ဖူလ်ဟမ်မန်နေဂျာ စကော့ပါကာက သူ့အသင်း ကစားသမားဟောင်းဖြစ်သူ အီးလီးယော့ကို လီဗာပူးက ပေါင် ၄ သန်းနဲ့တင် ခေါ်ယူသွားတာအတွက် စိတ်ပျက် ဒေါသထွက်နေပါတယ်။

လီဗာပူးဟာ အီးလီးယော့အတွက် ပေါင် ၁.၇ သန်းကိုပဲ ကနဦး ပေးရမှာပါ။ လီဗာပူးအတွက် ပွဲပေါင်း ၁၀၀ ကစားပေးနိုင်ပြီး အင်္ဂလန်အသင်းအတွက် ပွဲထွက်ပေးနိုင်မှပဲ ကျန် ပြောင်းရွှေ့ကြေးတွေကို ပေးရမှာဖြစ်တယ်။ ပါကားက သူတို့ မြေတောင်မြှောက်ပေးလိုက်တဲ့ ထူးချွန်လူငယ်ကို လီဗာပူးက ဈေးပေါပေါနဲ့ အရခေါ်ယူသွားတာအတွက် ခံစားချက် မကောင်းလှပါဘူး။

ပါကာက “ ဒီအပြောင်းအရွှေ့ကြီးကို ကျနော် စိတ်ပျက်မိပါတယ်။ ဒီကစားသမားက ကျနေ်ာတို့ အသင်းမှာ အချိန် အကြာကြီး အကြာကြီးကို ရှိနေခဲ့ပြီး တိုးတက်လာခဲ့သူပါ။ သူ့ရဲ့ ပွဲထွက်မှုကိုလည်း ကျနေ်ာတို့ ပေးခဲ့တာဖြစ်ပါတယ်။

ကစားသမားတွေကို ပေါင် သန်း ၂၀-၃၀ လောက်ပေးပြီး ကျနေ်ာတို့ ခေါ်ယူနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ အကယ်ဒမီ ကစားသမားတွေက ကျနေ်ာတို့အတွက် အရေးကြီးတာဖြစ်ပါတယ်။ ဒီကစားသမားတွေ တိုးတက်လာတာကို မြင်လိုပါတယ်။ ဒါပေမယ့် ကျနေ်ာတို့က ကစားသမားကို တိုးတက်လာအောင် လုပ်ပေးအပြီးမှာ လီဗာပူးက သူ့ကို ခေါ်ယူသွားတယ်။

ကျနေ်ာတို့ တိုးတက်လာအောင် လုပ်ပေးလိုက်တဲ့ သူ့လို ကစားသမားတစ်ယောက်အတွက် ၄ သန်းပဲ ရခဲ့ပါတယ်။ သူ့လို ကစားသမားကို လက်လွတ်ရတာက တကယ်ကို စိတ်တိုစရာပါ။ ဟာဗေး အီးလီးယော့က သိပ်ကို အလားအလာရှိသူဖြစ်တယ်။ ဒါပေမယ့် လီဗာပူးက အသက်သာဆုံးဈေးနဲ့ ခေါ်ယူသွားနိုင်ခဲ့တယ်။

လီဗာပူးအတွက်တော့ သိပ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်သွားတာ သေချာပါတယ်။ ဖူလ်ဟမ်ဘက်က ပြောင်းရွှေ့ကြေးကို နောက်ဆုံးရတာထက် ၂ ဆလောက် ရဖို့တော့ မျှော်လင့်ခဲ့တာပါ။ ဒီရာသီအကုန်မှာ အီးလီးယော့က အန်ဖီးကို ချန်ပီယံရှစ်မှာ ရလာတဲ့ အတွေ့အကြုံတွေနဲ့ ပြန်သွားပါလိမ့်မယ်။ ဖူလ်ဟမ်ရဲ့ ဆုံးရံှူးမှုက လီဗာပူးအတွက်တော့ သိပ်ကောင်းတဲ့ အင်အားဖြည့်မှုဖြစ်ခဲ့ပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဖူလ္ဟမ္မန္ေနဂ်ာ စေကာ့ပါကာက သူ႔အသင္း ကစားသမားေဟာင္းျဖစ္သူ အီးလီးေယာ့ကို လီဗာပူးက ေပါင္ ၄ သန္းနဲ႔တင္ ေခၚယူသြားတာအတြက္ စိတ္ပ်က္ ေဒါသထြက္ေနပါတယ္။

လီဗာပူးဟာ အီးလီးေယာ့အတြက္ ေပါင္ ၁.၇ သန္းကိုပဲ ကနဦး ေပးရမွာပါ။ လီဗာပူးအတြက္ ပြဲေပါင္း ၁၀၀ ကစားေပးႏုိင္ျပီး အဂၤလန္အသင္းအတြက္ ပြဲထြက္ေပးႏုိင္မွပဲ က်န္ ေျပာင္းေရႊ႔ေၾကးေတြကို ေပးရမွာျဖစ္တယ္။ ပါကားက သူတို႔ ေျမေတာင္ေျမွာက္ေပးလိုက္တဲ့ ထူးခၽြန္လူငယ္ကို လီဗာပူးက ေစ်းေပါေပါနဲ႔ အရေခၚယူသြားတာအတြက္ ခံစားခ်က္ မေကာင္းလွပါဘူး။

ပါကာက “ ဒီအေျပာင္းအေရႊ႔ၾကီးကို က်ေနာ္ စိတ္ပ်က္မိပါတယ္။ ဒီကစားသမားက က်ေန္ာတို႔ အသင္းမွာ အခ်ိန္ အၾကာၾကီး အၾကာၾကီးကို ရွိေနခဲ့ျပီး တိုးတက္လာခဲ့သူပါ။ သူ႔ရဲ႕ ပြဲထြက္မႈကိုလည္း က်ေန္ာတို႔ ေပးခဲ့တာျဖစ္ပါတယ္။

ကစားသမားေတြကို ေပါင္ သန္း ၂၀-၃၀ ေလာက္ေပးျပီး က်ေန္ာတို႔ ေခၚယူႏုိင္ျခင္း မရွိပါဘူး။ ဒါေၾကာင့္ပဲ အကယ္ဒမီ ကစားသမားေတြက က်ေန္ာတို႔အတြက္ အေရးၾကီးတာျဖစ္ပါတယ္။ ဒီကစားသမားေတြ တိုးတက္လာတာကို ျမင္လိုပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔က ကစားသမားကို တိုးတက္လာေအာင္ လုပ္ေပးအျပီးမွာ လီဗာပူးက သူ႔ကို ေခၚယူသြားတယ္။

က်ေန္ာတို႔ တိုးတက္လာေအာင္ လုပ္ေပးလိုက္တဲ့ သူ႔လို ကစားသမားတစ္ေယာက္အတြက္ ၄ သန္းပဲ ရခဲ့ပါတယ္။ သူ႔လို ကစားသမားကို လက္လြတ္ရတာက တကယ္ကို စိတ္တိုစရာပါ။ ဟာေဗး အီးလီးေယာ့က သိပ္ကို အလားအလာရွိသူျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးက အသက္သာဆံုးေစ်းနဲ႔ ေခၚယူသြားႏုိင္ခဲ့တယ္။

လီဗာပူးအတြက္ေတာ့ သိပ္ေကာင္းတဲ့ ေခၚယူမႈျဖစ္သြားတာ ေသခ်ာပါတယ္။ ဖူလ္ဟမ္ဘက္က ေျပာင္းေရႊ႔ေၾကးကို ေနာက္ဆံုးရတာထက္ ၂ ဆေလာက္ ရဖို႔ေတာ့ ေမွ်ာ္လင့္ခဲ့တာပါ။ ဒီရာသီအကုန္မွာ အီးလီးေယာ့က အန္ဖီးကို ခ်န္ပီယံရွစ္မွာ ရလာတဲ့ အေတြ႔အၾကံဳေတြနဲ႔ ျပန္သြားပါလိမ့္မယ္။ ဖူလ္ဟမ္ရဲ႕ ဆံုးရံွဴးမႈက လီဗာပူးအတြက္ေတာ့ သိပ္ေကာင္းတဲ့ အင္အားျဖည့္မႈျဖစ္ခဲ့ပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။