေး၊ ဆာလက်တို့ဖြင့် ပွဲထွက်လာမှာဖြစ်ကာ အရန်ခုံမှာတော့ ကလယ်ဟာ၊ ကိုစတက်၊ ဘမ်ဒေးဗစ်၊ ရှာကွီရီ၊ အိုရီဂီ၊ မီလ်နာ၊ ချိန်ဘာလိန်တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

Alisson; Alexander-Arnold, Kabak, Henderson, Robertson; Wijnaldum, Thiago, Jones; Salah, Mane, Firmino

ZAWGYI

ပရီးမီးယားလိဂ္မွာ အိမ္ကြင္း ရလဒ္ေတြဆိုးေနတဲ့ လီဗာပူးက ဒီအပတ္မွာေတာ့ အေဝးကြင္းပြဲအျဖစ္ လက္စတာအသင္းကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လက္စတာနဲ႔ပြဲမွာေတာ့ ဗဟိုခံစစ္မွဴး ခါဘတ္ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုးပဲြအျဖစ္ ပြဲထြက္လာတာကို ျမင္ရမယ္လို႔ ယံုၾကည္ရပါတယ္။ အယ္လီဆန္၊ ထရန္႔၊ ေရာ္ဘတ္ဆန္နဲ႔ ဟန္ဒါဆန္တို႔ကို ခံစစ္အတြက္ ထုတ္သံုးမွာျဖစ္ေပမယ့္ ဖာဘင္ညိဳကေတာ့ အေသးစား ၾကြက္သားဒဏ္ရာေၾကာင့္ ပါမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခါဘတ္ကို ပြဲထုတ္လာမယ္လို႔ ေမွ်ာ္လင့္ရတယ္။

တစ္ခု စိတ္ဝင္စားစရာက ခါဘတ္ဟာ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ခ်ိန္ အမ်ားအျပားမွာ မပါဝင္ရေသးပါဘူး။ ဒါေၾကာင့္ သူ႔ကို ပရီးမီးယားလိဂ္မွာ ထုတ္မသံုးဘဲ ခ်န္ပီယံလိဂ္ပြဲအျဖစ္ လိုက္ဇစ္ကို ယွဥ္ျပိဳင္ရမယ့္ပြဲမွာ စတင္သံုးတာလည္း ျဖစ္လာႏုိင္တယ္။ ခါဘတ္ဟာ ဘြန္ဒက္လီဂါ ကစားသမားအျဖစ္ လိုက္ဇစ္နဲ႔ မၾကာခဏ ထိပ္တိုက္ေတြ႔ဖူးသူျဖစ္ပါတယ္။

ခါဘတ္ကို မသံုးဘူးဆိုရင္ေတာ့ ဗဟိုခံစစ္ တစ္ေနရာအတြက္ နက္ဖီးလစ္ (သို႔) ဘမ္ေဒးဗစ္ တစ္ဦးဦးကို ထုတ္သံုးသြားဖို႔ ရွိေနတယ္။ ဒါေပမယ့္လည္း ျဖစ္ႏုိင္ေခ် နည္းပါးပါတယ္။

ကြင္းလယ္မွာေတာ့ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္တို႔ကို လူငယ္ ကစားသမား ကာတစ္ဂ်ံဳးနဲ႔ တြဲဘက္ေပးဖြယ္ရွိတယ္။ ကာတစ္ဂ်ံဳးဟာ မန္စီးတီးနဲ႔ပြဲမွာလည္း ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ျပီး ဒုတိယပိုင္းမွာ မီလ္နာနဲ႔ လူစားလဲျခင္း ခံခဲ့ရသူျဖစ္တယ္။

ရွာကီြရီ၊ ခ်ိန္ဘာလိန္တို႔ ပါဝင္ႏုိင္မလား ေမွ်ာ္လင့္မႈေတြ ရွိေနေပမယ့္ ပြဲထြက္စာရင္းကေန ပါလာခဲ့ရင္ သူတို႔ ႏွစ္ဦးက မၾကာခဏ ဒဏ္ရာရလြယ္တာေၾကာင့္ အျခားေသာ ဒဏ္ရာရ ကစားသမားေတြ ျပန္ကစားလာႏုိင္တဲ့ အခ်ိန္ထိ ေစာင့္ျပီးပဲ သူတို႔ေတြကို တြဲေခၚလာမယ္လို႔ပဲ ယံုၾကည္ရတယ္။

တိုက္စစ္အတြက္ကေတာ့ မေျပာင္းလဲဘဲ ဖာမင္ႏို၊ မာေနး၊ ဆာလက္တို႔ျဖင့္ ပြဲထြက္လာမွာျဖစ္ကာ အရန္ခံုမွာေတာ့ ကလယ္ဟာ၊ ကိုစတက္၊ ဘမ္ေဒးဗစ္၊ ရွာကီြရီ၊ အိုရီဂီ၊ မီလ္နာ၊ ခ်ိန္ဘာလိန္တို႔ကို ျမင္ေတြ႔ရဖို႔ ရွိေနပါတယ္။

Alisson; Alexander-Arnold, Kabak, Henderson, Robertson; Wijnaldum, Thiago, Jones; Salah, Mane, Firmino