လီဗာပူး ကစားသမားခေါ်ယူရေးဆိုင်ရာ အဖွဲ့ဟာ ဒီရာသီစမှာ ဖြစ်ခဲ့တဲ့ အမှားတွေ ထပ်မဖြစ်စေဖို့အတွက် ဒီနွေ အစောပိုင်းမှာတင် ကစားသမားသစ်တွေ ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရတယ်။

လာမယ့်နွေအတွက် လီဗာပူးအသင်းက ခံစစ်ကို ဦးစားပေးအဖြစ် ထပ်မံ ခေါ်ယူသွားမှာဖြစ်ပြီး တောင်ပံသမား တစ်ဦးနဲ့ ကင်းလယ်လူတစ်ဦးကိုလည်း ခေါ်ယူသွားဦးမှာပါ။ ဒါ့အပြင် အငှားချထားတဲ့ ကစားသမားတွေနဲ့ စီနီယာအသင်းမှ ကစားသမား အချို့ကိုလည်း ရှင်းထုတ်သွားမယ်လို့ သိထားရပါတယ်။

လီဗာပူးသတင်းထောက်တွေကတော့ ဘရိုက်တန်နဲ့ ဘွန်ဒက်လီဂါမှ ကွင်းလယ်လူ အချို့ကို လီဗာပူးအသင်း တာဝန်ရှိသူတွေ စောင့်ကြည့်နေတယ်လို့ ဆိုတယ်။ ကွင်းလယ်ပိုင်းအတွက် သတင်းထွက်မှု များပေပမယ့် ခံစစ်နဲ့ တိုက်စစ်အတွက်ကတော့ စီးရီးအေကလပ် တိုရီနိုအသင်းမှ ဘရာဇီး ခံစစ်မှူး ဘရီးမား၊ လိဒ်အသင်းမှ ဘရာဇီးတိုက်စစ်သမား ရာဖင်ဟာတို့က ဦးစားပေးဖြစ်ကြောင်း သတင်းကြီးလာနေပါတယ်။

ဗဟိုခံစစ်မှူး ဘရီးမာက အသက် ၂၃ နှစ် အရွယ်ပဲ ရှိသေးသူဖြစ်ပြီး စီးရီးအေမှာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး ဒေါင်ဒေါင်မြည် ခြေစွမ်းကောင်း ပြသထားပါတယ်။ ဒီရာသီမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က ထိပ်တန်းတစ်ဦး ဖြစ်လာနိုင်တဲ့ အနေအထားတွေကို ဆက်လက် ပြသနေပြီး ကာလရှည် အသုံးဝင်နိုင်သူလို့ အသင်းတာဝန်ရှိသူတွေက မြင်လာခဲ့တယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်အားသန် ရာဖင်ဟာကလည်း ဥရောပ ဘောလုံးဇာတ်ခုံပေါ် ရောက်လာတာ မကြာလှသေးပါဘူး။ ပြင်သစ်ကလပ် ရီးနက်စ်မှာ တောက်ပလာခဲ့ပြီး တစ်ရာသီ အကြာမှာပဲ လိဒ်ကို အငြင်းပွားဖွယ် အနေအထားအဖြစ် ပြောင်းလာခဲ့တယ်။ သူ့ရဲ့ လိဒ်အသင်းနဲ့ ပွဲဦးထွက် ရာသီကလည်း သိပ်တော့ မဆိုးလှပါဘူး။

ဒီရာသီမှာ ဒဏ်ရာပြဿနာတွေက အသင်းကို ထိခိုက်မှု ကြီးမားစေခဲ့ခြင်းကြောင့်အပြင် ကစားသမား အများအပြားက အသက် ၃၀ အရွယ်တွေကို ရောက်လာပြီဖြစ်လို့ အသင်းဟာ လူငယ်ပိုင်းတွေကို အဓိက စောင့်ကြည့်နေပြီး နွေအတွက် ခေါ်ယူမှုတွေဟာ အသက် ၂၅ နှစ် မကျော်တဲ့ ကစားသမားတွေ ဖြစ်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ZAWGYI

လီဗာပူး ကစားသမားေခၚယူေရးဆိုင္ရာ အဖြဲ႔ဟာ ဒီရာသီစမွာ ျဖစ္ခ့ဲတဲ့ အမွားေတြ ထပ္မျဖစ္ေစဖို႔အတြက္ ဒီေႏြ အေစာပိုင္းမွာတင္ ကစားသမားသစ္ေတြ ေခၚယူသြားဖြယ္ရွိတယ္လို႔ သိရတယ္။

လာမယ့္ေႏြအတြက္ လီဗာပူးအသင္းက ခံစစ္ကို ဦးစားေပးအျဖစ္ ထပ္မံ ေခၚယူသြားမွာျဖစ္ျပီး ေတာင္ပံသမား တစ္ဦးနဲ႔ ကင္းလယ္လူတစ္ဦးကိုလညး္ ေခၚယူသြားဦးမွာပါ။ ဒါ့အျပင္ အငွားခ်ထားတဲ့ ကစားသမားေတြနဲ႔ စီနီယာအသင္းမွ ကစားသမား အခ်ိဳ႔ကိုလည္း ရွင္းထုတ္သြားမယ္လို႔ သိထားရပါတယ္။

လီဗာပူးသတင္းေထာက္ေတြကေတာ့ ဘရိုက္တန္နဲ႔ ဘြန္ဒက္လီဂါမွ ကြင္းလယ္လူ အခ်ိဳ႔ကို လီဗာပူးအသင္း တာဝန္ရွိသူေတြ ေစာင့္ၾကည့္ေနတယ္လို႔ ဆိုတယ္။ ကြင္းလယ္ပိုင္းအတြက္ သတင္းထြက္မႈ မ်ားေပပမယ့္ ခံစစ္နဲ႔ တိုက္စစ္အတြက္ကေတာ့ စီးရီးေအကလပ္ တိုရီႏိုအသင္းမွ ဘရာဇီး ခံစစ္မွဴး ဘရီးမား၊ လိဒ္အသင္းမွ ဘရာဇီးတိုက္စစ္သမား ရာဖင္ဟာတို႔က ဦးစားေပးျဖစ္ေၾကာင္း သတင္းၾကီးလာေနပါတယ္။

ဗဟိုခံစစ္မွဴး ဘရီးမာက အသက္ ၂၃ နွစ္ အရြယ္ပဲ ရွိေသးသူျဖစ္ျပီး စီးရီးေအမွာ ျပီးခဲ့တဲ့ နွစ္ရာသီလံုး ေဒါင္ေဒါင္ျမည္ ေျခစြမ္းေကာင္း ျပသထားပါတယ္။ ဒီရာသီမွာလည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္က ထိပ္တန္းတစ္ဦး ျဖစ္လာႏိုင္တဲ့ အေနအထားေတြကို ဆက္လက္ ျပသေနျပီး ကာလရွည္ အသံုးဝင္ႏုိင္သူလို႔ အသင္းတာဝန္ရွိသူေတြက ျမင္လာခဲ့တယ္။

အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္အားသန္ ရာဖင္ဟာကလည္း ဥေရာပ ေဘာလံုးဇာတ္ခံုေပၚ ေရာက္လာတာ မၾကာလွေသးပါဘူး။ ျပင္သစ္ကလပ္ ရီးနက္စ္မွာ ေတာက္ပလာခဲ့ျပီး တစ္ရာသီ အၾကာမွာပဲ လိဒ္ကို အျငင္းပြားဖြယ္ အေနအထားအျဖစ္ ေျပာင္းလာခဲ့တယ္။ သူ႔ရဲ႕ လိဒ္အသင္းနဲ႔ ပြဲဦးထြက္ ရာသီကလည္း သိပ္ေတာ့ မဆိုးလွပါဘူး။

ဒီရာသီမွာ ဒဏ္ရာျပႆနာေတြက အသင္းကို ထိခိုက္မႈ ၾကီးမားေစခဲ့ျခင္းေၾကာင့္အျပင္ ကစားသမား အမ်ားအျပားက အသက္ ၃၀ အရြယ္ေတြကို ေရာက္လာျပီျဖစ္လို႔ အသင္းဟာ လူငယ္ပိုင္းေတြကို အဓိက ေစာင့္ၾကည့္ေနျပီး ေႏြအတြက္ ေခၚယူမႈေတြဟာ အသက္ ၂၅ ႏွစ္ မေက်ာ္တဲ့ ကစားသမားေတြ ျဖစ္လာဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။