ပုံစံကောင်းတွေ ၂ ပွဲဆက် ပြန်ပြလာခဲ့အပြီးမှ ၂ ပွဲဆက်တိုက် ပြန်အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ဒီအပတ်မှာတော့ အမှတ်ပေးဇယား အပေါ်မှာ ရှိနေတဲ့ လက်စတာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီအခြေအနေမှာတော့ လီဗာပူးအသင်းဟာ ထိပ်ဆုံးကို ရောက်နိုင်သလောက် ပြန်တက်နိုင်အောင် အာရုံစိုက်ရမှာပါ။ ဒီလို အနေအထားမှာ အဆင့် ၃ နေရာက လက်စတာကို အနိုင်ယူပြီး အဆင့် တစ်ဆင့် ပြန်တက်ဖို့ထက် ပိုကောင်းတာမျိုး မရှိနိုင်ဘူးလို့ ဆိုရမှာဖြစ်တယ်။

စနေအစောပိုင်းပွဲဖြစ်တဲ့ လက်စတာနဲ့ လီဗာပူးပွဲကို အိုဝင်က ” လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အိမ်ကွင်းမှာ မန်စီးတီးကို ရလဒ်ကြီးတစ်ခုနဲ့ အရေးနိမ့်မှုကို အသင်းသားတွေ ခပ်မြန်မြန် ပြန်တုန့်ပြန်တာကို လိုချင်ပါလိမ့်မယ်။ လီဗာပူးက ပုံစံကောင်းတွေ အနည်းငယ် ပျောက်ဆုံးနေတဲ့ လက်စတာကို ယှဉ်ပြိုင်ရမှာပါ။

ဗာဒီမရှိတဲ့ လက်စတာက သွင်းဂိုးတွေ ခြောက်သွေ့သွားတာဟာဆိုရင် တိုက်ဆိုင်မှုတစ်ခု မဟုတ်လှပါဘူး။ စာရွက်ပေါ်က အနေအထားဆိုရင်တော့ နှစ်သင်းလုံးက ကောင်းမွန်တဲ့ တိုက်စစ်တွေကို ပိုင်ဆိုင်ထားတယ်။ နည်းစနစ်ပိုင်းအရတော့ ဒါက ဧည့်သည်အသင်းအတွက် ပိုမို အံဝင်ပါလိမ့်မယ်။

လက်စတာက လီဗာပူးကို သူတို့ရဲ့ ကောင်တာတိုက်စစ်တွေနဲ့ ဧည့်ခံမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် လီဗာပူးကို မိနစ် ၉၀ ရင်ဆိုင်ကစားရမှာကလည်း အတော်လေးကို ခက်ခဲတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လီဗာပူးက တိုက်စစ်ကို ကစားမယ်ဆိုရင် လက်စတာတို့ကို တိုက်စစ်ပြန်ဖွင့်ဖို့ အခွင့်အရေး ရစေပါလိမ့်မယ်။ ဒီပွဲမှာ လီဗာပူးကပဲ မာဆေးဆိုဒ်ကို ရမှတ်တွေ ပြန်သယ်သွားနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့တာဖြစ်တယ်။

လက်စတာအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲမှာတော့ နှစ်သင်းလုံး ဂိုးသွင်းမှာဖြစ်ကာ လီဗာပူးကပဲ ၂-၁ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရသွားမယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပံုစံေကာင္းေတြ ၂ ပြဲဆက္ ျပန္ျပလာခ့ဲအျပီးမွ ၂ ပြဲဆက္တိုက္ ျပန္အေရးနိမ့္ခဲ့တဲ့ လီဗာပူးဟာ ဒီအပတ္မွာေတာ့ အမွတ္ေပးဇယား အေပၚမွာ ရွိေနတဲ့ လက္စတာကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဒီအေျခအေနမွာေတာ့ လီဗာပူးအသင္းဟာ ထိပ္ဆံုးကို ေရာက္ႏိုင္သေလာက္ ျပန္တက္ႏုိင္ေအာင္ အာရံုစိုက္ရမွာပါ။ ဒီလို အေနအထားမွာ အဆင့္ ၃ ေနရာက လက္စတာကို အႏုိင္ယူျပီး အဆင့္ တစ္ဆင့္ ျပန္တက္ဖို႔ထက္ ပိုေကာင္းတာမ်ိဳး မရွိႏုိင္ဘူးလို႔ ဆိုရမွာျဖစ္တယ္။

စေနအေစာပိုင္းပြဲျဖစ္တဲ့ လက္စတာနဲ႔ လီဗာပူးပြဲကို အိုဝင္က ” လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အိမ္ကြင္းမွာ မန္စီးတီးကို ရလဒ္ၾကီးတစ္ခုနဲ႔ အေရးနိမ့္မႈကို အသင္းသားေတြ ခပ္ျမန္ျမန္ ျပန္တုန္႔ျပန္တာကို လိုခ်င္ပါလိမ့္မယ္။ လီဗာပူးက ပံုစံေကာင္းေတြ အနည္းငယ္ ေပ်ာက္ဆံုးေနတဲ့ လက္စတာကို ယွဥ္ျပိဳင္ရမွာပါ။

ဗာဒီမရွိတဲ့ လက္စတာက သြင္းဂိုးေတြ ေျခာက္ေသြ႔သြားတာဟာဆိုရင္ တိုက္ဆိုင္မႈတစ္ခု မဟုတ္လွပါဘူး။ စာရြက္ေပၚက အေနအထားဆိုရင္ေတာ့ ႏွစ္သင္းလံုးက ေကာင္းမြန္တဲ့ တိုက္စစ္ေတြကို ပိုင္ဆိုင္ထားတယ္။ နည္းစနစ္ပိုင္းအရေတာ့ ဒါက ဧည့္သည္အသင္းအတြက္ ပိုမို အံဝင္ပါလိမ့္မယ္။

လက္စတာက လီဗာပူးကို သူတို႔ရဲ႕ ေကာင္တာတိုက္စစ္ေတြနဲ႔ ဧည့္ခံမယ္ဆိုတာ သံသယရွိစရာ မလိုပါဘူး။ ဒါေပမယ့္ လီဗာပူးကို မိနစ္ ၉၀ ရင္ဆိုင္ကစားရမွာကလည္း အေတာ္ေလးကို ခက္ခဲတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

လီဗာပူးက တိုက္စစ္ကို ကစားမယ္ဆိုရင္ လက္စတာတို႔ကို တိုက္စစ္ျပန္ဖြင့္ဖို႔ အခြင့္အေရး ရေစပါလိမ့္မယ္။ ဒီပြဲမွာ လီဗာပူးကပဲ မာေဆးဆိုဒ္ကို ရမွတ္ေတြ ျပန္သယ္သြားႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး သံုးသပ္ခဲ့တာျဖစ္တယ္။

လက္စတာအိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ ပြဲမွာေတာ့ ႏွစ္သင္းလံုး ဂိုးသြင္းမွာျဖစ္ကာ လီဗာပူးကပဲ ၂-၁ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ရသြားမယ္လို႔ အိုဝင္က ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။