လီဗာပူးအသင်းဟာ အဝေးကွင်းမှာ လက်စတာကို ဆာလက်ရဲ့ သွင်းဂိုးဖြင့် ဦးဆောင်ထားခဲ့ပေမယ့် ခြေပဂိုးတွေ ဦးဆောင်ဂိုးတွေကို ဆက်တိုက် ပြန်ခွင့်ပြုရခြင်းကြောင့် ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ပထမပိုင်းမှာ လီဗာပူးက ဦးဆောင်ကစားနိုင်ပြီး ဒုတိယပိုင်းမှာ ဖာမင်နို ဆာလက် တွဲလုံးကနေ ဂိုးရယူခဲ့ကာ ပွဲကို အနိုင်ရဖို့ အခြေအနေ ကောင်းခဲ့တာပါ။ ဒါပေမယ့်လို့ အခိုက်အတန့်ကြီးမှာ VAR ရဲ့ ဆုံးဖြတ်ချက်က လီဗာပူးကို အထိနာစေခဲ့တယ်။
သီယာဂိုရဲ့ ဘောလုံးရှင်းထုတ်မှုကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ် သက်မှတ်ပေးခဲ့ပေမယ့် VAR က ပင်နယ်တီအဖြစ် ယူဆပြီး ပင်နယ်တီဖြစ်ရပ်အဖြစ် စစ်ဆေးခဲ့တယ်။ အဆုံးမှာတော့ ပြစ်ဒဏ်ဘောအဖြစ် ပြန် သက်မှတ်ပေးခဲ့တယ်။ အဆိုပါ ပြစ်ဒဏ်ဘောကို အဆုံးသတ်ရာမှာ လက်စတာက သိသိသာသာ လူကျွံနေခဲ့ပြီး လူကျွံဘောဖြစ်ခဲ့ပေမယ့် VAR က သွင်းဂိုးအဖြစ် ပြောင်းလဲ သက်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ကလော့ပ်က ” ကျနော်တို့ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးဟာ လက်ခံရ သိပ်ခက်လွန်းတဲ့ ဂိုးဖြစ်ခဲ့ပါတယ်။ VAR က ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် ကိစ္စကို ဆုံးဖြတ်လိုက်တာပါ။ ကျနော် အဲ့သွင်းဂိုးကို မြင်ပါတယ်။ သူတို့ရဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း လူကျွံနေခဲ့တာပါ ” လို့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ဖွင့်ဟခဲ့တယ်။
ခြေပဂိုး ပေးလိုက်ရချိန်မှာ လီဗာပူးက တိုက်စစ်ကို ဖွင့်ကစားဖို့ ရွေးချယ်ခဲ့ရာက အသင်းရဲ့ စုစည်းမှု ပြိုကွဲခဲ့တာပါ။ ခံစစ်က ဘောလုံးရှင်းထုတ်မယ့် အနေအထားမှာ ခါဘတ်နဲ့ အယ်လီဆန်တို့ကြား နားလည်မှု လွဲခြင်းကလည်း ဒုတိယသွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။
ကလော့ပ်က ” ဒုတိယဂိုးက နားလည်မှု လွဲတာပါ။ သူတို့ အချင်းချင်း တွဲဘက်ကစားမှုက ၇၅ မိနစ်လောက်ထိတော့ အဆင်ပြေခဲ့ပါတယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ။ ကွင်းထဲမှာ ကျနေ်ာတို့က လွှမ်းမိုးကစားနိုင်တဲ့ အသင်းဖြစ်ခဲ့တယ်။ အခွင့်အရေးတွေလည်း ရခဲ့ပြီး ပေးဂိုး နှစ်ဂိုး ပေးလိုက်ရတယ်။
အဲ့အခိုက်အတန့်မှာ ကျနေ်ာတို့ တိုက်စစ်ကို သိပ်ဖွင့်ခဲ့ပြီး အဲ့တာက အဆင်မပြေခဲ့ပါဘူး။ အယ်လီဆန်က သိပ်ကောင်းတဲ့ ပွဲကို ကစားခဲ့ပြီး သူ ရှေ့ကို ပြေးထွက်လာချိန်မှာ သတိပေး အော်ဟစ်မှုကို မလုပ်မိခဲ့ဘူး။
အလှည့်အပြောင်းဖြစ်ခဲ့တာက ပထမသွင်းဂိုးပါပဲ။ အဲ့ဂိုးကြောင့် ကျနေ်ာတို့ အများကြီး ပြောင်းလဲသွားခဲ့တယ်။ ကျနေ်ာတို့အပေါ် ဝေဖန်ကြပါလိမ့်မယ်။ ကျနေ်ာတို့ ကောင်းကောင်း မတုန့်ပြန်နိုင်ခဲ့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ အေဝးကြင္းမွာ လက္စတာကို ဆာလက္ရဲ႕ သြင္းဂိုးျဖင့္ ဦးေဆာင္ထားခဲ့ေပမယ့္ ေျခပဂိုးေတြ ဦးေဆာင္ဂိုးေတြကို ဆက္တုိက္ ျပန္ခြင့္ျပဳရျခင္းေၾကာင့္ ၃-၁ ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။
ပထမပိုင္းမွာ လီဗာပူးက ဦးေဆာင္ကစားႏိုင္ျပီး ဒုတိယပိုင္းမွာ ဖာမင္ႏို ဆာလက္ တြဲလံုးကေန ဂိုးရယူခဲ့ကာ ပြဲကို အႏုိင္ရဖို႔ အေျခအေန ေကာင္းခဲ့တာပါ။ ဒါေပမယ့္လို႔ အခိုက္အတန္႔ၾကီးမွာ VAR ရဲ႕ ဆံုးျဖတ္ခ်က္က လီဗာပူးကို အထိနာေစခဲ့တယ္။
သီယာဂိုရဲ႕ ေဘာလံုးရွင္းထုတ္မႈကို ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ သက္မွတ္ေပးခဲ့ေပမယ့္ VAR က ပင္နယ္တီအျဖစ္ ယူဆျပီး ပင္နယ္တီျဖစ္ရပ္အျဖစ္ စစ္ေဆးခဲ့တယ္။ အဆံုးမွာေတာ့ ျပစ္ဒဏ္ေဘာအျဖစ္ ျပန္ သက္မွတ္ေပးခဲ့တယ္။ အဆိုပါ ျပစ္ဒဏ္ေဘာကို အဆံုးသတ္ရာမွာ လက္စတာက သိသိသာသာ လူကၽြံေနခဲ့ျပီး လူကၽြံေဘာျဖစ္ခဲ့ေပမယ့္ VAR က သြင္းဂိုးအျဖစ္ ေျပာင္းလဲ သက္မွတ္ေပးခဲ့တာျဖစ္ပါတယ္။
ကေလာ့ပ္က ” က်ေနာ္တို႔ ခြင့္ျပဳလုိက္ရတဲ့ သြင္းဂိုးဟာ လက္ခံရ သိပ္ခက္လြန္းတဲ့ ဂိုးျဖစ္ခဲ့ပါတယ္။ VAR က ပြဲကို အလွည့္အေျပာင္းျဖစ္ေစမယ့္ ကိစၥကို ဆံုးျဖတ္လိုက္တာပါ။ က်ေနာ္ အဲ့သြင္းဂိုးကို ျမင္ပါတယ္။ သူတို႔ရဲ႕ အေျခအေနက ရွင္းရွင္းလင္းလင္း လူကၽြံေနခဲ့တာပါ ” လို႔ အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္ျပီး ဖြင့္ဟခဲ့တယ္။
ေျခပဂိုး ေပးလိုက္ရခ်ိန္မွာ လီဗာပူးက တိုက္စစ္ကို ဖြင့္ကစားဖို႔ ေရြးခ်ယ္ခဲ့ရာက အသင္းရဲ႕ စုစည္းမႈ ျပိဳကြဲခဲ့တာပါ။ ခံစစ္က ေဘာလံုးရွင္းထုတ္မယ့္ အေနအထားမွာ ခါဘတ္နဲ႔ အယ္လီဆန္တို႔ၾကား နားလည္မႈ လြဲျခင္းကလည္း ဒုတိယသြင္းဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။
ကေလာ့ပ္က ” ဒုတိယဂိုးက နားလည္မႈ လြဲတာပါ။ သူတို႔ အခ်င္းခ်င္း တြဲဘက္ကစားမႈက ၇၅ မိနစ္ေလာက္ထိေတာ့ အဆင္ေျပခဲ့ပါတယ္။ ခက္ခဲတဲ့ ပြဲတစ္ပြဲပါပဲ။ ကြင္းထဲမွာ က်ေန္ာတို႔က လႊမ္းမိုးကစားႏုိင္တဲ့ အသင္းျဖစ္ခဲ့တယ္။ အခြင့္အေရးေတြလည္း ရခဲ့ျပီး ေပးဂိုး ႏွစ္ဂိုး ေပးလိုက္ရတယ္။
အဲ့အခိုက္အတန္႔မွာ က်ေန္ာတို႔ တိုက္စစ္ကို သိပ္ဖြင့္ခဲ့ျပီး အဲ့တာက အဆင္မေျပခဲ့ပါဘူး။ အယ္လီဆန္က သိပ္ေကာင္းတဲ့ ပြဲကို ကစားခဲ့ျပီး သူ ေရွ႔ကို ေျပးထြက္လာခ်ိန္မွာ သတိေပး ေအာ္ဟစ္မႈကို မလုပ္မိခဲ့ဘူး။
အလွည့္အေျပာင္းျဖစ္ခဲ့တာက ပထမသြင္းဂိုးပါပဲ။ အဲ့ဂိုးေၾကာင့္ က်ေန္ာတို႔ အမ်ားၾကီး ေျပာင္းလဲသြားခဲ့တယ္။ က်ေန္ာတို႔အေပၚ ေဝဖန္ၾကပါလိမ့္မယ္။ က်ေန္ာတို႔ ေကာင္းေကာင္း မတုန္႔ျပန္ႏုိင္ခဲ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။