လီဗာပူးဂိုးသမား အယ်လီဆန်ဟာ အမှားတွေ သိပ်များနေပေမယ့်လည်း ဒီအမှားတွေကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ထားကြောင့် ပရီးမီးယားလိဂ် ကစားသမားဟောင်း အီရန်ရိုက်က ထုတ်ပြောလာပါတယ်။

အဖျားရောဂါကနေ ပြန်သက်သာလာတဲ့ အယ်လီဆန်ဟာ မန်စီးတီးကို ၄-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ၂ ကြိမ်၊ လက်စတာကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ၁ ကြိမ် အမှားကြီးတွေ ကျူးလွန်ခဲ့တာပါ။ သူ့ရဲ့ အမှားတွေကပဲ လီဗာပူးအသင်း ပွဲကို အရေးနိမ့်မှုတွေမှာ ထင်သာမြင်သာ ရှိနေခဲ့တာဖြစ်တယ်။

လက်စတာကို အရေးနိမ့်အပြီးမှာတော့ အယ်လီဆန်ကို ပွဲထွက်လူစာရင်းကနေ ခေတ္တ ခေါက်ထားသင့်ပြီဆိုတဲ့ မှတ်ချက်တွေ မြင့်တက်လာပေမယ့် အီရန်ရိုက်ကတော့ အဆိုပါ ဝေဖန်ချက်တွေကို လက်မခံခဲ့ပါဘူး။

Premier League Productions အတွက် အီရန်ရိုက်က ပြောရာမှာ ” သူလုပ်ပြခဲ့တဲ့ မယုံနိုင်လောက်တဲ့ ကိစ္စတွေကို ကျနေ်ာတို့ မှတ်မိကြပါတယ်။ ဒီတလောပွဲတွေမှာတော့ သူက အမှားတွေ လုပ်မိနေခဲ့တယ်။ ဂိုးသမားသစ်တစ်ဦးကို ခေါ်ယူတော့မလား (သို့) သူ့ကို လူစာရင်းက ခဏ ချန်ထားမလားဆိုတာကို စပြီး စကားပြောမှုတွေ ထွက်လာနေခဲ့ပါပြီ။

သူက သိပ်ကောင်းခဲ့သူဖြစ်ပြီး အခုလိုမျိုး သူ့ရဲ့ အမှားတွေကို ကျနေ်ာတို့ မြင်ရလေ့ မရှိဘူး။ ဒီတော့ သူအနေနဲ့ တည်ငြိမ်စွာဖြင့် ထူးချွန်လက်စွမ်းတွေကို ပြန်ပြီး ပြသလာမလား (သို့) ဒီလို မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်ပြီး လုပ်ဆောင်နေမလားဆိုတာကို ကျနေ်ာတို့ ကြည့်ရမှာ ဖြစ်ပါတယ်။

အကယ်လို့ ကျနော်တာ မန်နေဂျာဆိုရင် သူနဲ့ ပက်သက်ပြီး ကျနော်ရဲ့ စိုးရိမ်နေမှုတွေအပေါ် ထုတ်ပြောပြီး အဲ့လို အမှားတွေ ထပ်မလုပ်ဖို့ တိုက်တွန်းမှာပါပဲ။ သူက ဒီအခြေအနေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အယ်လီဆန်ဟာ ထူးချွန်တဲ့ ဂိုးသမားကောင်း တစ်ဦး ဖြစ်နေလို့ပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

မနှစ်ကရာသီ လီဗာပူးအတွက် ထူးချွန်လက်စွမ်းတွေ ပြသခဲ့တဲ့ အယ်လီဆန်ဟာ ဒီရာသီမှာ ကြံ့ခိုင်မှုလည်း ရုန်းကန်နေရသူဖြစ်တယ်။ သူ့အနေနဲ့ လက်ကျန် ရာသီဝက်မှာ ကောင်းမွန်တဲ့ ပုံစံတွေ ပြန်လည် ပြသနိုင်ဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ အမွားေတြ သိပ္မ်ားေနေပမယ့္လည္း ဒီအမွားေတြကေန ရုန္းထြက္ႏုိင္မယ္လို႔ ယံုၾကည္ထားေၾကာင့္ ပရီးမီးယားလိဂ္ ကစားသမားေဟာင္း အီရန္ရိုက္က ထုတ္ေျပာလာပါတယ္။

အဖ်ားေရာဂါကေန ျပန္သက္သာလာတဲ့ အယ္လီဆန္ဟာ မန္စီးတီးကို ၄-၁ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာ ၂ ၾကိမ္၊ လက္စတာကို ၃-၁ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာ ၁ ၾကိမ္ အမွားၾကီးေတြ က်ဴးလြန္ခဲ့တာပါ။ သူ႔ရဲ႕ အမွားေတြကပဲ လီဗာပူးအသင္း ပြဲကို အေရးနိမ့္မႈေတြမွာ ထင္သာျမင္သာ ရွိေနခဲ့တာျဖစ္တယ္။

လက္စတာကို အေရးနိမ့္အျပီးမွာေတာ့ အယ္လီဆန္ကို ပြဲထြက္လူစာရင္းကေန ေခတၱ ေခါက္ထားသင့္ျပီဆိုတဲ့ မွတ္ခ်က္ေတြ ျမင့္တက္လာေပမယ့္ အီရန္ရိုက္ကေတာ့ အဆိုပါ ေဝဖန္ခ်က္ေတြကို လက္မခံခဲ့ပါဘူး။

Premier League Productions အတြက္ အီရန္ရိုက္က ေျပာရာမွာ ” သူလုပ္ျပခဲ့တဲ့ မယံုႏုိင္ေလာက္တဲ့ ကိစၥေတြကို က်ေန္ာတို႔ မွတ္မိၾကပါတယ္။ ဒီတေလာပြဲေတြမွာေတာ့ သူက အမွားေတြ လုပ္မိေနခဲ့တယ္။ ဂိုးသမားသစ္တစ္ဦးကို ေခၚယူေတာ့မလား (သို႔) သူ႔ကို လူစာရင္းက ခဏ ခ်န္ထားမလားဆိုတာကို စျပီး စကားေျပာမႈေတြ ထြက္လာေနခဲ့ပါျပီ။

သူက သိပ္ေကာင္းခဲ့သူျဖစ္ျပီး အခုလိုမ်ိဳး သူ႔ရဲ႕ အမွားေတြကို က်ေန္ာတို႔ ျမင္ရေလ့ မရွိဘူး။ ဒီေတာ့ သူအေနနဲ႔ တည္ျငိမ္စြာျဖင့္ ထူးခၽြန္လက္စြမ္းေတြကို ျပန္ျပီး ျပသလာမလား (သို႔) ဒီလို မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြကို ဆက္ျပီး လုပ္ေဆာင္ေနမလားဆိုတာကို က်ေန္ာတို႔ ၾကည့္ရမွာ ျဖစ္ပါတယ္။

အကယ္လို႔ က်ေနာ္တာ မန္ေနဂ်ာဆိုရင္ သူနဲ႔ ပက္သက္ျပီး က်ေနာ္ရဲ႕ စိုးရိမ္ေနမႈေတြအေပၚ ထုတ္ေျပာျပီး အဲ့လို အမွားေတြ ထပ္မလုပ္ဖို႔ တိုက္တြန္းမွာပါပဲ။ သူက ဒီအေျခအေနကို ေက်ာ္ျဖတ္ႏုိင္ပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ အယ္လီဆန္ဟာ ထူးခၽြန္တဲ့ ဂိုးသမားေကာင္း တစ္ဦး ျဖစ္ေနလို႔ပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

မႏွစ္ကရာသီ လီဗာပူးအတြက္ ထူးခၽြန္လက္စြမ္းေတြ ျပသခဲ့တဲ့ အယ္လီဆန္ဟာ ဒီရာသီမွာ ၾကံ႕ခိုင္မႈလည္း ရုန္းကန္ေနရသူျဖစ္တယ္။ သူ႔အေနနဲ႔ လက္က်န္ ရာသီဝက္မွာ ေကာင္းမြန္တဲ့ ပံုစံေတြ ျပန္လည္ ျပသႏုိင္ဖို႔ လိုအပ္ေနမွာ ျဖစ္ပါတယ္။